ကျွန်ုပ်တို့အကြောင်း


၁၉၉၃ ခုနှစ်က စတင်တည်ထောင်ခဲ့သည့် ရိုးမဘဏ်သည် မြန်မာနိုင်ငံတွင် အတိုးတက်ဆုံးသော ပြည်တွင်း ပုဂ္ဂလိက ဘဏ်တစ်ခုဖြစ်သည်။ ရိုးမဘဏ်သည်တစ်ဦးချင်း၊ အသေးစားနှင့်အလတ်စားလုပ်ငန်းများနှင့် ပြည်တွင်း ကော်ပို ရိတ်လုပ်ငန်းများအတွက် စီးပွားရေးလုပ်ငန်းများကို ငွေကြေးထောက်ပံ့ပေးရန် ချေးငွေအမျိုးမျိုး၊ စီးပွားရေးဆိုင်ရာ ဝန်ဆောင်မှုများနှင့် အပ်ငွေစာရင်းဝန်ဆောင်မှုများကို ဆောင်ရွက်လျက်ရှိပါသည်။  နှစ်ပေါင်း ၂၅ နှစ်ကျော်ကြာ ကျင့်ဝတ်မှန်ကန်သော ဘဏ်အဖြစ် ရပ်တည်ခဲ့သည့် ရိုးမဘဏ်သည် လူ့စွမ်းအားအရင်းအမြစ်၊ နည်းပညာ၊ ကော်ပိုရိတ် အုပ်ချုပ်ရေး စသည့် အဓိကကျသည့်အခန်းကဏ္ဍများတွင် မဟာဗျူဟာကျသော ရင်းနှီးမြှုပ်နှံမှုများကို တစ်စိုက်မတ်မတ် လုပ်ကိုင်ခဲ့ သည်။ လက်ရှိတွင် ရိုးမဘဏ်သည် တန်ဖိုးအားဖြင့် မြန်မာနိုင်ငံ၏ အကြီးဆုံးဘဏ် (၅)ဘဏ် စာရင်းတွင် ပါဝင်နေပြီး ဝန်ထမ်းပေါင်း ၃,၀၀၀ ကျော်ရှိကာ နိုင်ငံတစ်ဝန်းတွင် ဘဏ်ခွဲပေါင်း ၈၀ ကျော် ဖွင့်လှစ်ထားသည်။ 


ရိုးမဘဏ်သည်  မြန်မာနိုင်ငံရှိ မိသားစုများနှင့် လုပ်ငန်းများ၏လိုအပ်ချက်ကို ငွေကြေးထောက်ပံ့ပေးခြင်းဖြင့် “မြန်မာနိုင်ငံသားများအတွက် ပိုမိုကောင်းမွန်သောနိုင်ငံတစ်ခုထူထောင်ရန်” ဟူသော ရိုးမဘဏ်၏ ရည်မှန်းချက်ကို ဖြည့်ဆည်းနိုင်ရန် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ရိုးမဘဏ်မှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအားလုံးသည် ဘဏ်၏ အမြုတေတန်ဖိုးများဖြစ်သော ဝန်ဆောင်မှုရယူသူ၊ သမာသမတ်ရှိမှု၊ လေးစားမှု၊ ပူးပေါင်းဆောင်ရွက်မှု နှင့် တီထွင်ကြံဆမှုတို့အပေါ် အခြေတည်ပြီးဆောင်ရွက်နေခြင်းဖြစ်သည်။ ရိုးမဘဏ်သည် ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ခိုင်မာသောပူးပေါင်းဆောင်ရွက်မှုများတည်ထောင်ခဲ့ပြီး ဘဏ်၏ဝန်ဆောင်မှု အခန်းကဏ္ဍတွင် မဟာဗျူဟာကျသော အားသာချက်များကို ဖန်တီးပေးလျက်ရှိပါသည်။ ပိုမိုသိရှိလိုပါက  www.yomabank.com တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။


ကျွန်ုပ်တို့၏ ရည်မှန်းချက်

ပြည်သူများအတွက် ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံတော် တည်ဆောက်ရန်

