ရိုးမဘဏ်က Myanmar Employer Awards (2020) တွင် Main Sponsor အနေဖြင့် ပူးပေါင်းပါဝင်

ယခုနှစ်တွင် မြန်မာနိုင်ငံ လူ့စွမ်းအားအရင်းအမြစ် အခန်းကဏ္ဍကို မြှင့်တင်ပေးနိုင်ခဲ့ သည့် လုပ်ငန်းကုမ္ပဏီများအတွက် ရည်ရွယ်၍ JobNet နှင့် မိတ်ဖက်ကုမ္မဏီများမှ ပူးပေါင်းကာ Facebook Online မှတစ်ဆင့် Myanmar Employer Awards ပွဲတော်ကို ကျင်းပပြုလုပ်ပေးခဲ့ပါသည်။

ရန်ကုန်၊ မြန်မာ ဒီဇင်ဘာလ ၁၁ ရက်၊ ၂၀၂၀ – မြန်မာနိုင်ငံရှိအတိုးတက်ဆုံးသောဘဏ်များထဲမှ တစ်ခုဖြစ် သော ရိုးမဘဏ်သည် Jobnet.com.mm က ကြီးမှူးကျင်းပသော Myanmar Employer Awards ပွဲတွင် Main Sponsor အဖြစ် ပူးပေါင်းပါဝင်ခဲ့ပါသည်။

Myanmar Employer Awards ကို ဦးဆောင် ကျင်းပခဲ့သော JobNet သည် မြန်မာနိုင်ငံ၏ အကျယ်ပြန့်ဆုံးနှင့် လူသုံးအများဆုံးသော အလုပ်အကိုင်ရှာဖွေရေး Online Digital ကွန်ရက်ကုမ္ပဏီတစ်ခုဖြစ်သည်။ Myanmar Employer Awards ကို ၂၀၁၇ ခုနှစ်မှစတင်၍ နှစ်စဉ်ကျင်းပခဲ့ပြီး လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှု အားအ ကောင်းဆုံးလေ့ကျင့်ပျိုးထောင်ပေးနိုင်စေရန် အားပေး၊ အသိအမှတ်ပြု၍ ကျင်းပခြင်း ဖြစ်ပါသည်။

ရိုးမဘဏ်၏ Chief People Officer နန်းခင်ခင်ကြီးမှ အဖွင့်အမှာစကား ပြောကြားခဲ့ရာတွင် ရိုးမဘဏ်သည် ဩဂုတ်လတွင် စစ်တွေဘဏ်ခွဲမှ ဝန်ထမ်းတစ်ဦး ကိုဗစ်တွေ့ရှိခြင်းမှစတင်၍ ထိုဘဏ်ခွဲရှိဝန်ထမ်းများအားလုံး ကို ဟိုတယ် quarantine ထားရှိပေးခဲ့ပြီး မြန်မာတစ်နိုင်ငံလုံးရှိ ရိုးမဘဏ် ဝန်ထမ်းများသည်လည်း တရားဝင် ကြေညာမှုများ မပြုလုပ်ရသေးခင်မှာပင် ဘဏ်ခွဲဖွင့်လှစ်နိုင်ရန် စေတနာ့ဝန်ထမ်းအဖြစ် ဝိုင်းဝန်း ကူညီပေးခဲ့ကြသည်။ 
ယင်းဖြစ်စဉ်သည် ရိုးမဘဏ်ရှိ ဝန်ထမ်းများအားလုံး၏ အစဉ်အလာတစ်ခုဖြစ်သည့် Customer အပေါ် ပထမ ဦးစား ပေးအဖြစ် ထားရှိသော တူညီသည့် တန်ဖိုးပင်ဖြစ်သည်။ ယင်းသည် ရိုးမဘဏ်ဝန်ထမ်းအားလုံး၏ နှလုံးသားနှင့် စိတ်ထဲတွင် အလုပ်အပေါ် အလေးအနက်ထား ဂရုစိုက်ခြင်း နှင့် ကိုယ်ချင်းစာ ညှာတာမှု အပြင် ဝန်ဆောင်မှုပေးနေ သူများအားလုံးကို အကောင်းဆုံးဆိုသည့် အရာများသာ ပေးအပ်ချင်သော “နှလုံးသားအရင်းခံ” စိတ်ရင်းများ၏ သရုပ်မှန်များပင် ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

နန်းခင်ခင်ကြီးသည် လွန်ခဲ့သော လေးနှစ်က ရိုးမဘဏ်ကို Chief Auditor အဖြစ် စတင်ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ယခုလက်ရှိတွင် Chief People Officer တာဝန်သို့ ပြောင်းလဲထမ်းဆောင်ကာ လူအများအတွက် မိမိကျွမ်းကျင် သောနယ်ပယ်အပြင်အခြား မိမိစိတ်ဝင်စားရာ လုပ်ငန်းနယ်ပယ်သစ်တစ်ခုတွင် မည်သို့ အောင်မြင်အောင် ကြိုးစား နေထိုင်နိုင်ကြောင်းကို စံပြအနေဖြင့် လေးစားအတုယူဖွယ် ပြသပေးနိုင်ခဲ့သူပင်ဖြစ်ပါသည်။

“ Myanmar Employer Award 2020 မှာ ဆုရရှိခဲ့ကြတဲ့ ပြည်တွင်း၊ ပြည်ပကုမ္ပဏီအားလုံးနဲ့ ဒီဆုတွေပေးအပ်နိုင်ဖို့ ကြိုးစားလုပ်ဆောင်ခဲ့ကြတဲ့သူတွေအားလုံးအတွက် ဂုဏ်ယူဝမ်းမြောက်ပါတယ်။ ရိုးမဘဏ်ရဲ့ရည်ရွယ်ချက်ဖြစ်တဲ့ “ပြည်သူလူထု အတွက် ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံတော် တည်ဆောက်ရန်” ကို အကောင်အထည်ဖော်နိုင်ဖို့ ခိုင်မာသာ အခြေခံအုတ်မြစ် တစ်ခုကို ချမှတ်နိုင်ခဲ့တယ်လို့ ယုံကြည်ပါတယ် ” ဟု ထပ်လောင်း ပြောကြားခဲ့သည်။ 

ဆက်စပ် သတင်းများ

menu