“Save More, Win More with Flexi Savings” အထူးအစီအစဉ် ဆိုတာဘာလဲ?

Flexi Savings အသုံးပြုသူ Customer များ အတွက် ငွေကျပ် (၃) သိန်းကျပ်အပ်နှံရုံဖြင့် လစဉ် Cash Back ငွေကျပ် (၁၀) သိန်းဆု (၃၀) ဆုနှင့် ငွေကျပ် (၅) သောင်းနှင့် ညီမျှသော Pocket Coins ဆုပေါင်း (၁၀၀) ကို ကံထူးနိုင်မည့် အစီအစဉ်တစ်ခု ဖြစ်ပါသည်။

Flexi Savings အသုံးပြုသူ Customer များ အတွက် ငွေကျပ် (၃) သိန်းကျပ်အပ်နှံရုံဖြင့် လစဉ် Cash Back ငွေကျပ် (၁၀) သိန်းဆု (၃၀) ဆုနှင့် ငွေကျပ် (၅) သောင်းနှင့် ညီမျှသော Pocket Coins ဆုပေါင်း (၁၀၀) ကို ကံထူးနိုင်မည့် အစီအစဉ်တစ်ခု ဖြစ်ပါသည်။ ထို့အပြင် မြန်မာ့နှစ်သစ်ကူး အထူးဆုကြီးနှင့် အခြားဆုလက်ဆောင်များကိုလည်း အစီအစဉ်ကာလအပြီးတွင် ထပ်မံ ကံထူးနိုင်သည့်အစီအစဉ်တစ်ခုဖြစ်ပါသည်။ မြန်မာ့နှစ်သစ်ကူး အထူးဆုကြီးကို (၅) ဆု သတ်မှတ်ထားပြီး ထိုင်းနိုင်ငံ ဘန်ကောက်သို့ ၃ ညအိပ် ၄ ရက် ခရီးစဉ် (၂ဦးစာ)နှင့် ဈေးဝယ်ရန် ထပ်ဆောင်း USD 500 တန် Yoma Bank ဈေးဝယ်ကတ်ကို လက်ဆောင်အဖြစ်ပေးအပ်မည်ဖြစ်ပြီး Memories Group ၏ ငွေကျပ် (၅) သိန်းတန် Gift Card (၂၀) ဆု၊ Pun Hlaing Hospital & Clinic များတွင် ငွေကျပ် (၃) သိန်းတန် ဆေးစစ်ခွင့် (၁၅) ဆုနှင့် Prudential Myanmar ၏ ငွေကျပ် (၈) သိန်းတန် Health Insurance (၅) ဆု စသည့် အခြားဆုလက်ဆောင်များစွာကိုပါ ကံထူးနိုင်မည့် အထူးအစီအစဉ်တစ်ခု ဖြစ်ပါသည်။

Promotion Period: 1st February – 30th April, 2024

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှ ဧပြီလ (၃၀) ရက်နေ့ အထိ (၃) လ တိုင်တိုင် ကျင်းပသွားမည် ဖြစ်ပါသည်။

လစဉ် ဆု ရွေးချယ်ပွဲတွင် ပေးအပ်မည့်ဆုများ

ပေးအပ်မည့် ဆုများမှာ –

ပေးအပ်သော ဆုများရွေးချယ်ပေးမည့် ဆုအရေအတွက်
Cash Back ကျပ် (၁၀) သိန်းဆု၃၀ ဆု
ကျပ် (၅) သောင်းနှင့် ညီမျှသော Pocket Coins၁၀၀ ဆု

မြန်မာ့နှစ်သစ်ကူးအထူးဆုကြီး (Grand Prize) ရွေးချယ်ပွဲတွင် ပေးအပ်မည့်ဆုများ

ပေးအပ်မည့် ဆုများမှာ –

ဆုအမျိုးအစားပေးအပ်သော ဆုများရွေးချယ်ပေးမည့် ဆုအရေအတွက်
ဆုကြီး
(Grand Prize)
ထိုင်းနိုင်ငံ ဘန်ကောက် သို့ ၃ ညအိပ် ၄ ရက် ခရီးစဉ်ကံထူးဆု (၂ဦးစာ) အပြင် ဈေးဝယ်ရန် ထပ်ဆောင်း USD 500 ထည့်သွင်းထားသည့် YOMA Bank ဈေးဝယ်ကတ်၅ ဆု
အခြားဆုလက်ဆောင်များMemories Group ၏ ငွေကျပ် (၅) သိန်းတန် Gift Card၂၀ ဆု
Pun Hlaing Hospital & Clinic များတွင် ငွေကျပ် (၃) သိန်းတန် ဆေးစစ်ခွင့်၁၅ ဆု
Prudential Myanmar ၏ ငွေကျပ် (၈) သိန်းတန် Health Insurance၅ ဆု

