စီးပွားရေးလုပ်ငန်းသုံး စာရင်းရှင်စာရင်း
ရိုးမဘဏ်၏ စီးပွားရေးလုပ်ငန်းသုံး စာရင်းရှင်စာရင်းသည် လူကြီးမင်း၏ လုပ်ငန်းလိုအပ်ချက်များကို ပြည့်မီစေရန် အထူးဖန်တီးထားသော ဘဏ်ဝန်ဆောင်မှုများကို ပေးစွမ်းနိုင်ပါသည်။ စီးပွားရေးလုပ်ငန်းသုံး စာရင်းရှင်စာရင်းဖြင့် ငွေပေးချေမှုများ၊ ချေးငွေလျှောက်ထားခြင်းများ၊ ငွေလွှဲခြင်းများနှင့် အခြားဝန်ဆောင်မှုများကို ရယူနိုင်ပါသည်။
အကန့်အသတ်မရှိ ငွေသွင်းငွေထုတ်နိုင်ခြင်း
ရိုးမဘဏ်ဖွင့်ချိန်အတွင်း ငွေသွင်း၊ငွေထုတ်ခြင်းများကို အကြိမ်အရေအတွက် အကန့်အသတ်မရှိ
ဆောင်ရွက်နိုင်ပါသည်။
လစဉ် ဘဏ်စာရင်းရှင်းတမ်း
လူကြီးမင်းလုပ်ငန်းရှိ နေ့စဉ် ငွေစာရင်းအသုံးပြုမှုနှင့် ငွေစာရင်းအဝင်အထွက်များ၏ အသေးစိတ်ဘဏ်စာရင်းရှင်းတမ်းကို ရယူနိုင်ပါသည်။
ချေးငွေများ လျှောက်ထားနိုင်ခြင်း
ရိုးမဘဏ်၏ လျင်မြန်လွယ်ကူသော ချေးငွေလျှောက်ထားမှုဖြင့် ငွေချေးယူနိုင်ပါသည်။
စာရင်းရှင်စာရင်းဖွင့်ရန် လိုအပ်ချက်များ
- ဖောင် (E)
- ဖောင် (၆)
- ဖောင် (၂၆)
- ဘုတ်အဖွဲ့ဝင်များ၏ မှတ်ပုံတင်မူရင်း (သို့) နိုင်ငံကူးလက်မှတ် မူရင်း
- လိပ်စာမှန်ကန်ကြောင်း ရပ်ကွက်ထောက်ခံစာ
- အစည်းအဝေးမှတ်တမ်းများ
- ကုမ္ပဏီမှတ်ပုံတင်
ဝန်ဆောင်ခနှင့် နှုန်းထားများ
- လစဉ်ဝန်ဆောင်ခ - ၁,၅၀၀ ကျပ်
(ဘဏ်စာရင်း ဖွင့်လှစ်ထားသော်လည်း လွန်ခဲ့သော (၁) နှစ်အတွင်း ငွေသွင်း/ငွေထုတ်/ငွေပေးချေခြင်း/ငွေလွှဲခြင်း ဆောင်ရွက်ထားခြင်း မရှိသော အပ်ငွေစာရင်းများကိုသာ ကောက်ခံပါသည်။)