ရိုးမဘဏ်သည် မြန်မာနိုင်ငံ၏ ပထမဦးဆုံး Online စနစ်သုံး ကုန်စည် ဖြန့်ဖြူးသယ်ယူပို့ဆောင်မှု ဝန်ဆောင်ပေးသော ကုမ္ပဏီ ဖြစ်သည့် Kargo အား အသေးစား အလတ်စား လုပ်ငန်းသုံး အပေါင်ပစ္စည်းမဲ့ချေးငွေ ဝန်ဆောင်မှုအသစ်ကို ပေးအပ်

သိန်း ၂,၀၀၀ တန်ဖိုးရှိ အသေးစား  အလတ်စား လုပ်ငန်းသုံး အပေါင်ပစ္စည်းမဲ့ချေးငွေ သဘောတူညီမှုနှင့်အတူ Kargo သည် ၎င်း၏ ဝန်ဆောင်မှုပေးသူ ကုန်တင်ယာဉ် မောင်းသူများကို တစ်နေ့တည်းတွင် ငွေပေးချေနိုင်မည့်အပြင် အခြားသောအကျိုးရလဒ်များကို ရရှိစေနိုင်

ရန်ကုန်၊ မြန်မာ။    ။ မတ်လ ၂၁ ရက်၊ ၂၀၁၉ ခုနှစ် – Kargo ၏ လက်ခံရရှိမည့် ငွေစာရင်း ပမာဏအပေါ်မူတည်၍ ပေးအပ်သည့် သိန်း ၂,၀၀၀ တန်ဖိုးရှိအသေးစား  အလတ်စား လုပ်ငန်းသုံး အပေါင်ပစ္စည်းမဲ့ချေးငွေဝန်ဆောင်မှု  သဘောတူညီချက် ကို မတ်လ (၁၁) ရက်နေ့က ရိုးမဘဏ် နှင့် Kargo အကြား လက်မှတ်ရေးထိုးခဲ့ကြသည်။ ယင်းငွေကြေး သဘောတူညီမှုနှင့်အတူ ရိုးမဘဏ်သည် Kargo ၏ ငွေလက်ခံရရှိမည့်စာရင်းပမာဏအပေါ်အခြေခံ၍ အပေါင်မဲ့ ပစ္စည်းချေးငွေ ကို ပံ့ပိုးပေးသွားမည် ဖြစ်သည်။ ကနဦး ချေးငွေပမာဏမှာ သိန်း ၂,၀၀၀ ဖြစ်ပြီး  Kargo ၏ လုပ်ငန်းတိုးတက်မှုနှင့်အတူပိုမို ရရှိလာမည့် ချေးငွေပမာဏလည်းဖြစ်သည်။  

ရိုးမဘဏ်၏ အသေးစား  အလတ်စား လုပ်ငန်းသုံး အပေါင်ပစ္စည်းမဲ့ချေးငွေ ဝန်ဆောင်မှုဖြင့် Kargo သည် ကုန်တင်ကားယာဉ်မောင်းများအား ဝန်ဆောင် လုပ်အားခပေးချေခြင်းကို တစ်နေ့တည်းတွင် ပေးချေနိုင်မည့်အပြင် Kargo အသုံးပြုသူ Customer များပိုမို များပြားလာစေရန်အတွက်လည်း လုပ်ဆောင်နိုင်မည်ဖြစ်ကာ  ၎င်းတို့၏  ငွေတောင်းခံလွှာများ ကိုလည်း ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်မည်  ဖြစ်သည်။

