menu
ဝန်ထမ်းများအား လွယ်ကူ စိတ်ချစွာ လစာ ပေးနိုင်သော နည်းလမ်း
ဝန်ထမ်းများအား လွယ်ကူ စိတ်ချစွာ လစာ ပေးနိုင်သော နည်းလမ်း
ဝန်ထမ်းများအား လွယ်ကူ စိတ်ချစွာ လစာ ပေးနိုင်သော နည်းလမ်း
ဝန်ထမ်းများအား လွယ်ကူ စိတ်ချစွာ လစာ ပေးနိုင်သော နည်းလမ်း

လစာပေးသည့်ဝန်ဆောင်မှု

ရိုးမဘဏ်၏ Payroll Bundle သည် ဝန်ထမ်းများအား လစာပေးရာတွင် မှန်ကန်တိကျကာ အချိန်မီ ဆောင်ရွက်နိုင်မည့် ရိုးရှင်းပြီး အလုပ်ရှုပ်သက်သာသော နည်းလမ်း ဖြစ်ပါသည်။ Payroll Bundle တွင် လူကြီးမင်း လုပ်ငန်းအတွက် လစာပေးသည့် ဝန်ဆောင်မှုနှင့်အတူ ဝန်ထမ်းများအတွက် အထူးဝန်ဆောင်မှုများနှင့် ကမ်းလှမ်းမှုများ ပါဝင်ပါသည်။ 


လုပ်ငန်းရှင်အတွက် အကျိုးကျေးဇူး

ရိုးရှင်းလွယ်ကူသော လစာပေးသည့် ဝန်ဆောင်မှု
လစဉ် ဝန်ထမ်း လစာပေးခြင်းကို ကုန်ကျစရိတ် အနည်းဆုံးနှင့် ရုံးလုပ်ငန်း အနည်းဆုံးဖြင့် ဆောင်ရွက်နိုင်ပါပြီ။

ငွေသားမဲ့ လစာပေးခြင်း
ဝန်ထမ်းများကို လစာပေးရန် ငွေသားကိုင်တွယ်ထိန်းသိမ်းရန် မလိုတော့ပါ။

လုံခြုံစိတ်ချရသော ငွေလွှဲခြင်း
လစာငွေများကို သက်ဆိုင်ရာ ငွေစုစာရင်းများသို့ လုံခြုံစိတ်ချရသောစနစ်ဖြင့် လွှဲပြောင်းနိုင်သည့်အတွက် ငွေအတိုးအလျော့ ပြဿနာများ မရှိတော့ပါ။

အချိန်မီဆောင်ရွက်နိုင်ခြင်း
ဝန်ထမ်းများအား လစာအတိအကျကို အချိန်မီပေးနိုင်မည် ဖြစ်ပါသည်။


ဝန်ထမ်းများအတွက် အကျိုးကျေးဇူးများ

Flexi Everyday ငွေကြေးစီမံခန့်ခွဲမှု
Flexi Everyday MPU debit card ပါဝင်သည့်အတွက် ငွေလွှဲမှုများကို အခမဲ့ ဆောင်ရွက်နိုင်ပါသည်။

အချိန်မရွေးရရှိနိုင်သည့် ဘဏ်ဝန်ဆောင်မှုများ
အွန်လိုင်းနှင့် မိုဘိုင်းဘဏ်ဝန်ဆောင်မှုများကို ၂၄ နာရီ ရယူနိုင်ပါသည်။

မိုဘိုင်းဖုန်းဘေလ်အပိုဆု 
၃% လျှော့ဈေးဖြင့် MPT ၊ ၁.၅% လျှော့ဈေးဖြင့် Telenor & Ooredoo မိုဘိုင်းလ်ဖုန်းဘေလ် ဖြည့်သွင်းနိုင်ခြင်း


Payroll Customers များအတွက် အထူးသီးသန့်ဝန်ဆောင်မှု

ကြိုတင်လစာငွေထုတ်ပေးခြင်းနှင့် လစာချေးငွေရယူနိုင်ခြင်း
အပို ငွေကြေးများ အလွယ်တကူ ရယူနိုင်ပါသည်။

အိမ်ရာချေးငွေအထူးခံစားခွင့်
ရိုးမဘဏ်အိမ်ရာချေးငွေယူသူများအနေဖြင့် ဝန်ဆောင်ခ ဝ.၅% ကင်းလွတ်ခွင့်ရနိုင်ပါသည်။ 


လစာပေးသည့်ဝန်ဆောင်မှု ရယူနိုင်သူများ

  • ဝန်ထမ်းများကို ပေးရမည့် လစာပမာဏအပြည့်ကို ရိုးမဘဏ် ငွေစာရင်းတွင် အပ်နှံထားသည့် လုပ်ငန်းရှင် မည်သူမဆို ဤဝန်ဆောင်မှုကို ရယူနိုင်ပါသည်။