ငွေရေးကြေးရေးနည်းပညာအကာအကွယ်များ
ရိုးမဘဏ်၏ ငွေရေးကြေးရေး နည်းပညာအကာအကွယ်များသည် နိုင်ငံခြားငွေ လဲလှယ်ခြင်း၊ ငွေပေးချေခြင်း၊ ငွေစီးဆင်းမှုနှင့် အတိုးနှုန်းစသည်တို့တွင် ဆုံးရှုံးနိုင်ခြေကို နားလည် သဘောပေါက်ပြီး ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ရန် ဝန်ဆောင်ပေးမည့် ဆုံးရှုံးနိုင်ခြေ အကဲဖြတ်ခြင်းနှင့် အကြံပေးခြင်းဝန်ဆောင်မှု ဖြစ်ပါသည်။ ကျွနု်ပ်တို့၏ ဆုံးရှုံးနိုင်ခြေ အကဲဖြတ်ခြင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက လူကြီးမင်း၏ ဆုံးရှုံးနိုင်ခြေ အနေအထားကို သိရှိရန်နှင့် တစ်ဦးချင်း ကာကွယ်ရေးနည်းဗျူဟာများကို ချမှတ်နိုင်ရန် ကူညီပေးပါမည်။
နိုင်ငံခြားငွေလဲလှယ်မှုဆိုင်ရာ ငွေကြေးစာချုပ် (Deliverable Foreign Exchange Forward)
နိုင်ငံခြားငွေလဲလှယ်မှုဆိုင်ရာ ငွေကြေးစာချုပ် သည် ကြိုတင်သတ်မှတ်ထားသည့် ရက်တွင် ငွေပေးချေရန်အတွက် နိုင်ငံခြားငွေများကို နှုန်းထားသတ်မှတ်ရောင်းဝယ်ခြင်းဖြင့် နိုင်ငံခြားငွေလဲလှယ်သည့်ဈေးကွက် အတက်အကျမှ customers များကို ကာကွယ်ပေးထားမည့် စာချုပ်ဖြစ်ပါသည်။ အဆိုပါဝန်ဆောင်မှုဖြင့်
- ပင်မစီးပွားရေးလုပ်ငန်းဆောင်တာများကို အာရုံစိုက်ပြီး နိုင်ငံခြားငွေကြေးလဲလှယ်မှုနှုန်း အတက်အကျမြန်မှုကို စောင့်ကြည့်ရန်အတွက် လူအင်အားအများကြီးမသုံးရခြင်း၊
- သွင်းကုန်ထွက်ကုန်နှင့် ဝန်ဆောင်မှုများ၏ အမြတ်ရနိုင်ခြေကို ကာကွယ်ပေးခြင်း၊
- စီမံချက်များနှင့် ရသုံးမှန်းခြေစာရင်းတွက်ချက်ရာတွင် နိုင်ငံခြားငွေလဲလှယ်မှုနှုန်း အတက်အကျမြန်ခြင်းကို ထိန်းချုပ်နိုင်ခြင်း တို့ဆောင်ရွက်နိုင်ပါသည်။
သတ်မှတ်သဘောတူထားသော ငွေလွှဲနှုန်းဖြင့် ငွေကြေးနှစ်ခုကြား လဲလှယ်ရန် သဘောတူစာချုပ် (Cross Currency Swap)
ငွေကြေးလဲလှယ်ခြင်း သဘောတူညီချက်ဆိုသည်မှာ ငွေကြေး အပြီးလဲလှယ်ခြင်းမဟုတ်ဘဲ ယာယီအားဖြင့် ဘဏ်နှင့် ဘဏ်ဝန်ဆောင်မှုယူသူကြား ငွေကြေးလဲလှယ်ထားခြင်းဖြစ်သည်။ အဆိုပါဝန်ဆောင်မှုသည် customer များ အနေဖြင့် လက်ရှိဈေးကွက်ပေါက်ဈေးဖြင့် ငွေကြေးတစ်ခုမှ နောက်တစ်ခုသို့ လဲလှယ်ပြီး နှုန်းထား သတ်မှတ်၍ နောင်တွင် နဂိုအတိုင်း ပြန်လည်လဲလှယ်ရန် သဘောတူညီချက်ဖြစ်ပြီး customers များကို ငွေလဲလှယ်မှုနှုန်းထားများ အတက်အကျမြန်ခြင်းမှ ကာကွယ်ပေးမည် ဖြစ်ပါသည်။ ရိုးမဘဏ် ငွေကြေး လဲလှယ်မှုသည် ငွေကြေးတစ်ခုဖြင့် ငွေပေးရန်တာဝန်ရှိပြီး နောက်ငွေကြေးဖြင့် ဝင်ငွေရမည့် လုပ်ငန်းမျိုးအတွက် ထိရောက်သော ဝန်ဆောင်မှု ဖြစ်ပါသည်။
သတ်မှတ်သဘောတူထားသော ငွေလွှဲနှုန်းဖြင့် ငွေကြေးတစ်ခုမှ တစ်ခုသို့ လဲလှယ်ရန် သဘောတူစာချုပ် (Currency Swap)
Currency Swap သည် Cross Currency Swap နှင့် ဆင်တူသော သဘောတူစာချုပ်တစ်မျိုးဖြစ်ပြီး ဘဏ်နှင့် တိုက်ရိုက်ငွေကြေးလဲလှယ်ခြင်းမဟုတ်ဘဲ တတိယလူတစ်ဦးဖြင့် client က ငွေကြေးလဲလှယ်ခြင်းဖြစ်သည်။ Cross Currency Swap လိုပင် ကြိုတင်သတ်မှတ်ထားသောနှုန်းထားဖြင့် သတ်မှတ်ထားသော နေ့တွင် ငွေကြေးကို ပြန်လည်လဲလှယ်နိုင်သည်။