စာရင်းရှင်စာရင်း
တစ်ဦးတည်းဖြစ်စေ၊ ပူးတွဲ ငွေစာရင်းဖွင့်ထားသူဖြစ်စေ ရိုးမဘဏ်၏ စာရင်းရှင် အကောင့်ကို အသုံးပြုပြီး ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို အပြည့်အဝ ရရှိနိုင်မည် ဖြစ်ပါသည်။
အကျိုးခံစားခွင့်များ
အကန့်အသတ်မရှိ ငွေသွင်းငွေထုတ်နိုင်ခြင်း
ရိုးမဘဏ်ဖွင့်ချိန်အတွင်း ငွေသွင်း၊ငွေထုတ်ခြင်းများကို အကြိမ်အရေအတွက် အကန့်အသတ်မရှိ ဆောင်ရွက်နိုင်ပါသည်။
ခေါ်ယူအပ်ငွေစာရင်းနှင့် ချိတ်ဆက်နိုင်ခြင်း
စာရင်းပိုထုတ်ချေးငွေယူထားပါက ခေါ်ယူအပ်ငွေစာရင်းမှ စာရင်းရှင်စာရင်းသို့ အလိုအလျောက် ငွေလွှဲနိုင်ပါသည်။
ရိုးမဘဏ်အသိအမှတ်ပြု ချက်လက်မှတ်စာအုပ်
ငွေသားမဲ့ ငွေပေးချေခြင်းနှင့် ငွေထုတ်ခြင်းများကို လွယ်ကူစွာဆောင်ရွက်နိုင်ပါမည်။
လစဉ် ဘဏ်စာရင်းရှင်းတမ်း
နေ့စဉ် ငွေစာရင်းအသုံးပြုမှုနှင့် ငွေစာရင်းအဝင်အထွက်များ၏ အသေးစိတ်ဘဏ်စာရင်းရှင်းတမ်းကို ရယူနိုင်ပါသည်။
ချေးငွေများ လျှောက်ထားနိုင်ခြင်း
ရိုးမဘဏ်၏ လျင်မြန်လွယ်ကူသော ချေးငွေလျှောက်ထားမှုဖြင့် ငွေချေးယူနိုင်ပါသည်။
စာရင်းရှင်စာရင်းဖွင့်ရန် လိုအပ်ချက်များ
- အနည်းဆုံးအသက် ၁၈နှစ် ပြည့်ပြီးသူဖြစ်ရပါမည်။
- မှတ်ပုံတင်မူရင်း (သို့) နိုင်ငံကူးလက်မှတ်မူရင်း တင်ပြရပါမည်။
ဝန်ဆောင်ခနှင့် နှုန်းထားများ
- လစဉ်ဝန်ဆောင်ခ - ၁,၅၀၀ ကျပ်
(ဘဏ်စာရင်းဖွင့်လှစ်ထားသော်လည်း လွန်ခဲ့သော (၁) နှစ်အတွင်း ငွေသွင်း/ငွေထုတ်/ငွေပေးချေခြင်း/ငွေလွှဲခြင်း ဆောင်ရွက်ထားခြင်းမရှိသော အပ်ငွေစာရင်းများကိုသာ ကောက်ခံပါသည်။)