Flexi Savings ရဲ့
“ရှယ်စုပွား” အထူးအစီအစဉ်
ရှယ်စုပွား အထူးအစီအစဉ်သည် Flexi Savings အပ်ငွေစာရင်းတွင် ငွေကျပ် (၁၀) သိန်းမှ စ၍ စိတ်ကြိုက်စုကာ အပ်ငွေအတွက် အတိုးလည်းရ Cashback (၁၀) သိန်း ဆုအပြင် နောက်ဆုံးထွက်ရှိထားသည့် iPhone 16 Pro ပါ ကံထူးရယူပိုင်ဆိုင်နိုင်မည့် အထူးအစီအစဉ်တစ်ခုဖြစ်ပါသည်။
ဒါ့အပြင် Early Bird အထူးခံစားခွင့်အနေဖြင့် ငွေကျပ် ၁၀,၀၀၀,၀၀၀/- (ငွေကျပ် သိန်းတစ်ရာ) နှင့်အထက် ဘဏ်ခွဲတွင် စုငွေ အသစ်ထပ်မံ အပ်နှံသည့် ပထမဉီးဆုံး အယောက် (၁၀၀) အတွက် လက်ငင်း Cashback (၁) သိန်းကျပ် ရရှိမည့် အခွင့်အရေးရှိသည့်အတွက် နီးစပ်ရာ ရိုးမဘဏ် ဘဏ်ခွဲတိုင်းတွင် စုငွေ အမြန်ဆုံးသွားရောက်အပ်နှံပြီး Cashback ထုတ်ယူနိုင်ပါပြီ။
ပရိုမိုးရှင်းကာလ - ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၂) ရက်နေ့မှ စတင်ပါသည်။
Flexi Savings ရဲ့
“ရှယ်စုပွား” အထူးအစီအစဉ်
ရှယ်စုပွား အထူးအစီအစဉ်သည် Flexi Savings အပ်ငွေစာရင်းတွင် ငွေကျပ် (၁၀) သိန်းမှ စ၍ စိတ်ကြိုက်စုကာ အပ်ငွေအတွက် အတိုးလည်းရ Cashback (၁၀) သိန်း ဆုအပြင် နောက်ဆုံးထွက်ရှိထားသည့် iPhone 16 Pro ပါ ကံထူးရယူပိုင်ဆိုင်နိုင်မည့် အထူးအစီအစဉ်တစ်ခုဖြစ်ပါသည်။
ဒါ့အပြင် Early Bird အထူးခံစားခွင့်အနေဖြင့် ငွေကျပ် ၁၀,၀၀၀,၀၀၀/- (ငွေကျပ် သိန်းတစ်ရာ) နှင့်အထက် ဘဏ်ခွဲတွင် စုငွေ အသစ်ထပ်မံ အပ်နှံသည့် ပထမဉီးဆုံး အယောက် (၁၀၀) အတွက် လက်ငင်း Cashback (၁) သိန်းကျပ် ရရှိမည့် အခွင့်အရေးရှိသည့်အတွက် နီးစပ်ရာ ရိုးမဘဏ် ဘဏ်ခွဲတိုင်းတွင် စုငွေ အမြန်ဆုံးသွားရောက်အပ်နှံပြီး Cashback ထုတ်ယူနိုင်ပါပြီ။
ပရိုမိုးရှင်းကာလ - ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၂) ရက်နေ့မှ စတင်ပါသည်။
လစဉ် ပေးအပ်မည့်ဆုအမျိုးအစားများ
ဆုများ | ရွေးချယ်ပေးအပ်မည့် ဆုအရေအတွက် |
---|---|
iPhone 16 Pro | ၃ ဆု |
Cashback (၁၀)သိန်းကျပ် | ၇ ဆု |
“ရှယ်စုပွား” အထူးအစီအစဉ်တွင် ပါဝင်နိုင်မည့်ပုံစံ
- Flexi Savings အပ်ငွေစာရင်းတွင် လတစ်လ၏ မည်သည့်နေ့တွင်မဆို ငွေကျပ် (၁၀) သိန်းမှ စတင်၍ စိတ်ကြိုက် ငွေစုနိုင်ပြီး အပ်ငွေထားရှိသည့် တစ် ရက်လျှင် လက်မှတ် (၁) စောင်ရရှိပါမည်။
