မြန်မာနိုင်ငံအခြေစိုက် လူမှုစီးပွားအဖွဲ့အစည်းတစ်ခုဖြစ်သော Proximity Designs နှင့် ရိုးမဘဏ်တို့ ဆန်းသစ်သည့် ငွေကြေးထောက်ပံ့ခြင်း သဘောတူညီမှုဆိုင်ရာ လက်မှတ်ရေးထိုး

လယ်သမားများနှင့် ကျေးရွာအခြေပြု စွန့်ဦးတီထွင်လုပ်ငန်းရှင်များအား ဘဏ္ဍာရေးဆိုင်ရာ ပါဝင်မှု တွန်းအားပေးနိုင်ရန် မြန်မာကျပ်ငွေ ၇ ဒသမ ၃ ဘီလျံ တန်ဖိုးရှိ ငွေကြေးထောက်ပံ့ခြင်း သဘောတူညီမှု ဖြစ်သည်။

ရန်ကုန်၊ မြန်မာ - စက်တင်ဘာ ၅ ရက်၊ ၂၀၁၇ ခုနှစ် ။ ။ Proximity Designs နှင့် ရိုးမဘဏ်တို့သည် မြန်မာ ကျပ်ငွေ ၇ ဒသမ ၃ ဘီလျံရှိ ဆန်းသစ်သည့် Back to Back Funding Agreements ကို လက်မှတ် ရေးထိုးခဲ့ကြသည်။

Proximity Designs သည် ၎င်းတို့၏ အသေးစားငွေချေးလုပ်ငန်းဖြစ်သည့် Proximity Finance ကို လုပ်ကိုင်လျက်ရှိပြီး လက်ရှိ တွင် မြန်မာကျပ်ငွေ ၂၀ ဒသမ ၅ ဘီလျံကျော် ထုတ်ချေးထားနိုင်ခဲ့ကာ ချေးငွေရယူ အသုံးပြုသူပေါင်း ၇၈,၀၀၀ ကျော် ရှိပြီ ဖြစ်သည်။ ရိုးမဘဏ်သည် မြန်မာနိုင်ငံ၏ အကြီးဆုံးဘဏ်များတွင် တစ်ခုအပါအဝင် ဖြစ်ပြီး ဝန်ထမ်းပေါင်း ၃,၀၀၀ ကျော်ရှိကာ နိုင်ငံတစ်ဝန်းတွင် ဘဏ်ခွဲပေါင်း ၇၂ ခု ဖွင့်လှစ်ထားပြီး ဖြစ်သည်။ ရိုးမဘဏ်မှ ပြည်တွင်း၌ မြန်မာကျပ်ငွေဖြင့် အဆင့်ဆင့် ချေးငွေ ထုတ်ပေးနိုင်ခြင်းကြောင့် ယခု ချေးငွေသဘောတူညီမှုသည် Proximity Designs အဖွဲ့အား ပြည်ပမှ အမေရိကန်ဒေါ်လာဖြင့် ငွေကြေးထောက်ပံ့ခြင်းကို အပြည့်အ၀ ကန့်သတ်နိုင်ပြီ ဖြစ်သည်။

မြန်မာဘဏ်လုပ်ငန်းတစ်ခုအနေဖြင့် အသင့်အတင်သာ စိတ်ချရမှုရှိသော အသေးစား ငွေချေးလုပ်ငန်းများသို့ ချေးငွေထုတ်ချေး နိုင်မှုသည် ယနေ့ခေတ်တွင် မကြုံစဖူး ထူးခြားသောအခြေအနေတစ်ရပ် ဖြစ်သည်။ ယခုကဲ့သို့ ရှေ့ဆောင်လမ်းပြဖြစ်သော သဘောတူညီမှုမှတစ်ဆင့် Proximity Designs အား ၎င်းတို့၏ အသေးစားငွေချေးလုပ်ငန်း ထပ်မံတိုးတက်လာစေမည့်အပြင် လယ်သမားပေါင်း ၂၈,၀၀၀ ကျော်နှင့် အခြား ကျေးလက်အခြေပြု စွန့်ဦးတီထွင်လုပ်ငန်းရှင်များအား ၎င်းတို့၏ လုပ်ငန်းများတွင် ရင်းနှီးငွေထည့်ဝင်မှု ပိုမိုလုပ်ဆောင်လာနိုင်မည့် ချေးငွေကို ရယူလာနိုင်မည် ဖြစ်သည်။ 

“ရိုးမဘဏ်က အခုလို Proximity Designs နဲ့ ပူးပေါင်းဆောင်ရွက်မှုကတစ်ဆင့် ဘဏ် အသုံးမပြုနိုင်သေးတဲ့ မြန်မာ ပြည်သူ လူထုကို ချေးငွေထုတ်ချေးနိုင်အောင် ပံ့ပိုးကူညီနိုင်တဲ့အတွက် ဂုဏ်ယူပါတယ်။ ဒီ ငွေကြေးထောက်ပံ့မှုရဲ့ အကျိုးသက်ရောက်မှု က ရိုးမဘဏ်ဟာ အားလုံးပါဝင်နိုင်တဲ့ ဘဏ္ဍာရေးစနစ်ကို ပံ့ပိုးရန် ဆိုတဲ့ ကတိကဝတ်နဲ့ ကျွန်တော်တို့ရဲ့ ကျင့်ဝတ်မှန်ကန် ရိုးမဘဏ် ဆိုတဲ့ ယုံကြည်ချက်ကို ထင်ဟပ်စေပါတယ်” ဟု ရိုးမဘဏ်၏ Special Advisor to the Chairman and CEO ဖြစ်သူ Mr. Hal Bosher က ပြောကြားသည်။

Proximity Finance ၏ CEO ဖြစ်သူ Savoeung Chann ကလည်း " Proximity Finance ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ကူညီ ထောက်ပံ့နိုင်ဖို့ ရိုးမဘဏ်နဲ့ ယခုလို ဆန်းသစ်တဲ့ သဘောတူညီချက်ကို ကြေညာခွင့်ရတာ အလွန်ဝမ်းမြောက်မိပါတယ်။ ဒီ သမိုင်းမှတ်တိုင်ဟာ မြန်မာနိုင်ငံတစ်ဝန်းရှိ လယ်သမားအိမ်ထောင်စုအသစ် ၂၈,၀၀၀ ဆီ ရောက်ရှိပြီ ကူညီပံ့ပိုးမှုတွေ လုပ် ဆောင်နိုင်သလို ကျွန်တော်တို့ရဲ့ ချေးငွေရယူသူနဲ့ ကုန်စည်လက်ခံသူတွေဆီ ပိုပြီး တတ်နိုင်တဲ့ Product တွေကို ပေးအပ်နိုင်ပါ တယ်။ ယခုလိုမျိုး သမိုင်းဝင် သဘောတူညီမှု လုပ်ဆောင်နိုင်ခြင်းဖြင့် ရိုးမဘဏ်၊ ဗဟိုဘဏ်နဲ့ FRD တို့ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ကူညီထောက်ပံ့မှုတွေကို ကျွန်တော်တို့အနေနဲ့ များစွာ အသိအမှတ်ပြုလိုပါတယ်"ဟု ပြောကြားခဲ့သည်။ 

ဆက်စပ် သတင်းများ

menu