 ရိုးမဘဏ်သည် မြန်မာနိုင်ငံရှိ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများကို ကြီးထွားလာစေရန် အဓိကထား အားပေးသည့် ဘဏ်တစ်ခုဖြစ်သည့် အားလျော်စွာ ဘဏ်၏ အသေးစား  အလတ်စား လုပ်ငန်းသုံး အပေါင်ပစ္စည်းမဲ့ ချေးငွေသည် အသေးစား အလတ်စား လုပ်ငန်းများ အထူးသဖြင့် နိုင်ငံတကာလုပ်ငန်း အဖွဲ့အစည်းကြီးများ ကိုချိတ်ဆက်၍ ဝန်ဆောင်မှုပေးသောအခါ အခက်အခဲ ဖြစ်နိုင်သည့် ငွေကြေးလည်ပတ်ခြင်း ဆိုင်ရာ စီမံခန့်ခွဲမှုပြဿနာများကို ဖြေရှင်းပေးနိုင်မည် ဖြစ်သည်။ ယခု လက်မှတ်ရေးထိုးခဲ့သော အသေးစား  အလတ်စား လုပ်ငန်းသုံး အပေါင်ပစ္စည်းမဲ့ချေးငွေသည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ အသေးစား အလတ်စား လုပ်ငန်းများအတွက် အပေါင်ပစ္စည်းမဲ့ချေးငွေ ဆိုင်ရာ ထုတ်ပြန်ချက်များ ကြေညာပြီးနောက် ရိုးမဘဏ်၏ သဘောတူလက်မှတ်ရေးထိုးသည့် အသေးစား အလတ်စား လုပ်ငန်း ကဏ္ဍအတွက် ပထမဆုံး ပေးအပ်သည့် အပေါင်ပစ္စည်းမဲ့ချေးငွေ ဖြစ်သည်။

ရိုးမဘဏ်သည် စီးပွားရေးလုပ်ငန်းများ၏ လုပ်ငန်းလည်ပတ်မှုဖြစ်စဉ် တစ်ခုလုံး၏ လိုအပ်ချက်ပေါ်မူတည်၍ အထောက်အကူ  ပြုသည့်  အမျိုးမျိုးသော အသေးစား  အလတ်စား လုပ်ငန်းသုံး အပေါင်ပစ္စည်းမဲ့ချေးငွေ Product များကို ဖန်တီး မိတ်ဆက်လျက်ရှိ သည်။ ထို့အပြင် ရိုးမဘဏ်သည် အသေးစား အလတ်စားလုပ်ငန်း Customer များ၏ အကြံပြုမှုများကို ထည့်သွင်းစဉ်းစား၍ ၎င်းတို့၏ လိုအပ်ချက်နှင့် ကိုက်ညီစေမည့် အမျိုးမျိုးသော အသေးစားအလတ်စား လုပ်ငန်း Product များကို ဖန်တီး ဝန်ဆောင်ပေးရန် လုပ်ဆောင်လျက်ရှိသည်။
 
“မြန်မာနိုင်ငံရဲ့ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းတွေကို အားပေးကူညီနိုင်တဲ့ ဆန်းသစ်တဲ့ Product တွေနဲ့အတူ ရိုးမဘဏ်က အမြဲရှာဖွေဝန်ဆောင်မှုပေးလျက်ရှိပါတယ်။ အပေါင်ပစ္စည်းမဲ့ချေးငွေ ဆိုတာ လုပ်ငန်းရဲ့ ဝင်ငွေ ထွက်ငွေနဲ့ လည်ပတ်မှု ပေါ်မူတည်ပြီး ထုတ်ချေးတဲ့  ချေးငွေအမျိုးအစားတစ်ခုဖြစ်တာကြောင့် ဒါဟာ အသေးစားလုပ်ငန်းတွေအတွက်   ရှေရှည်တိုး တက်နိုင်ဖို့  ရိုးမဘဏ်အနေနဲ့ ပံ့ပိုးပေးတဲ့ ပထမဆုံး ချေးငွေအမျိုးအစားလည်း ဖြစ်ပါတယ်။ Kargo လို နည်းပညာအသုံးချ ဆန်းသစ်တဲ့ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်း အမျိုးအစား လုပ်ငန်းတွေ ဈေးကွက်ထဲမှာ ဆက်လက်ရပ်တည် တိုးတက်လာဖို့ ရိုးမဘဏ်က မျှော်လင့်ပါတယ်”  ဟု ရိုးမဘဏ်၏ CEO ဖြစ်သူ Hal Bosher ကပြောသည်။

