ရိုးမဘဏ်သည် Myanmar Employer Awards (2017) တွင် Overall Best of The Best (Local Company) ဆု အပါအဝင် ဆုပေါင်း (၇) ဆု ရရှိ
ရိုးမဘဏ်သည် မြန်မာနိုင်ငံရှိ ပြည်တွင်းကုမ္ပဏီများအနက် အကောင်းဆုံးသော လုပ်ငန်းခွင် ဖန်တီးထားနိုင်သည့် အဖွဲ့အစည်းတစ်ခု အဖြစ် သက်သေထူနိုင်ခဲ့သည်။
ရန်ကုန်၊ မြန်မာ - ဒီဇင်ဘာလ ၁၁ ရက်၊ ၂၀၁၇ ခုနှစ်။ ။ ရိုးမဘဏ်သည် မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ်အဖြစ် Jobnet.com.mm က ကြီးမှူးကျင်းပသော Myanmar Employer Awards (2017) တွင် ဆုပေါင်း ၇ ဆု ကို ဆွတ်ခူးရရှိ ခဲ့ကြောင်း ဂုဏ်ယူစွာဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။ ရိုးမဘဏ်သည် ယင်းဆုများကို ဒီဇင်ဘာလ ၉ ရက်နေ့က ဆူးလေ ရှန်ဂရီလာဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သော Myanmar Employer Awards (2017) ဆုပေးပွဲအခမ်းအနားတွင် လက်ခံရရှိခဲ့ခြင်း ဖြစ်သည်။
Myanmar Employer Awards (2017) တွင် ပြည်တွင်း ကုမ္ပဏီ ၂၁ ခုမှ ဆုနေရာပေါင်း ၈၃ နေရာ နှင့် နိုင်ငံခြား ကုမ္ပဏီ ၂၀ ခန့်က ဆုနေရာပေါင်း ၅၀ နေရာအတွက် ပါဝင်လျှောက်ထားခဲ့ရာ ရိုးမဘဏ်သည် အဆင့်ဆင့် ရွေးချယ်စိစစ်မှုများကို ဖြတ်ကျော်ကာ Overall Best of The Best ဆုအပြင် Best Learning and Development Program နှင့် Best Use of Internal Marketing for Company Pride တို့တွင် ရွှေတံဆိပ်ဆု ၊ Best Use of Rewards & Recognition ၊ Best Career Advancement Program နှင့် Most Innovative Use of Technology in HR တို့တွင် ငွေတံဆိပ်ဆု ၊ Most Effective Recruitment Strategy for Talent Attraction တွင် ကြေးတံဆိပ်ဆု တို့ကို ရရှိခဲ့ခြင်း ဖြစ်သည်။ ရိုးမဘဏ်သည် ဝန်ထမ်းများအား အကောင်း ဆုံးသော စောင့်ရှောက်မှု၊ အလုပ်အကိုင်များဖန်တီးပေးမှု၊ စီမံခန့်ခွဲနိုင်မှုနှင့် ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်မှု ဆိုင်ရာ လေ့ကျင့်သင်ကြားပေးမှုများကို စဉ်ဆက်မပြတ် အလေးထားလုပ်ဆောင်ခြင်းကြောင့် ယင်းဆုများကို ရရှိခဲ့ခြင်း ဖြစ်သည်။
ရိုးမဘဏ်၏ အမှုဆောင်ဥက္ကဋ္ဌ ဦးသိမ်းဝေက “ရိုးမဘဏ်ဟာ Overall Best of The Best ဆုကို ရရှိခဲ့တာဟာ ဘဏ်ရဲ့ Core Value တွေဖြစ်တဲ့ Customer များအား အလေးထားအာရုံစိုက်ထားမှု ၊ အဖွဲ့လိုက်လုပ်ဆောင်ရွက်၊ လူအများဖွံ့ဖြိုးတိုးတက်မှု၊ အဖွဲ့အစည်းအပေါ်တွင် မြတ်နိုးဂုဏ်ယူတက်မှု စတဲ့အချက်တွေအတိုင်း လက်တွေ့ချမှတ်ကျင့်သုံးနိုင်မှုကြောင့် ဖြစ်ပါတယ်။ ဒီလိုဆုတွေ ရရှိခဲ့တာဟာ ရိုးမဘဏ်ရဲ့ သစ္စာစောင့်သိ ကျင့်ဝတ်လိုက်နာတဲ့ ဝန်ထမ်းတွေရဲ့ ကြိုးစားအားထုတ်မှုတွေနဲ့ လုပ်ငန်းစီမံခန့်ခွဲသူတွေရဲ့ အရည်အချင်းပြည့်ဝမှုကို ပုံဖော်လိုက်တာပါပဲ” ဟု ပြောသည်။
“ကျွန်တော်ရဲ့ ရိုးမဘဏ် လုပ်ဖော်ကိုင်ဖက်တွေကိုယ်စား အရမ်းပဲ ဝမ်းသာဂုဏ်ယူမိပါတယ်။ ရိုးမဘဏ်က ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်မြင့်တင်ဖို့ အားပေးဆောင်ရွတ်မှု (Employee Empowerment) တွေကို ရိုးမဘဏ် စတင်တည်ထောင်ခဲ့တဲ့ ၁၉၉၃ ခုနှစ်ကတည်းက အစဉ်တစိုက်လုပ်ဆောင်ခဲ့ပါတယ်။ ဒီဆုတွေက လွန်ခဲ့တဲ့ ငါးနှစ်လောက်ကနေ အခုအချိန်အထိ အစွမ်းကုန် ကြိုးစားအားထုတ်မှုတွေအပြင် ရိုးမဘဏ်က ဘယ်လောက်ထိ ဝန်ထမ်းတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အားပေးလုပ်ဆောင်တယ်ဆိုတာ ပိုမို ထင်ဟပ်သွားစေပါတယ် ” ဟု ရိုးမဘဏ်၏ Special Advisor to Chairman & CEO ဖြစ်သူ Mr. Hal Bosher က ပြောသည်။
Myanmar Employer Awards (2017) ကို ပြည်တွင်းပြည်ပမှ အကဲဖြတ်ဒိုင် ၁၁ ဦးက ငါးလကြာ အမှတ်ပေးအကဲဖြတ်မှု လုပ်ဆောင်ခဲ့ပြီး ဆုရွေးချယ်စိစစ်မှုအတွက် Deloitte Myanmar က Verify Partner အဖြစ် ပါဝင်ခဲ့သည်။