“ရှယ်စုပွား” အထူးအစီအစဉ်

ထပ်မံဆန်းသစ်ထားသည့် နိုဝင်ဘာလရဲ့ “ရှယ်စုပွား” အစီအစဉ်သည်Flexi Savings အပ်ငွေစာရင်းတွင် ငွေကျပ် (၁၀) သိန်းမှ စတင်အပ်နှံနိုင်ပြီး တိုးမြှင့်ထားသည့်အတိုးနှုန်းအသစ် 10.5% p.a. ခံစားခွင့်အပြင် iphone16 Pro (၃) လုံးကိုပါ ကံထူးပိုင်ဆိုင်နိုင်မည့် အခွင့်အရေးအစီအစဉ်ဖြစ်ပါသည်။

ဒါ့အပြင် Flexi Savings အကောင့်မှာ စုငွေအပ်နှံကြတဲ့ Customer တွေအတွက် နိုဝင်ဘာလရဲ့ “ရှယ်စုပွား” အစီအစဉ်မှာ စိတ်လှုပ်ရှားစရာ အထူးအခွင့်အရေးအနေနဲ့ ငွေကျပ် သိန်း ၂၀၀ နှင့်အထက် လာရောက်အပ်နှံသော ပထမဦးဆုံး အယောက် ၃၀၀ (ပထမအပတ်တွင် ၁၅၀ ဦး + ဒုတိယအပတ်တွင် ၁၅၀ ဦး) အတွက် Cashback ကျပ် ၁ သိန်း လက်ငင်းရရှိနိုင်မဲ့ အထူးအခွင့်အရေးကိုလည်း ပေးအပ်သွားမှာဖြစ်ပါတယ်။

တိုးမြှင့်ထားသည့် အတိုးနှုန်းအသစ်ဖြင့် ရိုးမဘဏ်ရဲ့ 𝗙𝗹𝗲𝘅𝗶 𝗦𝗮𝘃𝗶𝗻𝗴𝘀 နဲ့ဆိုရင် -

  • အတိုးနှုန်းအသစ် 10.5% p.a. ရရှိနိုင်ခြင်း၊
  • ငွေသွင်း ငွေထုတ် လွယ်ကူစွာ ဆောင်ရွက်နိုင်ခြင်း၊
  • အတိုးများကို လစဉ်ထုတ်ယူနိုင်ခြင်းအပြင်
  • Yoma Bank Next Mobile Application ကို အသုံးပြုကာ Online မှတစ်ဆင့် စီမံနိုင်ခြင်း အစရှိတဲ့ အကျိုးကျေးဇူးများစွာ ရှိပါတယ်။

ဒါကြောင့် ရိုးမဘဏ်ရဲ့ 𝗙𝗹𝗲𝘅𝗶 𝗦𝗮𝘃𝗶𝗻𝗴𝘀 အကောင့်ကို ဖွင့်လှစ်ဖို့အတွက်ဆိုရင်တော့ မှတ်ပုံတင်မူရင်းနဲ့တကွ ကနဦးအပ်ငွေ တစ်သောင်းကျပ်နဲ့အတူ နီးစပ်ရာ ရိုးမဘဏ် ဘဏ်ခွဲများတွင် သွားရောက်ဖွင့်လှစ်နိုင်ပါတယ်။

