အိမ်ရာပိုင်ဆိုင်မှုပြ ချေးငွေ
ရိုးမဘဏ်၏ အိမ်ရာပိုင်ဆိုင်မှုပြ ချေးငွေ (Home Equity Loan) နှင့် ဆိုလျှင် လက်ရှိ ပိုင်ဆိုင်နေထိုင်နေသော အိမ်ရာအား ရင်းနှီးမြှုပ်နှံ၍ မိမိနှင့် မိမိ မိသားစု၏ ကျန်းမာရေး၊ ပညာရေး နှင့် လူမှုရေး အစရှိသည့် ကိုယ်ပိုင်အသုံးစရိတ်များအတွက် လွယ်ကူလျင်မြန်စွာ ချေးငွေလျှောက်ထားနိုင်ပါပြီ။
အားသာချက်များ
- လစဉ် ဝင်ငွေ အနည်းဆုံး (၆) သိန်းကျပ်ဖြင့် လျှောက်ထားနိုင်ခြင်း
- လစဉ် အရစ်ကျစနစ်ဖြင့် လွယ်ကူစွာ ပြန်လည်ပေးဆပ်နိုင်ခြင်း
- မိသားစု အိမ်ထောင်စုဝင်များ အားလုံး၏ ဝင်ငွေဖြင့်လည်း အတူတကွ စုပေါင်း လျှောက်ထားနိုင်ခြင်း
- ချေးငွေ ပြန်လည်ပေးဆပ်ရေး ကာလကို (၃) နှစ် တစ်ကြိမ် သက်တမ်းတိုး၍ အများဆုံး (၁၀) နှစ်အထိ ပေးဆပ်နိုင်ခြင်း
အာမခံထားနိုင်သော အိမ်ရာပိုင်ဆိုင်မှု အမျိုးအစားများ
- ပိုင်ဆိုင်မှု အမည်ပေါက် ရှင်းလင်းခိုင်မာသော ဘိုးဘွားပိုင်မြေ၊ သက်တမ်းရှိ ဂရန်မြေနှင့်တကွ အဆိုပါမြေပေါ်တွင် ဆောက်လုပ်ထားသော အသင့်နေ အဆောက်အဦ
- YCDC, MCDC, NCDC တို့မှ ခွင့်ပြုမိန့် ရရှိထားပြီး ၊ စည်ပင်၊ အိုးအိမ်တို့မှ ထုတ်ပေးသော အမည်ပေါက် နေထိုင်ခွင့်မှတ်တမ်း (Owner Book) ရှိသောမြေနှင့် အဆောက်အဦ
- လူနေထိုင်ခွင့်ကျပြီး အိမ်ရာကော်မတီ ရှိသော တိုက်ခန်းများ၊ ကွန်ဒိုမီနီယမ်၊ မီနီကွန်ဒို
အိမ်ရာပိုင်ဆိုင်မှုပြ ချေးငွေ လျှောက်ထားရန် လိုအပ်ချက်များ
ချေးငွေလျှောက်ထားနိုင်သူများ
- မြန်မာနိုင်ငံသား မှတ်ပုံတင်ရှိသော အသက် (၁၈) နှစ်ပြည့်ပြီး လစဉ်ဝင်ငွေ အနည်းဆုံး (၆) သိန်းကျပ် ရှိသူ လခစားဝန်ထမ်းများ နှင့် လုပ်ငန်းရှင်များ လျှောက်ထားနိုင်ခြင်း
- အသက် (၆၅) နှစ်ကျော်သော ကုမ္ပဏီလခစား ဝန်ထမ်းများ နှင့် လုပ်ငန်းရှင်များအနေဖြင့်မူ အသက် (၆၀) နှစ်အောက် အရွယ်ရောက်ပြီး သားသမီးများ၊ မိသားစုဝင် မောင်နှမအရင်းများနှင့်အတူ ပူးတွဲလျှောက်ထားနိုင်ခြင်း
ချေးငွေလျှောက်ထားရန် တင်သွင်းရမည့် အထောက်အထားများ
- ချေးငွေ လျှောက်ထားသူများ၏ မှတ်ပုံတင်မူရင်းနှင့် သန်းခေါင်စာရင်းမူရင်း
- ချေးငွေ လျှောက်ထားသူ၏ နေရပ်လိပ်စာနှင့် နေထိုင်ကြောင်း ရပ်ကွက်ထောက်ခံစာ (၆ လအတွင်း)