- အပ်ငွေကျပ် (၁၀) သိန်းကျပ်တိုင်းမှာ လက်မှတ် (၁) စောင်နှင့်ညီမျှသော အခွင့်အရေးတစ်ကြိမ် တိုးပွားလာမည်ဖြစ်ပြီး အပ်နှံသည့် ရက် အရေအတွက်အလိုက်ပါ တွက်ချက်မည်ဖြစ်သောကြောင့် များများစု ရက်များများထားပါက ကံထူးနိုင်မည့် အခွင့်အရေး၊ အလားအလာ ရာခိုင်နှုန်း မြင့်တက်လာမည် ဖြစ်ပါသည်။
- ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၂) ရက်နေ့မတိုင်မီ Flexi Savings အပ်ငွေစာရင်းတွင် စုငွေအပ်နှံထားပြီး ရှယ်စုပွား အထူးအစီအစဉ် စတင်သည့်ကာလတွင် အနည်းဆုံး လက်ကျန်ငွေကျပ် (၁၀) သိန်းနှင့်အထက် ကို တစ်ရက်ကျန်ရှိပါက ဤအစီအစဉ်သတ်မှတ်ချက်တွင် အကျုံးဝင်ပြီး ပါဝင်သွားနိုင်မည်ဖြစ်ပါသည်။
Flexi Savings ငွေစုဘဏ်အပ်ငွေစာရင်းဖွင့်ရန် လိုအပ်ချက်များ
- အသက် (၁၈)နှစ် ပြည့်ပြီးသည့် မည်သူမဆို နိုင်ငံသားမှတ်ပုံတင်ကတ်မူရင်း တင်ပြ၍ ရိုးမဘဏ် ဘဏ်ခွဲတိုင်းတွင် အကောင့် ဖွင့်နိုင်ပါသည်။
“ရှယ်စုပွား” အထူးအစီအစဉ် စည်းမျဉ်းစည်းကမ်းများ
- ရိုးမဘဏ်၏ “ရှယ်စုပွား” အထူးအစီအစဉ်ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၂) ရက်နေ့မှစတင်၍ ပြုလုပ်ပေးသွားမည် ဖြစ်ပါသည်။
- ဤအစီအစဉ်တွင်ပါဝင်နိုင်ရန်အတွက် Customer များအနေဖြင့် ရိုးမဘဏ်၏ Flexi Savings ငွေစုဘဏ်အပ်ငွေစာရင်းတွင် ငွေအပ်နှံပြီး အပ်ငွေထားရှိရမည်ဖြစ်သည်။
- ဤအစီအစဉ်တွင် တစ်ဦးချင်းအပ်ငွေစာရင်း (Personal Account) နှင့် ပူးတွဲအပ်ငွေစာရင်း (Joint Account) များဖြင့်သာ ပါဝင်နိုင်မည်ဖြစ်ပြီး ကုမ္ပဏီပိုင်အပ်ငွေစာရင်း (Enterprise Account)၊ အရွယ်မရောက်သေးသူ သက်ငယ်အပ်ငွေစာရင်း (Minor Account) နှင့် နိုင်ငံခြားသားအပ်ငွေစာရင်း (Foreigner Account) များ ပါဝင်ခွင့်ရှိမည် မဟုတ်ပါ။
- ကံထူးရှင်များစာရင်းကို လဆန်း (၇) ရက်အတွင်း ရိုးမဘဏ်၏ တရားဝင် Facebook စာမျက်နှာနှင့် “ရှယ်စုပွား” အထူးအစီအစဉ် Website စာမျက်နှာတို့တွင် ကြေညာပေးသွားမည်ဖြစ်ပြီး ကြေညာပြီး (၅) ရက်မှ (၁၀) ရက်အတွင်း iPhone 16 pro လက်ခံရယူရန်နှင့် ကံထူးရှင်များ၏ သက်ဆိုင်ရာ Flexi Savings အကောင့်သို့ ငွေသားဆုငွေ ထည့်သွင်းခြင်းများ ပြုလုပ်စီစဉ်ပေးသွားမည်ဖြစ်ပါသည်။
- Customer တစ်ဉီးသည် လ (၁) လလျှင် ဆုအမျိုးအစား (၁) ခုသာ ခံစားခွင့်ရှိသည်။ (သို့သော် Customer သည် ဘဏ်ခွဲတွင် စုငွေ သိန်းတစ်ရာကျပ်နှင့်အထက်ကို အသစ်ထပ်မံထည့်သွင်း၍ ပထမဆုံးအယောက် (၁၀၀) တွင်ပါဝင်ပါက ရရှိသည့် Early Bird Cashback (၁) သိန်းကျပ်ကို တစ်ပြိုင်နက်ခံစားခွင့်ရှိသည်။)
