ရိုးမဘဏ်က Facebook ၏ Workplace ကို အသုံးပြု၍ “One Bank” ရည်မှန်းချက်ကို အကောင်အထည်ဖော် မောင်းနှင်ခြင်း

ရိုးမဘဏ်သည် Facebook နှင့်လက်တွဲ၍ ဝန်ထမ်းအားလုံးပါဝင်နိုင်သော၊ ထုတ်လုပ်မှုစွမ်းရည် မြင့်မားသော လုပ်ငန်းခွင်ကို ဖန်တီးလိုက်နိုင်ပြီ ဖြစ်သည်။

ရန်ကုန်၊ မြန်မာ။ အောက်တိုဘာ ၁၇ရက်၂၀၁၆ မြန်မာနိုင်ငံရှိ ဘဏ်လုပ်ငန်းနယ်ပယ်တွင် နည်းပညာနှင့်ဆက်သွယ်ရေး အခြေခံအဆောက်အအုံအားနည်းမှုရှိသည်ကို အားလုံးသိရှိထားပြီးဖြစ်ပါသည်။ ယနေ့အထိပင် များစွာသော ဘဏ်ခွဲများသည် နည်းပညာကိုအကန့်အသတ်ဖြင့် အသုံးပြုနေရပြီး ဘဏ်ခွဲတစ်ခုနှင့်တစ်ခု ဆက်သွယ်ပြောဆိုမှုသည် ကျယ်ကျယ်ပြန့်ပြန့်မရှိသေးပေ။ မကြာသေးခင်နှစ်များအတွင်းက ပုဂ္ဂလိကဘဏ်များသည် ဝယ်သူစိတ်ကြိုက် ထုတ်ကုန်များ မိတ်ဆက်နိုင်ရန်အတွက် Core Banking System တွင် ရင်းနှီးမြှုုပ်နှံမှုများ ပြုလုပ်ခဲ့သည်။ ရိုးမဘဏ်သည်လည်း မကြာသေးခင်ကပင် Misys ၏  Fusion  Banking  Essence  (FBE)  ကို စတင်မိတ်ဆက်အသုံးပြုခဲ့ပြီဖြစ်သည်။ ချောမွေ့သော ဆက်သွယ်ရေးသည် နည်းပညာသစ်များနှင့် ပေါင်းစည်းဆောင်ရွက်ရာတွင် အရေးပါသကဲ့သို့ ခို င်မာသော လုပ်ငန်းကုမ္ပဏီယဉ်ကျေးမှုတစ်ရပ် ဖန်တီးတည်ဆောက်ရာတွင်လည်း များစွာ အရေးကြီးသည်ကို ရိုးမဘဏ်အနေဖြင့်လက်ခံယုံကြည်ထားသည်။

အသစ်မိတ်ဆက်လိုက်သည့်  Facebook ၏  Workplace သည် ဆက်သွယ်ရေး စင်မြင့်သစ်တစ်ခုဖြစ်ပြီး လူအများရင်းနှီးပြီးသားဖြစ်သည့် Facebook ၏ Feature များကဲ့သို့ပင် News Feed ၊ Group များ၊ Message ပေးပို့ခြင်းများပါဝင်သည်။ Royal Bank  of  Scotland  ၊  Starbucks ၊  Booking.com စသည့်ကမ္ဘာကျော် ကုမ္ပဏီများနှင့်အတူ ရိုးမဘဏ်က  Facebook ၏တစ် ကမ္ဘာလုံးဆိုင်ရာ စတင်မိတ်ဆက် အသုံးပြုခွင့်ရသည့် ကုမ္ပဏီလုပ်ငန်းများတွင် ပါ၀င်ခွင့်ရသည့်အတွက် ဂုဏ်ယူ၀   မ်းမြောက်လျက်ရှိပါသည်။

“Workplace ဟာ ရိုးမဘဏ်အတွက် လုပ်ငန်းတွင်း အချင်းချင်း ပြောဆိုဆက်သွယ်ဖို့ ယခုဒီဂျစ်ဒယ်    နည်းပညာကို အသုံးပြုပြီး မိုဘိုင်းေခတ်သစ်ကိုဆောင်ကြဉ်းပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အခုဆိုရင် ရိုးမဘဏ် ဝန်ထမ်း၃၀၀၀ကျော်ဟာ သတင်းအချက်အလက်တွေကို ရယူတာ၊ ကိုယ့်အတွေးအမြင်တွေကို မျှေ ဝတာအပြင် ကိုယ့်ရဲ့သဘောထားတွေကို ထုတ်ဖော်ပြောဆိုနိုင်လာပါတယ်” ဟု ရိုးမဘဏ်၏ Special Advisor to Chairman & CEO ဖြစ်သူ Hal Bosher ကပြောကြားသည်။