Kargo သည် တစ်နိုင်တစ်ပိုင် ယာဉ်မောင်းများ ၊ ကုန်တန်ကား ပိုင်ရှင်များ နှင့် 3PLs နှင့် Logistic ကုမ္ပဏီများ လိုအပ်သည့် ယုံကြည်စိတ်ချရပြီး ကုန်ပစ္စည်း ဖြန့်ဖြူးမှုကို ခြေရာခံ နိုင်သည့် စနစ်များနှင့် မြန်မာတစ်နိုင်ငံလုံးကို ကုန်ပစ္စည်းများ ဖြန့်ဖြူးနေသော မြန်မာနိုင်ငံ၏ ပထမဦးဆုံး Online စနစ်သုံး  သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုပေးသည့်  ကုမ္ပဏီ တစ်ခုဖြစ်သည်။ ရန်ကုန်နှင့် နီးစပ်ရာဒေသတွင်းရှိ ကုန်တင်ကားယာဉ်မောင်း  ကို၂,၀၀၀ နီးပါးကို ချိတ်ဆက်ထားပြီး အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများ နှင့် ကော်ပိုရိတ် လုပ်ငန်းကြီးများ အတွက် ကုန်စည်သယ်ယူပို့ဆောင်ခြင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြန့်ဖြူးပို့ဆောင် နေသည့် Online စနစ်သုံးကုန်စည်သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှု တစ်ခုလည်း ဖြစ်သည်။ 
၂၀၁၆ ခုနှစ်တွင် Kargo ကို Alex Wicks က သူ၏ ကိုယ်ပိုင်ငွေကြေးဖြင့် စတင်တည်ထောင်ခဲ့သော်လည်း ၂၀၁၇ ခုနှစ်တွင်လုပ်ဆောင်ခဲ့သည့်  ကနဦး ရင်းနှီးမြုပ်နှံထည့်ဝင်မှု ဖိတ်ခေါ်ပွဲတွင် စင်္ကာပူ စွန့်ဦးရင်းနှီးမြုပ်နှံမှုကုမ္ပဏီ “SEED Myanmar” နှင့် Angel Investor များက  ရင်းနှီးထည့်ဝင်မှုပြုခဲ့ပြီး ယင်းထည့်ဝင်မှုများဖြင့် လုပ်ငန်းကို လည်ပတ်ခဲ့သည်။  ထို့အပြင် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် GSMA မှ ဂဏန်ခြောက်လုံး ပမာဏ ထောက်ပံ့ကြေး ပံ့ပိုးမှုသည် Kargo ကို မြန်မြန်ဆန်ဆန်နှင့် လုပ်ငန်း ချဲ့ထွင်နိုင်အောင် အားပေးကူညီနိုင်ခဲ့သည်။ ၂၀၁၈ ခုနှစ် ဇူလှိုင်လတွင် Kargo သည် စင်္ကာပူအစိုးရ၏ Startups SG ဆု ရရှိခဲ့ပြီး ဆုငွေ အမေရိကန်ဒေါ်လာ ၅၀,၀၀၀  ရရှိခဲ့သည်။ ထို့အပြင် Echelon top 100 Start-up Competition တွင် “Best Logistics and Supply Chain Startup” ဆု ကို ရရှိခဲ့သည်။