- Flexi Savings အပ်ငွေစာရင်း၏ သတ်မှတ်စံနှုန်း အတိုးနှုန်းအကျိုးခံစားခွင့်များနှင့်အတူ ဤအထူးအစီအစဉ်၏ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ရင်း ပါဝင်နိုင်ပါသည်။
- Flexi Savings အပ်ငွေစာရင်းတွင် လတစ်လ၏ မည်သည့်နေ့တွင်မဆို ငွေကျပ် (၁၀) သိန်းမှ စတင်၍ စိတ်ကြိုက် ငွေစုနိုင်ပြီး အပ်ငွေထားရှိသည့် (၁) ရက်လျှင် လက်မှတ် (၁) စောင်ရရှိကာ လစဉ်ဆုရွေးချယ်မှုအစီအစဉ်တွင် ပါဝင်သွားမည်ဖြစ်သည်။ အပ်ငွေကျပ် (၁၀) သိန်းတိုင်းမှာ လက်မှတ် (၁) စောင်နှင့်ညီမျှသော အခွင့်အရေးတစ်ကြိမ် တိုးပွားလာမည်ဖြစ်ပြီး အပ်နှံသည့် ရက် အရေအတွက်အလိုက် လက်မှတ်အစောင်အရေများ တိုးပွားလာမည်ဖြစ်ပါသည်။
- ရိုးမဘဏ်အနေဖြင့် ကံထူးရှင်၏ ယခုကံစမ်းမဲအစီအစဉ်နှင့်သက်ဆိုင်သော မှတ်တမ်းဓါတ်ပုံများအသုံးပြုခြင်းကို ကာယကံရှင်၏ သဘောတူညီချက်ဖြင့်သာ အသုံးပြုသွားမည်ဖြစ်ပါသည်။
- ကံစမ်းမဲအစီအစဉ်တွင် ပါဝင်လိုခြင်းမရှိပါက ဘဏ်သို့ ကြိုတင်အသိပေးထားရန် လိုအပ်ပါသည်။
- ရရှိလာသောငွေသားဆုပေါ်တွင် ကျသင့်မည့်အခွန်အခများရှိလာပါက ဘဏ်နှင့်သက်ဆိုင်မှုမရှိစေဘဲ ကံထူးရှင်များ ကိုယ်တိုင်သာ ပေးဆောင်ရမည် ဖြစ်ပါသည်။ ငွေသားဆုနှင့်ပတ်သက်သည့် မလိုလားအပ်သော ကိစ္စရပ်များကို ဘဏ်က တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ပါ။
- ဆုရွေးချယ်စစ်ဆေးမည့် အဖွဲ့နှင့် သီးခြားရွေးချယ်ထားသော ရိုးမဘဏ်ဝန်ထမ်းများမှလွဲ၍ ကျန်ရိုးမဘဏ် ဝန်ထမ်းများကို ဤအထူးအစီအစဉ်တွင် ပါဝင်ခွင့်ပြုပါသည်။
- ဤအထူးအစီအစဉ်တွင်ပါဝင်ရန်အတွက် ရိုးမဘဏ်ဝန်ထမ်း တစ်ဦးဦးထံသို့ဆက်သွယ်၍သော်လည်းကောင်း၊ ရိုးမဘဏ်၏ တရားဝင် Facebook စာမျက်နှာနှင့် ဝက်ဘ်ဆိုက်သို့ ဆက်သွယ်၍သော်လည်းကောင်း၊ မိမိ၏ ကိုယ်ရေးအချက်အလက်များနှင့် ဘဏ်စာရင်းအချက်လက်များကို ပေးပို့၍ မေးမြန်းခြင်း (သို့မဟုတ်) အပ်ငွေထည့်သွင်းခြင်းများ လုံးဝမပြုလုပ်ရပါ။
- ဤအထူးအစီအစဉ်နှင့်ပတ်သက်၍ အငြင်းပွားဖွယ်တစ်စုံတစ်ရာဖြစ်ပေါ်ခဲ့ပါက ရိုးမဘဏ်၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီစစ်ဆေးပြီး ဘဏ်၏ဆုံးဖြတ်ချက်ကိုသာ အတည်ပြုမည် ဖြစ်ပါသည်။