ပရူဒန်ရှယ်အာမခံ
ပရူဒန်ရှယ်
မြန်မာဆိုသည်မှာ မြန်မာနိုင်ငံရှိ ပြည်သူများအတွက် ရေရှည်
ယုံကြည်စိတ်ချရသည့် ကာကွယ်စောင့်ရှောက်မှုနှင့် လိုအပ်ချိန်တွင်
အထောက်အပံ့ဖြစ်စေမည့်စုဆောင်းငွေများ ပိုမို တိုးပွားလာစေမည့် အသက် အာမခံ
ပေါ်လစီ ထုတ်ကုန်များနှင့် နည်းပညာဖြေရှင်းမှုစနစ်များကို ပေးအပ်နေသည့်
အသက်အာမခံလုပ်ငန်းတစ်ခု ဖြစ်ပါသည်။
အကျိုးခံစားခွင့်များ
သင့်လိုအပ်ချက်တိုင်းအတွက် အဆင်ပြေစေမယ့် အစီအစဉ်များသင့်အနာဂတ်ကို စိတ်ချရဖို့ ကြိုက်နှစ်သက်ရာ အာမခံအစီအစဉ်ကို ရွေးချယ်လိုက်ပါ။
သင်ချစ်မြတ်နိုးရသူတွေကို ကာကွယ်ပေးနိုင်ခြင်းအသက်အာမခံဆိုတာ
သင်ချစ်မြတ်နိုးရသူတွေကို သူတို့အနားမှာ အတူ မရှိနေနိုင်ရင်တောင်
ငွေရေးကြေးရေးအရ လုံခြုံစိတ်ချမှု ပေးစွမ်းပြီး ကာကွယ်ပေးထားနိုင်ပါတယ်။
သင့်ရဲ့ ငွေစုဆောင်းလိုတဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ခြင်းသင့်ရဲ့ ငွေကြေးဆိုင်ရာ ပန်းတိုင်များအတွက် အဆင်ပြေစေမယ့် အသက်အာမခံအစီအစဉ် ကို ရွေးချယ်နိုင်ပါတယ်။
ဒစ်ဂျစ်တယ်စနစ်ဖြင့် အားလုံးပါဝင်အသုံးပြုနိုင်မည့် ငွေကြေးဆိုင်ရာ ဂေဟစနစ်တစ်ခု Prudential
Myanmar ၏ အထူးဦးစားပေး ရင်းနှီးမြုပ်နှံထားသည့် နောက်ဆုံးပေါ် ခေတ်မီ
နည်းပညာများအား ရိုးမဘဏ်၏ တစ်နိုင်ငံလုံး အတိုင်းအတာအထိ
ပျံ့နှံ့ရောက်ရှိနိုင်သည့် ဈေးကွက်ကျွမ်းကျင်မှု တို့ဖြင့်ပေါင်းစပ်ပြီး
ရိုးမဘဏ်ဝန်ဆောင်မှု အသုံးပြုသူများမှာ နေရာဒေသ အနှံ့အပြားရှိ
ကြီးမားကျယ်ပြန့်သော ဘဏ်ခွဲကွန်ရက်များမှ တစ်ဆင့် Prudential Myanmar ၏
ရေရှည်အာမခံ စုဆောင်းငွေနှင့် အာမခံအကာအကွယ်များကို ချိတ်ဆက်ရယူနိုင်မည်
ဖြစ်ပါသည်။
ရရှိမည့် ထုတ်ကုန်များ
PRUHealth အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်သည့်အချိန်တွင် ငွေရေးကြေးရေး အကာအကွယ် အကျိုးခံစားခွင့်ရရှိနိုင်ခြင်း
PRUScholarမိမိရင်သွေးအတွက် အဖိုးမဖြတ်နိုင်တဲ့ အကောင်းဆုံးလက်ဆောင်
PRUSaverမိမိအိပ်မက်တွေအကောင်အထည်ဖော်ဖို့အတွက် ငွေစုခြင်း
PRUTermမမြင်နိုင်သော ဘ၀၏အလှည့်အပြောင်းများကို ငွေကြေးဆိုင်ရာ ပူပင်စရာ စိတ်အေးသက်သာစွာ ကြိုတင်စီမံနိုင်ရန်အတွက် တစ်နှစ်တာအသက်အာမခံ
PRUGroup Lifeသင့်ဝန်ထမ်းနဲ့ သူတို့ ချစ်ခင်ရသူတွေရဲ့ အနာဂတ် လုံခြုံစိတ်ချစေဖို့ စုပေါင်းအသက်အာမခံ