နှစ်သစ်ကူးကာလ ပြည်ပငွေလွှဲ အထူးအစီအစဉ်
အစီအစဥ်ကာလ - ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်နေ့အထိ

နှစ်သစ်ကူးကာလ ပြည်ပငွေလွှဲ အထူးအစီအစဉ်
အစီအစဥ်ကာလ - ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်နေ့အထိ

နှစ်သစ်ကူးကာလ ပြည်ပငွေလွှဲ အထူးအစီအစဉ်
အစီအစဥ်ကာလ - ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်နေ့အထိ
နှစ်သစ်ကူးကာလ ပြည်ပငွေလွှဲ အထူးအစီအစဉ်
အစီအစဥ်ကာလ - ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်နေ့အထိ

နိုင်ငံတကာ ငွေလွှဲဝန်ဆောင်မှုများနှင့် ငွေလွှဲပေးပို့နိုင်မည့် နည်းလမ်းများ
| ငွေလွှဲပေးပို့နိုင်မည့်နည်းလမ်း | နိုင်ငံတကာ ငွေလွှဲဝန်ဆောင်မှုများ | |||
| Western Union (WU) | RIA | MoneyGram (MG) | DEEMONEY (DM) | |
| ရိုးမဘဏ် ဘဏ်ခွဲတွင် ငွေလွှဲထုတ်ယူခြင်း (OTC) | ||||
| ရိုးမဘဏ်အကောင့်တိုက်ရိုက်ဖြင့် ငွေလွှဲလက်ခံခြင်း | ||||
ငွေလွှဲပမာဏအလိုက် ရရှိမည့် ထပ်ဆောင်းအပိုငွေများ
Western Union (WU)* နှင့် RIA ဝန်ဆောင်မှုသုံး၍ ငွေလွှဲမည်ဆိုပါက
| ငွေလွှဲပမာဏ | ပေးအပ်မည့် ထပ်ဆောင်းအပိုငွေပမာဏ | |
| ဘဏ်ခွဲ (OTC) တွင်ထုတ်ပါက | ရိုးမဘဏ်အကောင့်တိုက်ရိုက် | |
| ၁ – ၁,၀၀၀,၀၀၀ ကျပ် | ၃,၀၀၀ ကျပ် | ၅,၀၀၀ ကျပ် |
| ၁,၀၀၀,၀၀၁ – ၅,၀၀၀,၀၀၀ ကျပ် | ၈,၀၀၀ ကျပ် | ၁၅,၀၀၀ ကျပ် |
| ၅,၀၀၀,၀၀၁ ကျပ်နှင့်အထက် | ၁၅,၀၀၀ ကျပ် | ၃၅,၀၀၀ ကျပ် |
MoneyGram (MG) နှင့် DEEMONEY (DM)* ဝန်ဆောင်မှုသုံး၍ ငွေလွှဲမည်ဆိုပါက
| ငွေလွှဲပမာဏ | ပေးအပ်မည့် ထပ်ဆောင်းအပိုငွေပမာဏ | |
| ဘဏ်ခွဲ (OTC) တွင်ထုတ်ပါက | ရိုးမဘဏ်အကောင့်တိုက်ရိုက် | |
| ၁ – ၁,၀၀၀,၀၀၀ ကျပ် | ၂,၀၀၀ ကျပ် | ၅,၀၀၀ ကျပ် |
| ၁,၀၀၀,၀၀၁ – ၅,၀၀၀,၀၀၀ ကျပ် | ၅,၀၀၀ ကျပ် | ၁၀,၀၀၀ ကျပ် |
| ၅,၀၀၀,၀၀၁ ကျပ်နှင့်အထက် | ၁၀,၀၀၀ ကျပ် | ၂၀,၀၀၀ ကျပ် |
* Western Union (WU) နှင့် DEEMONEY (DM) ဝန်ဆောင်မှုအတွက် ဘဏ်ခွဲမှတစ်ဆင့်သာ ဝန်ဆောင်မှု ရယူနိုင်မှာ ဖြစ်ပါသည်။
ငွေလွှဲထုတ်ယူရန် လိုအပ်ချက်များ
ရိုးမဘဏ် ဘဏ်ခွဲတွင် ငွေလွှဲထုတ်ယူမည်ဆိုပါက
• ငွေလွှဲပို့သူအမည်၊
• ငွေလွှဲလက်ခံသူအမည်၊
• ငွေလွှဲလက်ခံသူ၏ မှတ်ပုံတင် (သို့မဟုတ်) နိုင်ငံကူးလက်မှတ်၊
• သက်ဆိုင်ရာ ငွေလွှဲဝန်ဆောင်မှုအလိုက် ငွေလွှဲထိန်းချုပ်နံပါတ် (သို့) MTCN ဂဏန်း၊