“Workplace ကို လုပ်ဆောင်ရတဲ့ အဓိက ရည်မှန်းချက်ကတော့ ရိုးမဘဏ်လို ကုမ္ပဏီတွေကို ဝန်ထမ်းအချင်းချင်း ပြောဆိုဆက်သွယ်ရာမှာ လွယ်ကူစေအောင်၊ အဖွဲ့အစည်းအတွင်း အတူတူအလုပ်လုပ်ဆောင်နိုင်အောင် ကူညီနိုင်ဖို့ဖြစ်ပါတယ်။ Workplace က လုပ်ငန်းအဖွဲ့အစည်းရဲ့ ငွေကြေးကုန်ကျမှု၊ အချိန်အလဟဿဖြစ်မှုတို့ကို လျှော့ချပေးနိုင်တဲ့ အကျိုးကျေးဇူးအပြင် ဝန်ထမ်း  အချင်းချင်း လုပ်ငန်းတွေအတူတကွ ပေါင်းစည်းလုပ်ကိုင်ဖို့ တိုးတက်လာစေအောင် ဆောင်ကြဉ်းပေးနိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ရိုးမဘဏ်ဟာ ယခုလို Workplace ကို ကနဦးအဆင့်မှာကတည်းက အသုံးပြုနိုင်ခဲ့တဲ့အပြင် ပူးပေါင်းဆောင်ရွက်မှုရှိစွာနဲ့ လုပ်ငန်းတွေ တိုး တက်အောင် လုပ်ဆောင်နေတဲ့အတွက် တကယ်ကို ဝမ်းသာဂုဏ်ယူမိပါတယ်” ဟု Facebook မှ အာရှပစိဖိတ်ဒေသ Workplace ဌာနတာ   ဝန်ခံ Ramesh Gopalkrishna က ပြောကြားသည်။

Workplace သည် လက်ရှိသုံးစွဲနေသော ပုဂ္ဂိုလ်ရေးသုံး  Facebook နှင့် သုံးစွဲပုံသုံးစွဲနည်း တူညီသော်လည်း သီးခြားApplication ကိုအသုံးပြုထားပါသည်။ ရိုးမဘဏ် ဝန်ထမ်းများသည်လည်း ပုဂ္ဂိုလ်ရေး  Facebook  Account  ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ  Workplace ကို ကွန်ပျူတာနှင့်ရော မိုဘိုင်းဖုန်းနှင့်ပါ အသုံးပြုနိုင်ပါသည်။  Workplace တွင် မျှ၀ေသော သတင်းများ အချက်အလက်များ အားလုံးသည်  Workplace အတွင်း၌သာရှိပြီး ယင်းကိုအသုံးပြုသည့် ကုမ္ပဏီအတွင်းရှိဝန်ထမ်းများက သိရှိခွင့်၊ မျှ၀ေခွင့် ရှိမည်ဖြစ်သည်။

 “Workplace  က ကျွန်မတို့ ကုမ္ပဏီ ရုံးတွင်းပြောဆိုဆက်သွယ်ရေးမှာ ပိုမိုကောင်းမွန် တိုးတက်လာပါတယ်။ ဘဏ်ခွဲ  ဝန်ထမ်းတွေကစီမံခန့်ခွဲမှု ဘုတ်အဖွဲ့ကိုတိုက်  ရိုက်ပြောဆိုခွင့်ရှိလာတဲ့အပြင် ကုမ္ပဏီရဲ့ အထက်အရာရှိတွေကနေ အားလုံးသော ဝန်ထမ်းတွေအထိ ပွင့်လင်းမြင်သာမှု ပိုရှိလာပါတယ်။   Workplace ကမြန်ဆန်ပြီး ထိရောက်တဲ့ဆက်သွယ်မှုရအောင် အများကြီးကူညီပေးပါတယ်” ဟု ရိုးမဘဏ် Communication and Marketing ၏ Deputy Head မမေဦးက ပြောသည်။
menu