မြန်မာနိုင်ငံတွင် ပထမဆုံး မိုဘိုင်းငွေရေကြေးရေးဝန်ဆောင်မှုလုပ်ငန်းမှတ်ပုံတင်လက်မှတ်ကို Wave Money တရားဝင်ရရှိ

ရန်ကုန်၊ အောက်တိုဘာ ၃ရက်၊ ၂၀၁၆ - Wave Money
သည်မိုဘိုင်းငွေကြေးဝန်ဆောင်မှု
စည်းမျဉ်းအသစ်အရမိုဘိုင်းေငွေရေကြေးရေးဝန်ဆောင်မှုမှတ်ပုံတင်လက်မှတ်ကို
ယနေ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှရရှိခဲ့ကြောင်း ထုတ်ပြန်ကြေငြာပါသည်။
ဤစည်းမျဉ်းအသစ်သည်
မိုဘိုင်းအော်ပရေတာများကို မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ
ပေးစွမ်းနိုင်ရန်ရည်ရွယ်ပြီး အဆိုပါလုပ်ငန်းသည်
မြန်မာပြည်သူသန်းပေါင်းများစွာ၏ ငွေကြေးကိစ္စများကိုလည်း
ဝင်ရောက်လုပ်ကိုင်ပေးနိုင်မည့် အလားအလာကောင်းများကို ပိုင်ဆိုင်ထားသော
လုပ်ငန်းတစ်ခုဖြစ်ပါသည်။ ယခုရရှိခဲ့သောမှတ်ပုံတင်လက်မှတ်အရWave Money သည်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ပေးအပ်သည့်non-banking financial institution
(ဘဏ်မဟုတ်သောငွေကြေးဝန်ဆောင်မှုလုပ်ငန်း) တစ်ခုအဖြစ် ရပ်တည်လာပြီဖြစ်သည်။
Wave
Money သည် မိုဘိုင်းငွေကြေးလွှဲပြောင်းနိုင်သည့်ဝန်ဆောင်မှုတစ်ခုဖြစ်ပြီး
တယ်လီနော၊FMIနှင့်ရိုးမဘဏ်တို့မှပူးတွဲလုပ်ကိုင်နေသောကုမ္ပဏီဖြစ်သည်။
ဤသည်မှာ ကမ္ဘာ့ထိပ်တန်းဆက်သွယ်ရေးကုမ္ပဏီကြီး၏
အတွေ့အကြုံနှင့်စွမ်းရည်များကို မြန်မာနိုင်ငံ၏ ကျွမ်းကျင်ပြီး
ယုံကြည်စိတ်ချရဆုံးဘဏ်တစ်ခုနှင့် ပူးပေါင်းဖော်ဆောင်ခြင်းဖြစ်ပါသည်။"
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ယုံကြည်မှုကိုရရှိခဲ့ပြီး
အသစ်ပြဌာန်းလိုက်တဲ့
မိုဘိုင်းငွေကြေးစည်းမျဉ်းအတိုင်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်မယ့်
မြန်မာနိုင်ငံရဲ့ပထမဆုံးကုမ္ပဏီဖြစ်ရတဲ့အတွက် ကျွန်တော်တို့
ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ဒီစည်းမျဉ်းကြောင့်Wave Money ကို
တယ်လီနော်ရဲ့ဖြန့်ချိရေးကွန်ရက်တွေရဲ့
စွမ်းအားကိုအကောင်းဆုံးအသုံးပြုခွင့်ရရှိစေမှာဖြစ်ပြီးပုံမှန်ငွေကြေးဝန်ဆောင်မူလုပ်ငန်းများကိုအသုံးမပြုနိုင်ကြသော
ပြည်သူအများစုကို မိုဘိုင်းငွေကြေးစာရင်း(Mobile Money Accounts)
များဖြင့်ပံ့ပိုးပေးနိုင်တော့မှာ ဖြစ်ပါတယ်။
သုံးစွဲသူများအနေနဲ့
ဘဏ်စာရင်းမလိုဘဲ မြန်မာပြည်တစ်ဝှမ်းငွေကြေးပေးပို့နိုင်တော့မှာဖြစ်ပါတယ်’’
ဟုWave Money ၏အမှုဆောင်အရာရှိချုပ်Brad Jones ကပြောသည်။
Brad
မှ ဆက်လက်ပြောကြားရာ "ဘဏ်စာရင်းနဲ့မရင်းနှီးသေးတဲ့ ပြည်သူတွေကို
မိုဘိုင်းငွေကြေးဝန်ဆောင်မှုများ ပံ့ပိုးပေးခြင်းအားဖြင့် အာရှရဲ့
မိုဘိုင်းငွေကြေးဈေးကွက်မှာ ထိပ်တန်းတစ်နေရာက ရပ်တည်နိုင်ဖို့
ကျွန်တော်တို့ ရည်မှန်းထားပါတယ်။ စည်းမျဉ်းအသစ်မှာ
ပထမဆုံးမှတ်ပုံတင်လက်မှတ်ရရှိခဲ့ပြီး
မြန်မာနိုင်ငံမှာမိုဘိုင်းငွေကြေးဝန်ဆောင်မှုကို လုပ်ဆောင်ပေးရတဲ့အတွက်
အလွန်ကို ဂုဏ်ယူမိပါတယ်" ဟု Jones ကဖြည့်စွက်ပြောကြားသည်။