• ငွေလွှဲပေးပို့သည့်နိုင်ငံ စသည့် အချက်အလက်များဖြင့် ရိုးမဘဏ် ဘဏ်ခွဲများအားလုံးတွင် ထုတ်ယူနိုင်မည်ဖြစ်ပါသည်။
ရိုးမဘဏ်အကောင့်တိုက်ရိုက်ဖြင့် ငွေလွှဲလက်ခံမည်ဆိုပါက
• ငွေလွှဲပို့သူအမည်၊
• ငွေလွှဲလက်ခံသူအမည်၊
• ငွေလွှဲလက်ခံမည့် အကောင့်နံပါတ် စသည့် အချက်အလက်များဖြင့် ငွေလွှဲလက်ခံနိုင်မည် ဖြစ်ပါသည်။
စည်းမျဉ်းစည်းကမ်းများ
- ဤအစီအစဥ်ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်နေ့ အထိ ပြုလုပ်သွားမည် ဖြစ်ပါသည်။
- ဤအစီအစဉ်တွင် ရိုးမဘဏ်နှင့်ချိတ်ဆက်ထားသည့် ပြည်ပငွေလွှဲဝန်ဆောင်မှုများ – Western Union (WU), RIA, MoneyGram (MG), DEEMONEY (DM) ဖြင့် နိုင်ငံတကာငွေလွှဲထုတ်ယူမှုများအားလုံး အကျုံးဝင်ပြီး ရိုးမဘဏ်မှတဆင့် ငွေလွှဲပေးမှု ပြီးမြောက်တိုင်း ထပ်ဆောင်းအပိုငွေ ရရှိနိုင်မည် ဖြစ်ပါသည်။
- ဤအစီအစဉ်တွင် ရိုးမဘဏ် ဘဏ်ခွဲတွင် ငွေလွှဲထုတ်ယူခြင်း (OTC) နှင့် ရိုးမဘဏ်အကောင့်တိုက်ရိုက်ဖြင့် ငွေလွှဲလက်ခံခြင်း နည်းလမ်း (၂) မျိုး ဖြင့်သာအကျုံးဝင်ပါသည်။
- ဤအစီအစဉ်တွင် အခြားဘဏ်များမှတစ်ဆင့် နိုင်ငံခြားငွေလွှဲဝင်ရောက်ခြင်း (CBM Net – Transfer) များ အကျုံးမဝင်ပါ။
- Western Union (WU) နှင့် DEEMONEY (DM) ဝန်ဆောင်မှုအတွက် ဘဏ်ခွဲမှတစ်ဆင့်သာဝန်ဆောင်မှုရယူနိုင်မှာဖြစ်ပါသည်။
- ရိုးမဘဏ် ဘဏ်ခွဲတွင် ငွေလွှဲထုတ်ယူခြင်း (OTC) အတွက် ထပ်ဆောင်းအပိုငွေ ချက်ချင်းပေးအပ်သွားမည်ဖြစ်ပြီး ရိုးမဘဏ် အကောင့်တိုက်ရိုက်ဖြင့် ငွေလက်ခံခြင်းအတွက် ပြည်ပငွေလွှဲလက်ခံရရှိပြီး ဘဏ်ဖွင့်ရက် (၂) ရက်အတွင်း ငွေလက်ခံထားသည့် အကောင့်သို့ ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။
- ဤအစီအစဥ်တွင် ပေးအပ်မည့် ထပ်ဆောင်းအပိုငွေသည် အစီအစဉ်ကာလအတွင်း ပြီးမြောက်သွားသော ငွေလွှဲ Transaction တစ်ကြောင်းချင်းစီအတွက်သာ တွက်ချက်သွားမည်ဖြစ်ပါသည်။
- ဤအစီအစဉ်အသေးစိတ်ကို စုံစမ်းမေးမြန်းလိုပါက ရိုးမဘဏ်၏ Official Facebook Page Message Box (သို့) Customer Care Center 9662 သို့မဟုတ် 097 9662 9662 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
- ရိုးမဘဏ်သည် ဤအစီအစဉ်နှင့်ပတ်သက်၍ မည်သည့်အချိန်တွင်မဆို အကြောင်းကြားချက်မပြုဘဲ ပြင်ဆင်၊ ရပ်ဆိုင်းခွင့်ရှိသည်။