ရိုးမဘဏ် အိမ်ရာချေးငွေ
ရိုးမဘဏ် အိမ်ရာချေးငွေဖြင့်ဆိုလျှင် လူကြီးမင်းစိတ်ကြိုက်အိမ်ဝယ်ယူရန်မှာ သော့တစ်ချောင်းလှည့်ရုံလောက်အထိပင် လွယ်ကူပါသည်။ အနီးစပ်ဆုံး ရိုးမဘဏ်ခွဲသို့ သွားရောက်ပြီး ရိုးမဘဏ် ငွေရေးကြေးရေး ကျွမ်းကျင်သူများ၏ အကူအညီဖြင့် အိမ်ရာချေးငွေလျှောက်ထားမှုကို စတင်လိုက်ပါ။
လွယ်ကူစွာလျှောက်ထားနိုင်ခြင်း
ရိုးမဘဏ်၏ အိမ်ရာချေးငွေကျွမ်းကျင်သူများက လျှောက်ထားမှုအဆင့်တိုင်းတွင် ကူညီဆောင်ရွက်ပေးပါမည်။
အနည်းဆုံး ကနဦးပေးချေငွေ
အိမ်ရာချေးငွေအသစ်အတွက် ကနဦးပေးချေငွေအဖြစ် ၃၀ % သာပေးဆောင်ရမည်ဖြစ်ပါသည်။
အဆင်ပြေသောချေးငွေကာလများ
ချေးငွေသက်တမ်း ၂၅ နှစ်အထိရှိပြီး မိမိအဆင်ပြေမည့်ချေးငွေကာလကို ရယူနိုင်ပါသည်။ *
အများဆုံးချေးငွေသက်တမ်းများမှာ အိမ်ရာအမျိုးအစားအပေါ်တွင် မူတည်ပြီးကွဲပြားပါမည်။ *
လွယ်ကူသော လျှောက်ထားမှုအဆင့်လေးဆင့်
ရိုးမဘဏ်၏ အိမ်ရာချေးငွေ ကျွမ်းကျင်သူများက လွယ်ကူသော အိမ်ရာချေးငွေလျှောက်ထားမှုနှင့် လူကြီးမင်း၏ အိမ်ရာချေးငွေအသစ်အတွက် အကောင်းဆုံးချေးငွေကာလကို ရရှိစေရန် ကူညီဆောင်ရွက်ပေးပါမည်။
၁။ ကနဦးထောက်ခံချက်ရယူခြင်း – အနီးဆုံးရိုးမဘဏ်ခွဲကို ဆက်သွယ်ပြီး ရိုးမဘဏ်အိမ်ရာချေးငွေကျွမ်းကျင်သူများနှင့် ချေးငွေလိုအပ်ချက်အကြောင်းကို ဆွေးနွေးတိုင်ပင်လိုက်ပါ။ ထိုဆွေးနွေးမှုမှတစ်ဆင့် လူကြီးမင်းလိုအပ်မည့် ချေးငွေအမျိုးအစားနှင့် အတိုးနှုန်း၊ ကနဦးပေးသွင်းငွေနှင့် လစဉ်ပေးသွင်းရမည့် ငွေပမာဏတို့ကို သတ်မှတ်နိုင်မည်ဖြစ်ပါသည်။
၂။ အိမ်ရှာဖွေခြင်း – အိမ်ရာချေးငွေ ကနဦးခွင့်ပြုပမာဏရရှိပါက တတ်နိုင်သောငွေကြေး ပမာဏနှင့်ကိုက်ညီသော အိမ်ရာကို ရှာဖွေပါ။
၃။ အိမ်ရောင်းသူနှင့် ဆက်သွယ်ပြီး လိုအပ်သော စာရွက်စာတမ်းများပြင်ဆင်ခြင်း – မိမိဝယ်ယူလိုသည့် နေအိမ်ကို တွေ့ရှိပါက အိမ်ရှင်ကို ဆက်သွယ်ပြီး လိုအပ်သော စာရွက်စာတမ်း အထောက်အထားများနှင့် ဖောင်များဖြည့်စွက်ပါ။
၄။ အိမ်ရာချေးငွေ လျှောက်ထားခြင်း – ရိုးမဘဏ်ခွဲတိုင်းတွင် လိုအပ်သော စာရွက်စာတမ်းများတင်သွင်းပြီး အိမ်ရာချေးငွေလျှောက်ထားနိုင်ပါပြီ။ ရိုးမဘဏ်၏ အိမ်ရာချေးငွေကျွမ်းကျင်သူများက ရာဖြတ်ခြင်း၊ ပိုင်ဆိုင်မှု စစ်ဆေးခြင်းနှင့် ဝင်ငွေအထောက်အထားများကို စစ်ဆေးပြီး သီတင်းပတ် နှစ်ပတ်မှ သုံးပတ်အတွင်း အိမ်ရာချေးငွေ ခွင့်ပြု၊မပြု ဆုံးဖြတ်ချက်ကို အကြောင်းပြန်ပေးပါမည်။
အိမ်ရာချေးငွေလျှောက်ထားရန် လိုအပ်ချက်များ
အိမ်ဝယ်သူမှတင်သွင်းရမည့် အထောက်အထားများ
- မှတ်ပုံတင် မူရင်းနှင့် သန်းခေါင်စာရင်းမူရင်း၊
