Hal Bosher သည် ရိုးမလုပ်ငန်းစု၏ ငွေရေးကြေးရေးဝန်ဆောင်မှု ဒါရိုက်တာ (Director of Financial Services) ရာထူးတာဝန်သစ်ကို တာဝန်ယူမည် ဖြစ်ပြီး ရိုးမဘဏ်ဘုတ်အဖွဲ့ဝင်တစ်ဦး အဖြစ်လည်း ရွေးချယ်တင်မြှောက်ခံရ

ရန်ကုန်၊ မြန်မာ - ဇန်နဝါရီ ၁၇ ရက်၊ Hal Bosher သည် ရိုးမဘဏ်၏ ဘုတ်အဖွဲ့ဝင်တစ်ဦးအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရပြီး ရိုးမလုပ်ငန်းစု၏ CEO Office တွင် ငွေရေးကြေးရေးဝန်ဆောင်မှု၏ ဒါရိုက်တာ (Director of Financial Services) အဖြစ်လည်း တာဝန်ယူဆောင်ရွက်သွားမည် ဖြစ်ကာ ရိုးမလုပ်ငန်းစု၏ အမှုဆောင်အရာရှိချုပ် (CEO) Melvyn Pun ၏ အုပ်ချုပ်မှုအောက်တွင် လုပ်ကိုင်မည် ဖြစ်သောကြောင့် ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက်မှ စတင်၍ Hal Bosher သည် ရိုးမဘဏ်တွင်အမှုဆောင်အရာရှိချုပ် (CEO) အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခြင်းမပြုတော့ဘဲ သူ၏ နေ့စဉ်လုပ်ငန်း လည်ပတ်မှုတာဝန်များကို အသစ်ခန့်ထားမည့် အမှုဆောင်အရာရှိချုပ် (CEO) ထံ လွှဲပြောင်းပေးအပ်သွားမည် ဖြစ်သည်။

ရိုးမဘဏ်၏ အမှုဆောင်ဥက္ကဋ္ဌ ဦးသိမ်းေ၀ @ Mr. Serge Pun က “ လွန်ခဲ့တဲ့ ၆ နှစ်အတွင်း Hal ရဲ့ ပါဝင် ဆောင်ရွက်မှုတွေ၊ ကတိကဝတ်တွေအတွက် ဘုတ်အဖွဲ့ရဲ့ ကိုယ်စား သူ့ကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ရိုးမဘဏ်ကို ခေတ်မီပြီး အနာဂတ်ကို ရှေးရှုလုပ်ကိုင်နိုင်တဲ့ လုပ်ငန်းအဖွဲ့အစည်းတစ်ခုဖြစ်လာအောင် အသွင်ကူးပြောင်းတဲ့နေရာမှာ Hal အနေနဲ့ စွမ်းစွမ်းတမံ ဦးဆောင်နိုင်ခဲ့ပါတယ်။ ငွေရေးကြေးရေးဝန်ဆောင်မှုတွေဟာ ကျွန်တော်တို့လုပ်ငန်းစုရဲ့ အရေးကြီးတဲ့ တိုးတက်မှုတွေကို စွမ်းဆောင်ပေးနိုင်တဲ့လုပ်ငန်းတွေ ဖြစ်ပါတယ်။ အခု Hal ဟာ သူ တာဝန်ယူရမယ့် ရာထူးတာဝန်အသစ် ကနေ ကျွန်တော်တို့ရဲ့ လုပ်ငန်းတွေကို ပိုမိုတိုးတက်မြင့်မားလာအောင် ကူညီပံ့ပိုးပေးနိုင်မယ် လို့ ကျွန်တော် အပြည့်အ၀ ယုံကြည်ပါတယ် ” ဟု ပြောသည်။

ရိုးမဘဏ် ဘုတ်အဖွဲ့ဝင်တစ်ဦးအဖြစ် တာဝန်ယူဆောင်ရွက်ရာတွင် ဘဏ်အတွက် တိုးတက်မှုကို အကျိုးသက်ရောက်စေမည့် မိတ်ဖက်အဖွဲ့အစည်းများနှင့် လိုအပ်သော မဟာဗျူဟာများ ချမှတ်အကောင်အထည်ဖော်ခြင်းကို အာရုံစိုက်လုပ်ဆောင်သွား မည် ဖြစ်သည်။ ထို့ပြင် ရိုးမဘဏ်၏ အမှုဆောင်အရာရှိချုပ် (CEO) အသစ် ခန့်ထားနိုင်ရေးတွင်လည်း Hal ကိုယ်တိုင် ဦးဆောင်လုပ်ကိုင် သွားမည် ဖြစ်ပြီး ယင်းကာလအတွင်း Hal သည် အမှုဆောင်အရာရှိချုပ် (CEO) ရာထူးကို ဆက်လက်တာ ဝန်ယူကာ ကောင်းမွန်သော အကူးအပြောင်းတစ်ရပ် ဖြစ်ပေါ်လာစေရေးအတွက် ရိုးမဘဏ်၏ စီမံခန့်ခွဲမှုအဖွဲ့နှင့်အတူ အနီးကပ် ပူးပေါင်းဆောင်ရွက်သွား မည် ဖြစ်သည်။

ငွေရေးကြေးရေးဝန်ဆောင်မှု ဒါရိုက်တာ (Director of Financial Services) အဖြစ် တာဝန်ယူဆောင်ရွက်ရာတွင် Hal အနေဖြင့် ရိုးမလုပ်ငန်းစုအတွက် ငွေရေးကြေးရေးဝန်ဆောင်မှုကဏ္ဍရှိ အမျိုးမျိုးသော လုပ်ငန်းများ၏ စွမ်းဆောင်ရည် တိုး တက်လာစေရေးနှင့် လုပ်ငန်းဖွံ့ဖြိုးမှု ရှိစေရေးကို ပဲ့ကိုင်ဦးဆောင်သွားရမည် ဖြစ်သည်။

Hal Bosher က “ပြီးခဲ့တဲ့နှစ်တွေမှာ အားလုံးရဲ့ ပံ့ပိုးမှုတွေအတွက် ရိုးမဘဏ်အဖွဲ့သားအားလုံးကို ကျေးဇူးတင်ကြောင်း  ပြောလိုပါတယ်။ ကျွန်တော့်ရဲ့ ရာထူးတာဝန်အသစ်မှာ အခြားသော ဘုတ်အဖွဲ့ဝင်တွေ၊ ဝန်ထမ်းတွေနဲ့ အတူတူ ဆက်လက်ပြီး အလုပ်လုပ်ခွင့်ရဖို့ မျှော်လင့်ပါတယ်။ ဒါ့ပြင် ရိုးမဘဏ်ဟာ ကမ္ဘာတစ်လွှားရှိ စိတ်လှုပ်ရှားစရာအကောင်းဆုံးဈေးကွက်ထဲက တစ်ခုမှာ အလားအလာကောင်းတွေ ရယူနိုင်အောင် သေချာလုပ်ဆောင်သွားမယ်လို့လည်း မျှော်လင့်ပါတယ်” ဟု  ပြောကြားခဲ့သည်။

ဆက်စပ် သတင်းများ

menu