Flexi Savings အကောင့်အကြောင်း အသေးစိတ်သိရှိလိုပါက ဤနေရာတွင် ကြည့်ရှုနိုင်ပါသည်။

လစဉ် ပေးအပ်မည့်ဆုအမျိုးအစားများ

ဆုများရွေးချယ်ပေးအပ်မည့် ဆုအရေအတွက်
iPhone 16 Pro၃ ဆု

“ရှယ်စုပွား” အထူးအစီအစဉ်တွင် ပါဝင်နိုင်မည့်ပုံစံ

  • Flexi Savings အပ်ငွေစာရင်းတွင် လတစ်လ၏ မည်သည့်နေ့တွင်မဆို ငွေကျပ် (၁၀) သိန်းမှ စတင်၍ စိတ်ကြိုက် ငွေစုနိုင်ပြီး အပ်ငွေထားရှိသည့် တစ် ရက်လျှင် လက်မှတ် (၁) စောင်ရရှိပါမည်။
  • အပ်ငွေကျပ် (၁၀) သိန်းကျပ်တိုင်းမှာ လက်မှတ် (၁) စောင်နှင့်ညီမျှသော အခွင့်အရေးတစ်ကြိမ် တိုးပွားလာမည်ဖြစ်ပြီး အပ်နှံသည့် ရက် အရေအတွက်အလိုက်ပါ တွက်ချက်မည်ဖြစ်သောကြောင့် များများစု ရက်များများထားပါက ကံထူးနိုင်မည့် အခွင့်အရေး၊ အလားအလာ ရာခိုင်နှုန်း မြင့်တက်လာမည် ဖြစ်ပါသည်။
  • ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့ မတိုင်မီ Flexi Savings အပ်ငွေစာရင်းတွင် စုငွေအပ်နှံထားပြီး ရှယ်စုပွား အထူးအစီအစဉ် စတင်သည့်ကာလတွင် အနည်းဆုံး လက်ကျန်ငွေကျပ် (၁၀) သိန်းနှင့်အထက် ကို တစ်ရက်ကျန်ရှိပါက ဤအစီအစဉ်သတ်မှတ်ချက်တွင် အကျုံးဝင်ပြီး ပါဝင်သွားနိုင်မည် ဖြစ်ပါသည်။

Flexi Savings ငွေစုဘဏ်အပ်ငွေစာရင်းဖွင့်ရန် လိုအပ်ချက်များ

  • အသက် (၁၈)နှစ် ပြည့်ပြီးသည့် မည်သူမဆို နိုင်ငံသားမှတ်ပုံတင်ကတ်မူရင်း တင်ပြ၍ ရိုးမဘဏ် ဘဏ်ခွဲတိုင်းတွင် အကောင့် ဖွင့်နိုင်ပါသည်။