“Save More, Win More with Flexi Savings” အစီအစဉ်ကာလ

အစီအစဉ်ကာလအပ်ငွေထားရှိရမည့် ကာလကံထူးရှင်ကြေညာပေးမည့်ကာလဆုရွေးချယ်မှု
ဖေဖော်ဝါရီလ၁ ရက်နေ့ မှ ၂၉ ရက်နေ့မတ်လ ၁ ရက် မှ ၁၀ ရက်အတွင်းလစဉ်ဆု
မတ်လ၁ ရက်နေ့ မှ ၃၁ ရက်နေ့ဧပြီလ ၁ ရက် မှ ၁၀ ရက်အတွင်းလစဉ်ဆု
ဧပြီလ၁ ရက်နေ့ မှ ၃၀ ရက်နေ့မေလ ၁ ရက် မှ ၁၀ ရက်အတွင်းလစဉ်ဆု
မေလဧပြီလ လစဉ်ဆု ပေးအပ်ပြီး ၁ လ အတွင်းဆုကြီးနှင့် အခြားဆုလက်ဆောင်များ

“Save More, Win More with Flexi Savings” အထူးအစီအစဉ်တွင် ပါဝင်နိုင်မည့်ပုံစံ

  • ရိုးမဘဏ်မှ စီစဉ်ပြုလုပ်သည့် “Save More, Win More with Flexi Savings” အထူးအစီအစဉ် သည် Flexi Savings အပ်ငွေစာရင်း ဖြင့် အပ်ငွေအပ်နှံထားသူတိုင်း ပါဝင်ခွင့်ရှိသည့် အစီအစဉ်တစ်ခုဖြစ်ပါသည်။
  • လက်ရှိလက်ကျန်ငွေကျပ် (၃) သိန်းနှင့်အထက် ကျန်ရှိသော Flexi Savings အပ်ငွေစာရင်းများသည်လည်း ဤအစီအစဉ်သတ်မှတ်ချက်အတိုင်း အကျုံးဝင်ပြီး ခံစားခွင့်ရှိပါသည်။
  • Yoma Bank Mobile Banking App ကိုအသုံးပြုပြီး ရိုးမဘဏ် စာရင်းအချင်းချင်း ငွေလွှဲ၍ဖြစ်စေ၊ အခြားဘဏ်များ၏ Mobile Banking App ကိုအသုံးပြုပြီး ရိုးမဘဏ်စာရင်းသို့ ငွေလွှဲ၍ဖြစ်စေ၊ ရိုးမဘဏ် ဘဏ်ခွဲများတွင် မိမိကိုယ်တိုင် ငွေသားလာရောက်အပ်နှံပြီး သတ်မှတ်ထားသည့် Flexi Savings အပ်ငွေစာရင်းသို့ ငွေအပ်နှံ၍ဖြစ်စေ၊ CBM Net အသုံးပြု၍ အခြားမည်သည့် ဘဏ်များမှမဆို ရိုးမဘဏ် Flexi Savings အပ်ငွေစာရင်း သို့ လွှဲ၍ဖြစ်စေ “Save More, Win More with Flexi Savings” အထူးအစီအစဉ်တွင် ပါဝင်နိုင်ပါသည်။
  • ဤအစီအစဉ်တွင်လစဉ်ဆုရွေးချယ်မှု နှင့် အစီအစဉ်ကာလ ပြီးဆုံးချိန်တွင်ပေးအပ်မည့် မြန်မာ့နှစ်သစ်ကူးအထူးဆုကြီး (Grand Prize) နှင့် အခြားဆုလက်ဆောင်များရွေးချယ်ခြင်း ဟူ၍ (၂) မျိုးပေးအပ်သွားမည်ဖြစ်၍ Customer များသည် ဆု အလိုက် သတ်မှတ်ချက်များနှင့် ကိုက်ညီပါက ပါဝင်နိုင်ပါသည်။
  • Flexi Savings အပ်ငွေစာရင်းတွင် လတစ်လ၏ မည်သည့်နေ့တွင်မဆို ငွေစတင်အပ်နှံနိုင်ပြီး ငွေစတင်အပ်နှံသည့်နေ့မှစ၍ (၇) ရက် ဆက်တိုက် ထားရှိသော ကျပ်ငွေ (၃) သိန်း တိုင်းအတွက် ကံစမ်းခွင့်တစ်ကြိမ်ရရှိကာ လစဉ်ဆုများ (Monthly Prizes) ရွေးချယ်မှု အစီအစဥ်တွင်ပါဝင်သွားမည် ဖြစ်သည်။
  • Flexi Savings အပ်ငွေစာရင်းတွင် (၇) ရက် ဆက်တိုက်ထားရှိထားသော အပ်ငွေ မြန်မာကျပ် (၃) သိန်းတိုင်းသည် လက်မှတ် (၁) စောင် နှင့်ညီမျှသော အခွင့်အရေး (၁) ကြိမ် ရရှိမည်ဖြစ်ပြီး အပ်ငွေ တိုးလာသည်နှင့်အမျှ အရွေးချယ်ခံရမည့် အခွင့်အရေး၊ အလားအလာ ရာခိုင်နှုန်း မြင့်တက်လာမည် ဖြစ်ပါသည်။
  • အစီအစဉ်ကာလအတွင်း Flexi Savings အပ်ငွေစာရင်း တစ်ခုတွင် ရရှိခဲ့သော လက်မှတ်အရေအတွက်များ အားလုံးသည် လစဉ်ဆုရွေးချယ်မှု အစီအစဉ်တွင်သာမက အစီအစဉ်ကာလ ပြီးဆုံးချိန်တွင် ပြုလုပ်မည့် မြန်မာ့နှစ်သစ်ကူးအထူးဆုကြီး(Grand Prize) နှင့် အခြားဆုလက်ဆောင်များရွေးချယ်မှု အစီအစဥ်အတွက်ပါ ကံထူးခွင့်ရရှိမည်ဖြစ်ပါသည်။

