လုပ်ငန်းသုံးချေးငွေ
ရိုးမဘဏ် လုပ်ငန်းသုံးချေးငွေသည် စီးပွားရေးလုပ်ငန်းဆောင်တာအမျိုးမျိုးအတွက် ငွေကြေးထောက်ပံ့ပေးမည့် ချေးငွေအမျိုးအစားဖြစ်ပြီး ပစ္စည်းတစ်မျိုးချင်းဝယ်ယူခြင်း၊ ကာလရှည်စီးပွားရေးလုပ်ငန်းချဲ့ထွင်မှုအစီအစဉ်များနှင့် အထွေထွေ လုပ်ငန်းလည်ပတ်ရန်အရင်းအနှီးများ စသည်တို့ပါဝင်ပါသည်။ လပေါင်း ၃၆ လ အထိ ပုံသေအတိုးနှုန်း
သာပေးဆောင်ရသည့် လုပ်ငန်းသုံးချေးငွေသည် လုပ်ငန်းအတွက် လိုအပ်နေသော ရင်းနှီးငွေကို လွယ်ကူရိုးရှင်းစွာ
ရယူနိုင်မည့်ချေးငွေအမျိုးအစားဖြစ်ပါသည်။
လွယ်ကူတိကျသော ချေးငွေ
လုပ်ငန်းသုံးပစ္စည်းတစ်မျိုးချင်းဝယ်ယူခြင်းမှစပြီး ကာလရှည်စီးပွားရေးလုပ်ငန်းအစီအစဉ်များအထိ လူကြီးမင်း၏ စီးပွားရေး မျှော်မှန်းချက်များနှင့် အကိုက်ညီဆုံး ချေးငွေကို လျှောက်ထားရယူရန် ရိုးမဘဏ်က ကူညီပေးပါမည်။
ပုံသေအတိုးနှုန်း
ချေးငွေသက်တမ်းတစ်လျှောက်လုံးအတွက် ပုံသေအတိုးနှုန်းနှင့်ချေးငွေဆပ်ရန်စနစ်ကို အတိအကျသိရှိနိုင်ပါသည်။
ချေးငွေသက်တမ်းရှည်ခြင်း
ချေးငွေကို လပေါင်း ၃၆ လ အထိ ကာလအတွင်း ပြန်လည်ပေးဆပ်နိုင်ပါသည်။
အတိုးနှုန်း၊ ဝန်ဆောင်ခ နှင့် ချေးငွေသက်တမ်း
ကာလရှည်ချေးငွေသက်တမ်း
|
၁၂ လ မှ ၃၆ လ အထိ *
|
အတိုးနှုန်း**
|
တစ်နှစ်လျှင် ၁၀%
|
ဝန်ဆောင်ခ | ဝ.၂၅% |
* ချေးငွေသက်တမ်းကို နှစ်စဉ် ပြန်လည် သုံးသပ်သွားပါမည်။
** အတိုးနှုန်းကို နေ့စဉ်တွက်ချက်ပြီး လစဉ်ကောက်ခံသွားပါမည်။