လစာကြိုတင်ငွေ ထုတ်ယူခြင်း
ရိုးမဘဏ်၏ (SMART အကောင့်များတွင်ရနိုင်သည့်) လစာကြိုတင်ငွေ ဝန်ဆောင်မှုဖြင့် အရေးပေါ်သုံး ငွေလိုအပ်ချက်အတွက် ချေးယူနိုင်ပါသည်။ လစာဝင်ငွေ၏ ၃၀% ကို ကြိုတင်ငွေအဖြစ် လူကြီးမင်း၏ SMART အကောင့်မှတစ်ဆင့် တိုက်ရိုက် ရယူနိုင်ပြီး လစာ ရရှိချိန်တွင် ပြန်လည် ပေးဆပ်နိုင်ပါသည်။
ငွေကြေးလုံခြုံမှုကွန်ရက်
လစာငွေ၏ ၃၀%အထိကို ကြိုတင်ရယူနိုင်သည့်အတွက် အရေးပေါ်ငွေလိုအပ်သည့်အခါ အထောက်အကူပြုပါသည်။
လွယ်လွယ်ကူကူ ချေးငွေဆပ်နိုင်ခြင်း
လူကြီးမင်း၏ SMART အကောင့်မှတစ်ဆင့် နောက်လ လစာမှ ချေးငွေကို အလိုအလျောက်နုတ်ယူသွားပါမည်။
တစ်ကြိမ်သာပေးဆောင်ရမည့် တန်ဖိုးနည်းဝန်ဆောင်ခ
လစာကြိုတင်ငွေတိုင်းအတွက် ပုံသေစာရွက်စာတမ်းကြေးသာ ပေးသွင်းရပါမည်။
လျှောက်ထားရန်လိုအပ်ချက်များ
- လျှောက်ထားသူသည် အသက် ၁၈ နှစ် ပြည့်ပြီးသူဖြစ်ရပါမည်။
- လစာကြိုတင်ငွေထုတ်ယူရန် လုပ်ငန်းရှင်၏ အကြိုခွင့်ပြုချက်ရယူရပါမည်။
- လုပ်ငန်းရှင်က ရိုးမဘဏ် လစာပေးခြင်းဝန်ဆောင်မှုကို အသုံးပြုပြီး လစာငွေကို လူကြီးမင်း၏ ရိုးမဘဏ် SMART အကောင့်သို့ လစဉ် တိုက်ရိုက်အပ်ငွေအဖြစ်ထည့်သွင်းရမည်။
- လစာပေးခြင်းဝန်ဆောင်မှုဖြင့် လစာကို အနည်းဆုံးတစ်လရရှိပြီး ဖြစ်ရမည်။
- ရိုးမဘဏ်နှင့် လက်ကျန်ကြွေးမြီများမရှိရ။
- ရိုးမဘဏ်နှင့် ငွေပေးချေမှုဆိုင်ရာတွင် နောက်ကျပျက်ကွက်ထားသော မှတ်တမ်းမရှိရပါ။
ရုံးလုပ်ငန်းဝန်ဆောင်ခ
ကြိုတင်လစာငွေ ပမာဏ (အများဆုံး ပမာဏ)
| ဝန်ဆောင်ခ
|
<= 80,000
| 1,500 ကျပ်
|
<= 160,000
| 3,500 ကျပ် |
<= 320,000
| 6,000 ကျပ် |
<= 400,000
| 10,000 ကျပ် |
<= 500,000
| 14,000 ကျပ် |
လွယ်ကူသော လျှောက်ထားပုံ အဆင့်လေးဆင့်