- ချေးငွေ လျှောက်ထားသူ နှစ်ယောက်သည် သန်းခေါင်စာရင်းမတူလျှင် မိသားစု တော်စပ်ပုံ အထောက်အထား (ဥပမာ - လင်မယားဖြစ်ပါက လက်ထပ်စာချုပ် ပူးတွဲပါရှိရမည်)
- ဝန်ထမ်းဖြစ်ကြောင်း ထောက်ခံစာနှင့် ပြီးခဲ့သည့် သုံးလအတွင်းရှိ လစာပြေစာမိတ္တူ (ဝန်ထမ်းများအတွက်)
- ဘဏ်စာရင်းရှင်းတမ်းနှင့် ဝင်ငွေခွန် ပြေစာ
- အခြား အိမ်ပိုင်ဆိုင်မှုနှင့်စပ်လျဉ်းသည့် အထောက်အထားများ
လိုအပ်သော စာရွက်စာတမ်း အပြည့်အစုံအတွက် နီးစပ်ရာ ရိုးမဘဏ်ခွဲရှိ ချေးငွေ ကျွမ်းကျင်သူ ဝန်ထမ်းများနှင့် ဆွေးနွေး တိုင်ပင်နိုင်ပါသည်။
အတိုးနှုန်းနှင့် ဝန်ဆောင်ခ
ပုံမှန် အတိုးနှုန်း
|
တစ်နှစ်လျှင် ၁ဝ % *
|
ရာဖြတ်သူနှင့် ရှေ့နေ့ခ အပါအဝင် လုပ်ငန်း ဆောင်ရွက်မှုဆိုင်ရာ အသုံးစရိတ် ဝန်ဆောင်မှုကြေး
|
အနည်းဆုံး ၂၅၀,၀၀၀ ကျပ် (သို့) ခွင့်ပြု ချေးငွေပမာဏ ၏ ၁.၅%
|
ဒဏ်ကြေး (နောက်ကျကြေး)
| ပေးရန် ကျန်ရှိနေသော လစဉ် ပြန်ဆပ်ငွေ ပမာဏ၏ ၃.၅%
|
ချေးငွေကာလ ပထမ သုံးနှစ်အတွင်း ချေးငွေဆပ်ရာတွင် အစောပိုင်း ချေးငွေပေးသွင်းကြေး
| ကျန်ရှိနေသော ချေးငွေ လက်ကျန် ပမာဏ၏ ၃%
|
|
|
*ချေးငွေသက်တမ်း ကာလအတွင်း အတိုးနှုန်းကို ရိုးမဘဏ်၏ ဆုံးဖြတ်ချက်ကြောင့် သော်လည်းကောင်း၊ ဗဟိုဘဏ်မှ အတိုးနှုန်းထား ပြောင်းလဲခြင်းကြောင့် သော်လည်းကောင်း အချိန်မရွေးပြောင်းလဲ ပြင်ဆင်မှု ရှိနိုင်သည်။
အိမ်ရာပိုင်ဆိုင်မှုပြ ချေးငွေ လျှောက်ထားသည့် Customers များသတိပြုရန် -
ရိုးမဘဏ်မှ အိမ်ရာပိုင်ဆိုင်မှုပြ ချေးငွေ လျှောက်ထားမှုများအတွက် ဖော်ပြထားသည့် ပုံမှန် လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ၀န်ဆောင်ခ မှလွဲ၍ အခြားသော ပြင်ပလုပ်ငန်းစုများမှ တစ်ဆင့် အပိုငွေကြေးများ ကောက်ခံနေခြင်း မရှိပါ။ အိမ်ရာပိုင်ဆိုင်မှုပြ ချေးငွေ အတည်ပြုမှု မြန်ဆန်နိုင်ရန် ပြင်ပလုပ်ငန်းစုများမှ တစ်ဆင့် အခကြေးငွေပေးသွင်းပြီး လုပ်ဆောင်ပါက ဘဏ်နှင့် သက်ဆိုင်မှု မရှိပါကြောင်းနှင့် ချေးငွေလျှောက်ထားမှုများအတွက် စုံစမ်းမှုများကို ဘဏ်နှင့်သာ တိုက်ရိုက် ဆက်သွယ်မေးမြန်းပါရန် အသိပေးအပ်ပါသည်။