အငှားဝယ်ယူစနစ်
ရိုးမဘဏ်၏
အငှားဝယ်ယူစနစ်ဖြင့် ကား၊ မော်တော်ဆိုင်ကယ် နှင့် အငှားယာဉ်များ
အသစ်ဝယ်ယူရာတွင် ငွေကြေးအထောက်အပံ့ရယူနိုင်ပါပြီ။ အဆင်ပြေသော
ချေးငွေကာလပါရှိသည့် ရိုးမဘဏ်၏ အငှားဝယ်ယူစနစ် ဖြင့် ဝယ်သူနှင့်ရောင်းသူ
နှစ်ဦးလုံးအတွက် လွယ်ကူလုံခြုံသော ဝယ်ယူမှုများကို
ဆောင်ရွက်နိုင်မှာဖြစ်သည်။
အငှားဝယ်ယူစနစ်သည် *- မော်တော်ကား၊ မော်တော်ဆိုင်ကယ် နှင့် လုပ်ငန်းသုံးစက်တပ်ယာဉ်များ
- စိုက်ပျိုးရေးနှင့် ဆောက်လုပ်ရေးသုံးစက်ယန္တရားများ
- ဆေးဝါးနှင့် ဆေးရုံသုံးကိရိယာများ
- စက်ရုံစက်ယန္တရားများ အတွက် သင့်လျော်ပါသည်။
*ရိုးမဘဏ်နှင့် ချိတ်ဆက်ထားသော တရားဝင် ရောင်းဝယ်ဖောက်ကားသူထံမှသာ ပစ္စည်းများ ဝယ်ယူရမည်။
ဝန်ဆောင်ခ
ကနဦးပေးသွင်းငွေ
|
ဝယ်ယူသည့်ပစ္စည်းအပေါ်မူတည်ပြီး အနည်းဆုံး ၃၀%
|
ဘဏ်ဝန်ဆောင်ခ
|
ချေးငွေပမာဏ၏ ၁ % *
|
* အနည်းဆုံး ကနဦးပေးသွင်းငွေ နှင့် ဘဏ်ဝန်ဆောင်ခများမှာ
ရောင်းဝယ်ဖောက်ကားသူနှင့် ကုန်ပစ္စည်းအမျိုးအစားပေါ်တွင်
မူတည်ပြောင်းလဲနိုင်ပါသည်။
အတိုးနှုန်းနှင့် ဝန်ဆောင်ခ
(က) ကြိုတင်အတိုးကို အငှားဝယ်ယူချေးငွေပမာဏအပေါ်တွင် ကောက်ခံသွားမည်ဖြစ်သည်။
ကာလ
|
လစဉ်အတိုးနှုန်း |
သုံးလပတ် သို့မဟုတ် နှစ်ဝက်အတိုးနှုန်း* |
၁ နှစ်
|
၆%
|
၇% |
၂ နှစ်
| ၁၂% | ၁၃% |
၃ နှစ်
| ၁၈% | ၁၈% |
(ခ) တူညီသော လစဉ်ပေးသွင်းငွေ၊ တူညီသော
သုံးလပတ်ပေးသွင်းငွေ၊ တူညီသော နှစ်ဝက်ပေးသွင်းငွေ : အငှားဝယ်ယူစနစ်
ချေးငွေပမာဏအပေါ်မူတည်ပြီး အတိုးနှုန်းကို တစ်နှစ်လျှင် ၁၀ %
ကောက်ခံသွားပါမည်။
ဝယ်ယူသည့်ပစ္စည်း
|
အများဆုံးချေးငွေသက်တမ်း |
ကားအသစ်
|
၅ နှစ် |
ကားအဟောင်း | ၃ နှစ် |
လေးလံသည့် စက်ယန္တရားကြီးများနှင့် ကိရိယာအသစ်များ သို့မဟုတ် စိုက်ပျိုးရေးသုံးစက်နှင့် ကိရိယာ အသစ်များ | ၃ နှစ် |
လေးလံသည့် စက်ယန္တရားကြီးများနှင့် ကိရိယာအဟောင်းများ သို့မဟုတ် စိုက်ပျိုးရေးသုံးစက်နှင့် ကိရိယာ အဟောင်းများ | ၂ နှစ် |
ချေးငွေပြန်လည်ပေးဆပ်ရမည့်ပုံစံ - စိုက်ပျိုးရေးလုပ်ငန်းသုံးမဟုတ်သော စက်တပ်ယာဉ်များ၊ စက်ယန္တရားများနှင့် ကိရိယာများအတွက် လစဉ်အရစ်ကျပေးသွင်းရမည်။
- စိုက်ပျိုးရေးလုပ်ငန်းသုံး
စက်တပ်ယာဉ်များ၊ စက်ယန္တရားများနှင့် ကိရိယာများအတွက် လစဉ် ၊ သုံးလပတ်
သို့မဟုတ် နှစ်ဝက်အလိုက် အရစ်ကျပေးသွင်းရမည်။
အာမခံစက်တပ်ယာဉ်
သို့မဟုတ် တန်ဖိုး မြန်မာကျပ် သိန်း တစ်ရာအထက်ရှိသော ချေးငွေရယူထားသည့်
ပိုင်ဆိုင်မှုတိုင်းအတွက် အငှားဝယ်ယူစနစ်ချေးငွေ ကာလတစ်လျှောက်
အာမခံထားရှိရမည်ဖြစ်ပါသည်။
လျှောက်ထားရန် လိုအပ်ချက်များ- မှတ်ပုံတင်မိတ္တူနှင့် မူရင်းကိုပါပူးတွဲတင်ပြရမည်။
- အိမ်ထောင်စုစာရင်းမိတ္တူနှင့် မူရင်းကိုပါ စစ်ဆေးရန်တင်ပြရမည်။
- နေထိုင်ကြောင်းရပ်ကွက်ထောက်ခံစာမူရင်း
- ရဲစခန်းထောက်ခံစာမူရင်း
- အာမခံပေးမည့်သူတစ်ဦးနှင့် အဆိုပါပုဂ္ဂိုလ်၏ အလားတူအထောက်အထားများ
ပိုမိုသိရှိရန်
ရိုးမဘဏ် အငှားဝယ်ယူစနစ်အဖွဲ့အား +၉၅ (၀) ၉၇၇ ၉၇၇ ၁၀၀၀
သို့ခေါ်ဆိုမေးမြန်းနိုင်သလို
[email protected] သို့
အီးမေးလ်ကတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။