Flexi Savings ငွေစုဘဏ်အပ်ငွေစာရင်းဖွင့်ရန် လိုအပ်ချက်များ

  • အသက် (၁၈)နှစ် ပြည့်ပြီးသူဖြစ်ရပါမည်။
  • နိုင်ငံသားမှတ်ပုံတင်ကတ်မူရင်း(သို့) နိုင်ငံကူးလက်မှတ်မူရင်း တင်ပြရပါမည်။

“Save More, Win More with Flexi Savings” အထူးအစီအစဉ်
စည်းမျဉ်းစည်းကမ်းများ

  • ရိုးမဘဏ်၏ “Save More, Win More with Flexi Savings” အထူးအစီအစဉ်ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှ ဧပြီလ (၃၀) ရက်နေ့ အထိ (၃) လ တိုင်တိုင် ကျင်းပသွားမည်ဖြစ်သည်။
  • ဤအစီအစဉ်တွင်ပါဝင်နိုင်ရန်အတွက် Customer များအနေဖြင့် ရိုးမဘဏ်၏ Flexi Savings အပ်ငွေစာရင်း ဖွင့်ကာ အပ်ငွေထားရှိရမည်ဖြစ်သည်။
  • ဤအစီအစဉ်တွင် တစ်ဦးချင်းအပ်ငွေစာရင်း (Personal Account) များဖြင့်သာ ပါဝင်နိုင်မည်ဖြစ်ပြီး ကုမ္ပဏီပိုင်အပ်ငွေစာရင်း (Enterprise Account)၊ ပူးတွဲအပ်ငွေစာရင်း (Joint Account)၊ အရွယ်မရောက်သေးသူ သက်ငယ်အပ်ငွေစာရင်း (Minor Account) နှင့် နိုင်ငံခြားသားအပ်ငွေစာရင်း (Foreigner Account) များ ပါဝင်ခွင့်ရှိမည် မဟုတ်ပါ။
  • ဤအစီအစဉ်တွင် လစဉ်ဆုရွေးချယ်မှုနှင့် အစီအစဉ်ကာလပြီးဆုံးချိန်တွင်ပေးအပ်မည့် မြန်မာ့နှစ်သစ်ကူးအထူးဆုကြီး (Grand Prize) နှင့် အခြားဆုလက်ဆောင်များရွေးချယ်မှု ဟူ၍ (၂) မျိုးပေးအပ်သွားမည်ဖြစ်သည်။
  • Flexi Savings အပ်ငွေစာရင်းတွင် လတစ်လ၏ မည်သည့်နေ့တွင်မဆို ငွေစတင်အပ်နှံနိုင်ပြီး ငွေစတင်အပ်နှံသည့်နေ့မှစ၍ (၇) ရက် ဆက်တိုက် ထားရှိသော ကျပ်ငွေ (၃) သိန်း တိုင်းအတွက် ကံစမ်းခွင့်တစ်ကြိမ်ရရှိကာ လစဉ်ဆုများ (Monthly Prizes) ရွေးချယ်မှု အစီအစဥ်တွင်ပါဝင်သွားမည် ဖြစ်သည်။
  • Flexi Savings အပ်ငွေစာရင်းတွင် (၇) ရက် ဆက်တိုက်ထားရှိထားသော အပ်ငွေ မြန်မာကျပ် (၃) သိန်းတိုင်းသည် လက်မှတ် (၁) စောင် နှင့်ညီမျှသော အခွင့်အရေး (၁) ကြိမ် ရရှိမည်ဖြစ်ပြီး အပ်ငွေ တိုးလာသည်နှင့်အမျှ အရွေးချယ်ခံရမည့် အခွင့်အရေး၊ အလားအလာ ရာခိုင်နှုန်း မြင့်တက်လာမည် ဖြစ်ပါသည်။
