လုပ်ငန်းသုံးနိုင်ငံခြားငွေစာရင်း
ရိုးမဘဏ်၏နိုင်ငံခြားငွေစာရင်းဖြင့် ယုံကြည်စိတ်ချရသော နိုင်ငံတကာ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို ရယူနိုင်မည်ဖြစ်ပြီး နိုင်ငံခြားငွေကြေးလုပ်ငန်းများနှင့် နိုင်ငံတကာ ငွေပေးချေမှုများ ဆောင်ရွက်ခြင်း သို့မဟုတ် သွင်းကုန်၊ထုတ်ကုန်လုပ်ငန်းများအတွက် ထိရောက်သည့် အထောက်အပံ့ကောင်းများ ရရှိနိုင်မည်ဖြစ်ပါသည်။ တစ်ဦးချင်း၊ ကုမ္ပဏီ သို့မဟုတ် ပူးတွဲအကောင့်များ ဖွင့်လှစ်နိုင်ပါသည်။
လျှောက်ထားနိုင်သည့် နိုင်ငံတကာငွေကြေးများ - အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်ကာပူဒေါ်လာ
နိုင်ငံတကာငွေကြေးမျိုးစုံဖြင့် အပ်ငွေစာရင်းဖွင့်နိုင်ခြင်း
အမေရိကန်ဒေါ်လာ၊ စင်ကာပူဒေါ်လာနှင့် ယူရိုငွေတို့ဖြင့် ငွေလွှဲပြောင်းခြင်း၊ ငွေပေးချေခြင်းများ ဆောင်ရွက် နိုင်ပါသည်။
ငွေထုတ် ငွေသွင်းခြင်း
တစ်ပတ်လျှင် အများဆုံး နှစ်ကြိမ် ထုတ်ယူနိုင်ပြီး တစ်ကြိမ်လျှင် အများဆုံး ဒေါ်လာ ၅,၀၀၀ အထိ ထုတ်ယူနိုင်ပါသည်။
နိုင်ငံတကာ ငွေလွှဲပြောင်းမှု
နိုင်ငံတကာ ငွေကြေးလွှဲပြောင်းမှုများကို လူကြီးမင်း၏ အကောင့်ထဲသို့ တိုက်ရိုက်လက်ခံရရှိနိုင်ပါသည်။
လစဉ်ဘဏ်စာရင်းရှင်းတမ်းရယူနိုင်ခြင်း
လူကြီးမင်း၏ နေ့စဉ်အသုံးစရိတ်နှင့် အပ်ငွေစာရင်းနှင့်စပ်လျဉ်းပြီး စာရင်းရှင်းတမ်းအသေးစိတ်ကို ရယူနိုင်ပါ သည်။
လျှောက်ထားရန်လိုအပ်ချက်များ
- ကုမ္ပဏီရှိ လုပ်ပိုင်ခွင့်အပ်နှင်းခံထားရသော ပုဂ္ဂိုလ်၏ မှတ်ပုံတင် သို့မဟုတ် နိုင်ငံကူးလက်မှတ်
- နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူဖြစ်ပါက သက်တမ်းရှိသေးသော စီးပွားရေးဗီဇာ စာမျက်နှာ
- ပတ်စ်ပို့ ဓာတ်ပုံ
- ကုမ္ပဏီ၏ ဥက္ကဋ္ဌ သို့မဟုတ် အမှုဆောင်ဒါရိုက်တာ၏ လက်မှတ်နှင့်တံဆိပ်တုံးပါရှိသော ကုမ္ပဏီခေါင်းစီးနှင့် လျှောက်လွှာ
- ဘုတ်အဖွဲ့ဒါရိုက်တာများ၏ အစည်းအဝေးမှတ်တမ်းနှင့် အစည်းအဝေးဆုံးဖြတ်ချက်မှတ်တမ်း (ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ၏ စာရင်းတွင်ပါရှိသော ၇၅%ထက်ပိုသည့် လူပုဂ္ဂိုလ်များ၏ လက်မှတ်များနှင့် ကုမ္ပဏီခေါင်းစီးပါရှိရမည်။)
- ကုမ္ပဏီမှတ်ပုံတင်လက်မှတ်
- ကုမ္ပဏီမှတ်တမ်း (ဥပမာ- ဒါရိုက်တာများစာရင်း၊ အရာရှိများစာရင်း၊ အစုရှယ်ယာနှင့် လိပ်စာ စသည်ဖြင့်)
- သွင်းကုန်/ပို့ကုန် လိုင်စင် (သွင်းကုန်/ပို့ကုန် ကုမ္ပဏီဖြစ်ပါက)
- အနည်းဆုံးကနဦးပေးသွင်းငွေ : အမေရိကန်ဒေါ်လာ ၁၀၀/ စင်ကာပူဒေါ်လာ ၁၀၀/ ယူရို ၁၀၀