 “ Kargo ကို ပထမဆုံးလုပ်ငန်းစတင်တုန်းကဆိုရင် ဈေးနှုန်းအနေအထားအရ ရှုပ်ထွေးပြီးနားလည်ဖို့ ခက်ခဲတဲ့သတ်မှတ်ပုံ တွေနဲ့  ဈေးကွက်ပျက်နေတဲ့ အခြေအနေကနေ စခဲ့ရတယ်။ ဟု Kargo ၏ စတင်တည်ထောင်သူနှင့် CEO ဖြစ်သူ Alex Wicks ကပြောသည်။ “ အခုဆိုရင် တစ်ပိုင်တစ်နိုင် ကုန်တင်ကား ယာဉ်မောင်းတွေ ၊ ကားပိုင်ရှင်တွေ ၊ 3PLs နှင့် စီးပွားရေးလုပ်ငန်းသုံး ကုန်တင်ကား ကုမ္ပဏီတွေ အပါအဝင် ၂,၀၀၀ နီးပါ ချိတ်ဆက်ထားတဲ့ ယာဉ်မောင်းကွန်ယက်က တဖြည်းဖြည်းနဲ့ ကျယ်ပြန့်လာပြီး ယနေ့ အချိန်အထိ ဖြန့်ဖြူးသည့် ကုန်စည်လမ်းကြောင်း ၅,၀၀၀ ကျော်ရှိပြီး ဖြစ်ပါတယ်။ Kargo ကို အသုံးပြုနေကြတဲ့ Consumer တွေရော ယာဉ်မောင်းတွေပါ မျှတမှုရှိတဲ့ ဈေးနှုန်းနဲ့ အကောင်းဆုံး ကုန်စည်ဖြန့်ဖြူးသယ်ယူပို့ဆောင်ရန်ဆိုတဲ့ Kargo ရဲ့ ရေရှည် ရည်မှန်းချက်ကို အမြဲအဓိကထားလုပ်ဆောင်တဲ့အတွက် ယခု ရိုးမဘဏ်ရဲ့ ပံ့ပိုးကူညီတဲ့ ဒီချေးငွေနဲ့အတူ Kargoက  လုပ်ငန်းတွေကို တိုးချဲ့နိုင်မှာ ဖြစ်ပြီး ယာဉ်မောင်းတွေရဲ့ ဝင်ငွေတွေ တိုးတက်လာအောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

Kargo အကြောင်း
Kargo သည် ကုန်တင်ကားမျိုးစုံကို စုဝေးပေးထားသော      မြန်မာနိုင်ငံ၏အကြီးမားဆုံး သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှု စနစ်တစ်ခုဖြစ်ပြီး  စီးပွားရေး လုပ်ငန်းများ၊  အသေးစား လုပ်ငန်းများ နှင့်ပူးပေါင်းကာ ကုန်စည်များကို နိုင်ငံအတွင်း အလွယ်တကူ သယ်ယူပို့ဆောင်နိုင်ရန် ဆောင်ရွက်ပေးတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။
Kargo သည်မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော online စနစ်သုံး သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုု ပေးသည့် ကုမ္ပဏီဖြစ်ပြီး၊ တစ်နိုင်တစ်ပိုင်ယာဉ်မောင်းများ၊ ကုန်တင်ကား ပိုင်ရှင်များ၊ 3PLs နှင့် Logistic ကုမ္ပဏီများကို  တိုက်ရိုက် ထောက်ပံပေးပြီး၊  စိတ်ချယုံကြည်ရခြင်း၊ ကုန်ပစ္စည်းဖြန်ဖြူး မှုကို ထောက်လှမ်းနိုင်သောစနစ်ရှိခြင်း စသည့် ဝန်ဆောင်မှုများနှင့်အတူ ကုန်ပစ္စည်းများကို မြန်မာနိုင်ငံ တဝှမ်း ပို့ဆောင်ပေးပါတယ်။