‘ပြည်သူများအတွက် ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံတော် တည်ဆောက်ရာတွင် ပါဝင်ဆောင်ရွက်ရန် ဆိုတဲ့ ဆောင်ပုဒ်ဟာ ကုမ္ပဏီအုပ်စုအတွက် အကြီးမားဆုံး စိန်ခေါ်မှုဖြစ်သလို ကျွန်တော်တို့ ရှေ့လျှောက်လုပ်ဆောင်သမျှ ကိစ္စတိုင်းတွင်လည်း တန်ဖိုးများကို ဖန်တီပေးဖို့ ဖြစ်တယ်။ ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံကို ကျွန်တော့်အနေနှင့် အဓိပ္ပာယ်သတ်မှတ်ရမည် ဆိုလျှင် နိုင်ငံ၏ မနက်ဖန်တိုင်းရှိ ရုပ်ဝတ္ထုအရေအတွက်၊ အရည်အသွေး၊ စိတ်ဓာတ်ရေးရာနှင့် ရုပ်ဝတ္ထုပစ္စည်းဆိုင်ရာ အပိုင်းများကို ယနေ့ထက် ပိုမိုသာလွန်အောင် ကြိုးပမ်းရမှာ ဖြစ်တယ်။ ထိုသို့ ခိုင်မြဲနက်နဲသည့် ဆုံးဖြတ်ချက်၊ ကျွန်တော်တို့၏ ကျွမ်းကျင်မှုနှင့် ပြည်သူတို့၏ ပူးပေါင်းမှုဖြင့် ပြည်သူများအတွက် ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံကို ကုမ္ပဏီအုပ်စုမှ တည်ဆောက်သွားမည် ဟု သိန္နိဌာန် ချထားပါတယ်။


ကျွန်ုပ်တို့၏ မျှော်မှန်းချက်

သင့်စိတ်ကူးများ ရှင်သန်စေရန် ရိုးမဘဏ်


Yoma Bank Mission & Vision is regularly reviewed by Yoma Bank leadership. The current Mission and Vision wording has been approved by board of directors on January 2020.


FMI annual report 2019,  2018-2019,  2017-2018

Yoma group (FMI) annual reports include an analysis of Yoma Bank performance and communicate progress made in Yoma Bank strategy.   Yoma Bank  Leadership reviews its strategy annually together with the Board of Directors. The latest Strategic Plan has been approved by the Board of Directors on February 28th, 2020.



ကျွန်ုပ်တို့၏ အမြုတေတန်ဖိုးများ



ကျွန်ုပ်တို့၏ ခရီးလမ်းကြောင်းမှတ်တိုင်များ

၁၉၉၃ ခုနှစ်

keyboard_arrow_down
ရိုးမဘဏ် လီမိတက်ကို ရန်ကုန်မြို့ရှိအထင်ကရ ဗိုလ်ချုပ်အောင်ဆန်း ဘောလုံးကွင်းအနီးတွင် ပထမဆုံးဘဏ်ခွဲ ဖွင့်လှစ်ပြီး စတင်တည်ထောင်ခဲ့သည်။

၁၉၉၉ ခုနှစ်

keyboard_arrow_down
ရိုးမဘဏ်သည် နောက်ဆုံးပေါ် ကြိုးမဲ့ဘဏ်လုပ်ငန်း နည်းပညာနှင့် မြန်မာ့ ပထမဆုံး ကွန်ပျူတာ စာရင်းကိုင် စနစ်ကို စတင်အသုံးပြုခဲ့သည်။

၂၀၀၁ ခုနှစ်

keyboard_arrow_down
ရိုးမဘဏ်သည် ဘဏ်ခွဲပေါင်း ၄၁ ခုကို ဖွင့်လှစ်ခဲ့သည်။ မြို့ပေါင်း ၂၄ မြို့ကို ဖြန့်ကျက်ထားနိုင်ခဲ့ပြီး မြန်မာနိုင်ငံ၏ အကြီးဆုံးဘဏ်တစ်ခု ဖြစ်လာခဲ့သည်။

၂၀၀၃ ခုနှစ်

keyboard_arrow_down
နိုင်ငံတစ်ဝန်းတွင် ဖြစ်ပွားခဲ့သော ဘဏ္ဍာရေး အကျပ်အတည်းကြားတွင် မြန်မာအစိုးရက တင်းကျပ်သော ဘဏ်လုပ်ငန်း စည်းမျဉ်းစည်းကမ်းများ ချမှတ်ခဲ့ပြီး ပုဂ္ဂလိကဘဏ်များကို ပြည်သူပိုင်သိမ်းမှုများ စတင်ခဲ့ပါသည်။ သို့သော် တင်းကျပ်သောစည်းမျဉ်းများ  အောက်တွင်ပင် ရိုးမဘဏ်သည် ယုံကြည် စိတ်ချရပြီး မြန်ဆန်ထိရောက်သော ပြည်တွင်း ငွေလွှဲဝန်ဆောင်မှုများကို ဆက်လက် ဆောင်ရွက်ခဲ့ပြီး ယနေ့အချိန်အထိ ရိုးမဘဏ်၏ ငွေလွှဲဝန်ဆောင်မှုသည် မြန်မာနိုင်ငံတွင် အယုံကြည်ရဆုံးအဖြစ် အခိုင်အမာ ရပ်တည်နေပါသည်။