  • အစီအစဉ်ကာလအတွင်း Flexi Savings အပ်ငွေစာရင်း တစ်ခုတွင် ရရှိခဲ့သော လက်မှတ်အရေအတွက်များ အားလုံးသည် လစဉ်ဆုရွေးချယ်မှု အစီအစဉ်တွင်သာမက အစီအစဉ်ကာလ ပြီးဆုံးချိန်တွင် ပြုလုပ်မည့် မြန်မာ့နှစ်သစ်ကူးအထူးဆုကြီး(Grand Prize) နှင့် အခြားဆုလက်ဆောင်များရွေးချယ်မှု အစီအစဥ်အတွက်ပါ ကံထူးခွင့်ရရှိမည်ဖြစ်ပါသည်။
  • လက်ရှိ လက်ကျန်ငွေကျပ် (၃) သိန်းနှင့်အထက် ကျန်ရှိသော Flexi Savings အပ်ငွေစာရင်းများသည်လည်း ဤအစီအစဉ်သတ်မှတ်ချက်အတိုင်း အကျုံးဝင်ပြီး ခံစားခွင့်ရှိပါသည်။
  • စာရင်းပိုင်ရှင်တစ်ဉီး/ဘဏ်အပ်ငွေစာရင်းတစ်ခု သည် လစဉ် ပေးအပ်သည့် ဆု (၂) မျိုးလုံးကိုလည်း ကံထူးနိုင်သည့် အခွင့်အရေး ရှိပါသည်။ ထို့အပြင် လစဉ်ဆု ( Monthly Prize) တွင် ကံထူးပြီးသူ စာရင်းပိုင်ရှင် တစ်ဉီးသည် အထူးဆုကြီး (Grand Prize) ရွေးချယ်သည့်အခါတွင်လည်း ဘန်ကောက်ခရီးစဉ် အထူးဆုကြီးသာမက အခြား ဆုလက်ဆောင်များကိုလည်း စည်းမျဉ်းသတ်မှတ်ချက်များနှင့် ကိုက်ညီပါက ကံထူးခွင့်ရရှိမည် ဖြစ်ပါသည်။
  • ဆုရွေးချယ်စစ်ဆေးမည့် အဖွဲ့နှင့် သီးခြားရွေးချယ်ထားသော ရိုးမဘဏ်ဝန်ထမ်းများမှလွဲ၍  ကျန်ရိုးမဘဏ် ဝန်ထမ်းများကို ဤအထူးအစီအစဉ်တွင် ပါဝင်ခွင့်ပြုပါသည်။
  • ဤအထူးအစီအစဉ်တွင်ပါဝင်ရန်အတွက် ရိုးမဘဏ်ဝန်ထမ်း တစ်ဦးဦးထံသို့ဆက်သွယ်၍သော်လည်းကောင်း၊ ရိုးမဘဏ်၏ တရားဝင် Facebook စာမျက်နှာနှင့် ဝက်ဘ်ဆိုက်သို့ ဆက်သွယ်၍သော်လည်းကောင်း၊ မိမိ၏ ကိုယ်ရေးအချက်အလက်များနှင့် ဘဏ်စာရင်းအချက်လက်များကို ပေးပို့၍ မေးမြန်းခြင်း (သို့မဟုတ်) အပ်ငွေထည့်သွင်းခြင်းများ လုံးဝမပြုလုပ်ရပါ။
  • ဤအထူးအစီအစဉ်နှင့်ပတ်သက်၍ အငြင်းပွားဖွယ်တစ်စုံတစ်ရာဖြစ်ပေါ်ခဲ့ပါက ရိုးမဘဏ်၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီစစ်ဆေးပြီး ဘဏ်၏ဆုံးဖြတ်ချက်ကိုသာ အတည်ပြုမည် ဖြစ်ပါသည်။