SME Express Loan
စက်ပစ္စည်းအသစ်၊ မော်တော်ယာဉ်အသစ်များ သို့မဟုတ် ရွှေ့ပြောင်း၍မရသော ပိုင်ဆိုင်မှုပစ္စည်းများကို ရိုးမဘဏ်၏ SME Express Loan ဖြင့် ဝယ်ယူလိုက်ပါ။ ရိုးမဘဏ်၏ မြန်ဆန်သော ချေးငွေက လူကြီးမင်း၏ လုပ်ငန်းကို တိုးမြှင့်ချဲ့ထွင်နိုင်စေမည်ဖြစ်ပါသည်။
ချက်ချင်းဝယ်ပြီး ဖြည်းဖြည်းချင်းပြန်ဆပ်နိုင်ခြင်း
တန်ဖိုးမြင့်ဝယ်ယူမှုများကို တစ်နှစ်အထိရယူနိုင်သော ချေးငွေသက်တမ်းအတွင်း ပြန်လည်ပေးဆပ်နိုင်ပါသည်။
ပြန်ပေးဆပ်ရမည့်ငွေ တဖြည်းဖြည်းနည်းသွားခြင်း
လစဉ် ချေးငွေပြန်လည်ဆပ်နေသည့်အတွက် နောက်လများတွင် ပေးရမည့် ပမာဏ တဖြည်းဖြည်း နည်းသွားပါသည်။
အတိုးနှုန်း၊ ဝန်ဆောင်ခ နှင့် ချေးငွေသက်တမ်း
အများဆုံးချေးငွေသက်တမ်း
|
၃၆ လ (၃ နှစ်)
|
ချေးငွေပမာဏ ကန့်သတ်ချက်
|
မြန်မာကျပ် ၁ ဘီလီယံ
|
အတိုးနှုန်း* | တစ်နှစ်လျှင် ၁၀%
|
ဝန်ဆောင်ခ | ဝ.၂၅% |
သက်တမ်းတိုးကြေး | ဝ.၂၀% |
*အတိုးကို နေ့စဉ်တွက်ချက်ပြီး လစဉ် ကောက်ခံသွားပါမည်။
ချေးငွေလျှောက်ထားရန် လိုအပ်ချက်များ
- လုပ်ငန်းလိုင်စင်
- ကုမ္ပဏီမှတ်ပုံတင်
- ပြီးခဲ့သည့် သုံးနှစ်အတွင်း ဝင်ငွေခွန်ပြေစာများ (ချေးငွေ မြန်မာကျပ် ၁ ဘီလီယံအထိ လျှောက်ထားလိုသူများအတွက်)
- ပြီးခဲ့သည့် တစ်နှစ်အတွင်း ဝင်ငွေခွန်ပြေစာများ (ချေးငွေ မြန်မာကျပ် သိန်း ၃၀၀၀ အထိ လျှောက်ထားလိုသူများအတွက်)
- ပြီးခဲ့သည့် သုံးနှစ်အတွင်း ဘဏ္ဍာရေးစာရင်းရှင်းတမ်းများ (ချေးငွေ မြန်မာကျပ် ၁ ဘီလီယံအထိ လျှောက်ထားလိုသူများအတွက်)
- ပြီးခဲ့သည့် တစ်နှစ်အတွင်း ဘဏ္ဍာရေးစာရင်းရှင်းတမ်းများ (ချေးငွေ မြန်မာကျပ် သိန်း ၃၀၀၀ အထိ လျှောက်ထားလိုသူများအတွက်)
အာမခံပစ္စည်းများ
- မြေ သို့မဟုတ် အဆောက်အဦပိုင်ဆိုင်မှု
- ကွန်ဒိုမီနီယံ
အာမခံပစ္စည်းအထောက်အထားများ (လျှောက်ထားပြီးနောက်နေ့တွင် တင်သွင်းရန်)
- အိမ်ရာပိုင်ဆိုင်မှုအထောက်အထားစာရွက်စာတမ်းများ
- အိမ်ရာ၏ ဂရန်၊ မြေပုံနှင့် ပိုင်ဆိုင်မှုသမိုင်း