ကံထူးရှင်များ စာရင်း

“ရှယ်စုပွား” အထူးအစီအစဉ် စည်းမျဉ်းစည်းကမ်းများ

  • ဤအစီအစဉ်မှာ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွက် ထပ်မံဆန်းသစ်ထားသည့် “ရှယ်စုပွား” အထူးအစီအစဉ်ဖြစ်ပါသည်။
  • ဤအစီအစဉ်တွင်ပါဝင်နိုင်ရန်အတွက် Customer များအနေဖြင့် ရိုးမဘဏ်၏ Flexi Savings ငွေစုဘဏ်အပ်ငွေစာရင်းတွင် ငွေအပ်နှံပြီး အပ်ငွေထားရှိရမည်ဖြစ်သည်။
  • ဤအစီအစဉ်တွင် တစ်ဦးချင်းအပ်ငွေစာရင်း (Personal Account) နှင့် ပူးတွဲအပ်ငွေစာရင်း (Joint Account) များဖြင့်သာ ပါဝင်နိုင်မည်ဖြစ်ပြီး ကုမ္ပဏီပိုင်အပ်ငွေစာရင်း (Enterprise Account)၊ အရွယ်မရောက်သေးသူ သက်ငယ်အပ်ငွေစာရင်း (Minor Account) နှင့် နိုင်ငံခြားသားအပ်ငွေစာရင်း (Foreigner Account) များ ပါဝင်ခွင့်ရှိမည် မဟုတ်ပါ။
  • ကံထူးရှင်များစာရင်းကို လဆန်း (၇) ရက်အတွင်း ရိုးမဘဏ်၏ တရားဝင် Facebook စာမျက်နှာနှင့် “ရှယ်စုပွား” အထူးအစီအစဉ် Website စာမျက်နှာတို့တွင် ကြေညာပေးသွားမည်ဖြစ်ပြီး ကြေညာပြီး (၅) ရက်မှ (၁၀) ရက်အတွင်း iPhone 16 pro လက်ခံရယူရန် အသေးစိတ်ကို ရိုးမဘဏ်မှ ဆက်သွယ်အကြောင်းကြားပေးမည်ဖြစ်ပါသည်။
  • Customer တစ်ဉီးသည် လ (၁) လလျှင် ဆုအမျိုးအစား (၁) ခုသာ ခံစားခွင့်ရှိသည်။ (သို့သော် Customer သည် ဘဏ်ခွဲတွင် ငွေကျပ် သိန်းနှစ်ရာကျပ်နှင့်အထက်ကို အသစ်ထပ်မံထည့်သွင်း၍ ပထမဆုံးအယောက် ၃၀၀ (ပထမအပတ် ၁၅၀ ဦး + ဒုတိယအပတ် ၁၅၀ ဦး) တွင်ပါဝင်ပါက ရရှိသည့် Early Bird Cashback (၁) သိန်းကျပ်ကို တစ်ပြိုင်နက်ခံစားခွင့်ရှိသည်။)
  • Early Bird Cashback (၁) သိန်းကျပ်အတွက် အသစ်အပ်နှံထားသော ငွေကျပ်သိန်း ၂၀၀ ကို အနည်းဆုံး ရက် (၃၀) ထားရှိအပ်နှံရမည် ဖြစ်ပါသည်။
  • Flexi Savings အပ်ငွေစာရင်း၏ သတ်မှတ်စံနှုန်း အတိုးနှုန်းအကျိုးခံစားခွင့်များနှင့်အတူ ဤအထူးအစီအစဉ်၏ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ရင်း ပါဝင်နိုင်ပါသည်။
  • Flexi Savings အပ်ငွေစာရင်းတွင် လတစ်လ၏ မည်သည့်နေ့တွင်မဆို ငွေကျပ် (၁၀) သိန်းမှ စတင်၍ စိတ်ကြိုက် ငွေစုနိုင်ပြီး အပ်ငွေထားရှိသည့် (၁) ရက်လျှင် လက်မှတ် (၁) စောင်ရရှိကာ လစဉ်ဆုရွေးချယ်မှုအစီအစဉ်တွင် ပါဝင်သွားမည်ဖြစ်သည်။ အပ်ငွေကျပ် (၁၀) သိန်းတိုင်းမှာ လက်မှတ် (၁) စောင်နှင့်ညီမျှသော အခွင့်အရေးတစ်ကြိမ် တိုးပွားလာမည်ဖြစ်ပြီး အပ်နှံသည့် ရက် အရေအတွက်အလိုက် လက်မှတ်အစောင်အရေများ တိုးပွားလာမည်ဖြစ်ပါသည်။
  • ရိုးမဘဏ်အနေဖြင့် ကံထူးရှင်၏ ယခုကံစမ်းမဲအစီအစဉ်နှင့်သက်ဆိုင်သော မှတ်တမ်းဓါတ်ပုံများအသုံးပြုခြင်းကို ကာယကံရှင်၏ သဘောတူညီချက်ဖြင့်သာ အသုံးပြုသွားမည်ဖြစ်ပါသည်။
  • ကံစမ်းမဲအစီအစဉ်တွင် ပါဝင်လိုခြင်းမရှိပါက ဘဏ်သို့ ကြိုတင်အသိပေးထားရန် လိုအပ်ပါသည်။
  • ရရှိလာသောငွေသားဆုပေါ်တွင် ကျသင့်မည့်အခွန်အခများရှိလာပါက ဘဏ်နှင့်သက်ဆိုင်မှုမရှိစေဘဲ ကံထူးရှင်များ ကိုယ်တိုင်သာ ပေးဆောင်ရမည် ဖြစ်ပါသည်။ ငွေသားဆုနှင့်ပတ်သက်သည့် မလိုလားအပ်သော ကိစ္စရပ်များကို ဘဏ်က တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ပါ။
  • ဆုရွေးချယ်စစ်ဆေးမည့် အဖွဲ့နှင့် သီးခြားရွေးချယ်ထားသော ရိုးမဘဏ်ဝန်ထမ်းများမှလွဲ၍  ကျန်ရိုးမဘဏ် ဝန်ထမ်းများကို ဤအထူးအစီအစဉ်တွင် ပါဝင်ခွင့်ပြုပါသည်။
  • ဤအထူးအစီအစဉ်တွင်ပါဝင်ရန်အတွက် ရိုးမဘဏ်ဝန်ထမ်း တစ်ဦးဦးထံသို့ဆက်သွယ်၍သော်လည်းကောင်း၊ ရိုးမဘဏ်၏ တရားဝင် Facebook စာမျက်နှာနှင့် ဝက်ဘ်ဆိုက်သို့ ဆက်သွယ်၍သော်လည်းကောင်း၊ မိမိ၏ ကိုယ်ရေးအချက်အလက်များနှင့် ဘဏ်စာရင်းအချက်လက်များကို ပေးပို့၍ မေးမြန်းခြင်း (သို့မဟုတ်) အပ်ငွေထည့်သွင်းခြင်းများ လုံးဝမပြုလုပ်ရပါ။
  • ဤအထူးအစီအစဉ်နှင့်ပတ်သက်၍ အငြင်းပွားဖွယ်တစ်စုံတစ်ရာဖြစ်ပေါ်ခဲ့ပါက ရိုးမဘဏ်၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီစစ်ဆေးပြီး ဘဏ်၏ဆုံးဖြတ်ချက်ကိုသာ အတည်ပြုမည် ဖြစ်ပါသည်။