- နေရပ်လိပ်စာမှန်ကန်ကြောင်း ရပ်ကွက်ထောက်ခံစာ၊
- ဝန်ထမ်းဖြစ်ကြောင်းထောက်ခံစာနှင့် ပြီးခဲ့သည့်သုံးလအတွင်းရှိ လစာပြေစာမိတ္တူ (ဝန်ထမ်းများအတွက်)၊
- လုပ်ငန်းလိုင်စင်နှင့် DICA အချက်အလက်များ (ကိုယ်ပိုင်စီးပွားရေးလုပ်သူများအတွက်)၊
- ဘဏ်စာရင်းရှင်းတမ်းနှင့် ဝင်ငွေခွန်ပြေစာ (ဝန်ထမ်းများအတွက်)၊
အိမ်ရောင်းသူမှတင်သွင်းရမည့် အထောက်အထားများ
- မှတ်ပုံတင် မူရင်းနှင့် သန်းခေါင်စာရင်းမူရင်း ၊
- မြေကွက်မြေပုံ (ဖောင်အမှတ်- ၁၀၅) နှင့် မြေပိုင်ဆိုင်မှုသမိုင်းကြောင်း (ဖောင်အမှတ်-၁၀၆)၊
- မြေဂရန်ပိုင်ဆိုင်မှု၊ မြေပိုင်ဆိုင်မှု သို့မဟုတ် သက်ဆိုင်ရာ အရောင်းအဝယ်စာချုပ်မိတ္တူ၊
- အိမ်ဆောက်သူနှင့် မြေပိုင်ရှင်ကြားရှိ စာချုပ် (လိုအပ်ပါက)၊
- တခြား အိမ်ပိုင်ဆိုင်မှုနှင့်စပ်လျဉ်းသည့် အထောက်အထားများ၊
လိုအပ်သော စာရွက်စာတမ်းအပြည့်အစုံအတွက် နီးစပ်ရာ ရိုးမဘဏ်ခွဲရှိ အိမ်ရာချေးငွေကျွမ်းကျင်သူဝန်ထမ်းများဖြင့် ဆွေးနွေးတိုင်ပင်ပါ။
အတိုးနှုန်းနှင့် ဝန်ဆောင်ခ
မြေနှင့် အဆောက်အဦး၊ ကွန်ဒိုနှင့် မီနီကွန်ဒိုများအတွက် ချေးငွေသက်တမ်း ၂၅ နှစ်အထိ
| ကနဦးပေးသွင်းငွေ ၃၀%
|
တိုက်ခန်းများအတွက် ချေးငွေသက်တမ်း ၁၅ နှစ်အထိ
| ကနဦးပေးသွင်းငွေ ၃၀%
|
ပုံမှန် အတိုးနှုန်း
| တစ်နှစ်လျှင် ၁ဝ %
|
ကနဦးပေးသွင်းငွေ ၅၀% မှ စတင်ပေးသွင်းသူများအတွက် အတိုးနှုန်း
| တစ်နှစ်လျှင် ၈ %
|
ရာဖြတ်သူနှင့် ရှေ့နေ့ခအပါအဝင် လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ အသုံးစရိတ် ဝန်ဆောင်မှုကြေး | ခွင့်ပြု ချေးငွေပမာဏ ၏ ၁.၅% (သို့) ၂၅၀,၀၀၀/- ကျပ် |
ဒဏ်ကြေး (နောက်ကျကြေး)
| ပေးရန်ကျန်ရှိနေသော လစဉ်ပြန်ဆပ်ငွေ ပမာဏ၏ ၃.၅%
|
ချေးငွေကာလ ပထမ သုံးနှစ်အတွင်း ချေးငွေဆပ်ရာတွင် အစောပိုင်းချေးငွေပေးသွင်းကြေး | ကျန်ရှိနေသော ချေးငွေ လက်ကျန် ပမာဏ၏ ၃%
|
အိမ်ရာချေးငွေလျှောက်ထားသည့် Customers များသတိပြုရန် - ရိုးမဘဏ်မှ အိမ်ရာချေးငွေလျှောက်ထားမှုများအတွက် ဖော်ပြထားသည့် ပုံမှန်လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ၀န်ဆောင်ခ မှလွဲ၍ အခြားသော ပြင်ပလုပ်ငန်းစုများမှတစ်ဆင့် အပိုငွေကြေးများကောက်ခံနေခြင်းမရှိပါ။ အိမ်ရာချေးငွေအတည်ပြုမှု မြန်ဆန်နိုင်ရန် ပြင်ပလုပ်ငန်းစုများမှတစ်ဆင့် အခကြေးငွေပေးသွင်းပြီးလုပ်ဆောင်ပါက ဘဏ်နှင့် သက်ဆိုင်မှု မရှိပါကြောင်းနှင့် ချေးငွေလျှောက်ထားမှုများအတွက် စုံစမ်းမှုများကို ဘဏ်နှင့်သာ တိုက်ရိုက်ဆက်သွယ်မေးမြန်းပါရန် အသိပေးအပ်ပါသည်။