၂၀၁၂ ခုနှစ်

keyboard_arrow_down
မြန်မာနိုင်ငံ ဒီမိုကရေစီအစိုးရသစ်လက်ထက်တွင် ဘဏ်လုပ်ငန်းဆိုင်ရာကန့်သတ်ချက်များကို ဖြေလျော့ပေး ခဲ့ပြီးနောက် ရိုးမဘဏ်အနေဖြင့် ၂၀၁၃ ခုနှစ်တွင်  ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို   အရှိန်တိုးမြှင့်  ဆောင်ရွက်ခဲ့ပါသည်။ ရိုးမဘဏ်သည် မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ဘဏ်ခွဲပေါင်း ၅၀ ကျော် ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်သည်။ 

၂၀၁၇ ခုနှစ်

keyboard_arrow_down
တစ်နိုင်ငံလုံးရှိ ရိုးမဘဏ် ဘဏ်ခွဲပေါင်း ၇၉ ခုလုံးတွင် Smart ဒီဂျစ်တယ် ငွေစာရင်း နှင့် မိုဘိုင်းငွေကြေး ဝန်ဆောင်မှု အက်ပလီကေးရှင်းကို စတင်ခြင်းဖြင့် ရိုးမဘဏ်သည် ခေတ်သစ် ကမ္ဘာ့အဆင့်မီ ဘဏ်လုပ်ငန်းကို ဦးဆောင်ခဲ့သည်။

၂၀၁၈ ခုနှစ်

keyboard_arrow_down
၂၀၁၈ ခုနှစ်တွင် ရိုးမဘဏ် တည်ထောင်သည့်နှစ် ၂၅ နှစ်ပြည့်မြောက်ခဲ့ပြီး ၂၅ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ပလတ်စတစ်လျှော့ချရေးပညာပေးကမ်ပိန်း၊ စာသင်ကျောင်း ၁၀ ကျောင်းရှိ စာကြည့်တိုက်များသို့ လှူဒါန်းခြင်း နှင့် ဘဏ္ဍာရေးဆိုင်ရာ အသိပညာတိုးတက်စေရန် ရည်ရွယ်ကျင်းပသည့် Hackathon ပြိုင်ပွဲ၊ ကျောင်းသားကျောင်း သူများအတွက် ပန်းလှိုင်ဆေးရုံတွင် အခမဲ့ မျက်စိစစ်ဆေးခြင်းစသည်တို့ကို ဆောင်ရွက်ခဲ့ပါ သည်။

၂၀၁၉ ခုနှစ်

keyboard_arrow_down
နိုင်ငံတကာငွေကြေးအဖွဲ့အစည်း International Finance Corporation (IFC) သည် ရိုးမဘဏ် တွင် ၂၀၁၄ ခုနှစ်က ရင်းနှီးမြှုပ်နှံထည့်ဝင်ခဲ့သော ချေးငွေကို ရိုးမဘဏ်၏ ၅.၁၂ % ပိုင်ဆိုင်မှု အဖြစ် ပြောင်းလဲထည့်ဝင်ခဲ့ပြီး မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဘဏ်တွင် ထည့်ဝင် ရင်းနှီးမြှုပ်နှံသည့် ပထမဆုံး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူ ဖြစ်လာသည်။

ထို့အတူ မြန်မာနိုင်ငံအထက်ပိုင်းနှင့် အောက်ပိုင်း ဒေသများတွင် ငွေရေးကြေးရေးအလုံးစုံပါဝင်နိုင်ရေး ရည်မှန်းသည့် ရိုးမဘဏ်၏ ကတိကဝတ်ကို အရှိန်မြှင့်ဆောင်ရွက်ရန် ရန်ကုန်နှင့် မန္တလေးတို့တွင် စီးပွားရေးစင်တာအသစ်များကို ဖွင့်လှစ်ခဲ့ပါသည်။