Our Website & Web App
www.kargo.com.mm
နည်းပညာကိုအခြေခံပြီး  မြန်မာနိုင်ငံအတွင်း ကုန်ပစ္စည်းပို့ဆောင်ရေးကို ဝန်ဆောင်မှုပေးနေသော Kargo သည် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးအတွက် ဈေးနှုန်းသတ်မှတ်ရာတွင် ကုန်တင်ကားအမျိုးအစား၊ ကုန်ပစ္စည်း၏ အလေးချိန်၊ ကုန်တင် ကုန်ချ ပြုလုပ်သော တည်နေရာတို့အပေါ် မူတည်ပြီး  ဈေးနှုန်း သတ်မှတ်ထားပါသည်။ Kargo သည်အကောင်းဆုံး၊ အတန်ဆုံး သော  ဈေးနှုန်းဖြင့် ဆောင်ရွက်  ပေးမည်ကိုအာမခံပြီး အော်ဒါများကို tracking    လုပ်နိုင်ခြင်း နှင့် နွေး ထွေး ပြူငှာသော ဝန်ဆောင်မှု ကိုလည်း  ရရှိမှာ ဖြစ်ပါသည်။

Kargo တွင် လုပ်ငန်းရှင်များအပြင် သီးခြားအသုံးပြုသူများအတွက်လည်း  ဒက်ရှ်ဘုတ်ကို အသုံးပြု၍ account ဖွင့်ပြီး Order တင်နိုင်ခြင်း၊  အော်ဒါအဟောင်းများ ကို ကော်ပီကူး ယူနိုင်ခြင်း၊   အချိန်နှင့်တစ်ပြေညီခြေရာခံခြင်း စသည့် လုပ်ဆောင်ချက်များကို ရယူနိုင်ပါသည်။

Our Business App
Kargo၏ စီးပွားရေး လုပ်ငန်းသုံး Application သည်ဝက်ဒ်ဆိုဒ် ကို အခြေခံထားသောမိုလ်ဘိုင်း Application ဖြစ်ပါသည်။ အော်ဒါသစ်များကို အစဉ်မပြတ်တင်နိုင်ခြင်း၊  တင်ပြီးသောအော်ဒါများ ကိုလည်း မိမိ၏အကောင့် မှတဆင် မိုဘိုင်းလ်ဖုန်းကို အသုံးပြုပြီး လိုအပ်သလို   စီမံလုပ်ဆောင်နိုင်ပါသည်။
For download the app
https://play.google.com/store/apps/details?id=com.kargo.customer
 
Our Driver App
တစ်နိုင်တစ်ပိုင်ယာဉ်မောင်းများ၊ ကုန်ကားပိုင်ရှင်များ၊   3Pls နှင့် Logistic ကုမ္ပဏီ တို့သည် Kargo ၏ Driver Application ကိုအသုံးပြု၍   အလုပ်အော်ဒါများကို ပိုမိုရရှိလာပြီး ဝင်ငွေလည်း တိုးပွားလာပါမည်။ Kargo Drivers Apps မှတဆင့် အဆက်မပြတ် ဝင်ရောက်နေသည့် Order များကို    မိုဘိုင်းဖုန်း မှတဆင့် တိုက်ရိုက် လက်ခံ ရယူနိုင်ပါသည်။  ယာဉ်မောင်းသည်  မိမိ ကြိုက်နှစ်သက်သော order များကို စိတ်တိုင်းကျလက်ခံနိုင်ခြင်း၊  Kargo ၏ ကုန်တင်ကား ထောက်ပံ ပေးသော အဖွဲ့သို့ တိုက်ရိုက်ဆက်သွယ်နိုင်ခြင်းနှင့်  တိကျကောင်းမွန်တဲ့  ငွေပေးချေမှုစနစ်ရှိတာကြောင် ငွေးကြေးပိုင်းဆိုင်ရာ စိတ်ချရမှုကို  သင့်နှင့် သင့်မိသားစု မှ ရရှိမှာ ဖြစ်ပါသည်။
For download the app
https://play.google.com/store/apps/details?id=com.kargo.driver

menu