Flexi ငွေစုဘဏ်အပ်ငွေစာရင်း
အတိုးနှုန်းများပြီး လစဉ် အတိုးနှုန်းရရှိသော ရိုးမဘဏ်၏ Flexi ငွေစုဘဏ်အပ်ငွေစာရင်းဖြင့် လူကြီးမင်း၏ စုငွေကို လစဉ် တိုးပွားစေလိုက်ပါ။ တစ်ဦးတည်းဖြစ်စေ၊ ပူးတွဲအပ်ငွေစာရင်းဖြစ်စေ စာရင်းရှင် စာရင်း၏ အကျိုးခံစားခွင့်အတိုင်း ရရှိနိုင်မည့် အပြင် တစ်နှစ်အတိုးနှုန်း ၇% (p.a.) ကိုပါ ရရှိနိုင်မည်ဖြစ်ပါသည်။
အကျိုးခံစားခွင့်များ
အတိုးနှုန်းမြင့်မားမှု
ငွေစုဘဏ်အပ်ငွေစာရင်း လက်ကျန်ငွေအပေါ်တွင် နှစ်စဉ်အတိုးနှုန်း ၇% ရရှိနိုင်မည်ဖြစ်ပါသည်။*
အကန့်အသတ်မရှိ ငွေသွင်းငွေထုတ်နိုင်ခြင်း
ရိုးမဘဏ် ဖွင့်ချိန်အတွင်း ငွေသွင်း၊ ငွေထုတ်ခြင်းများကို အကြိမ်အရေအတွက် အကန့်အသတ်မရှိ ဆောင်ရွက်နိုင်ပါသည်။
အွန်လိုင်းမှတစ်ဆင့် စောင့်ကြည့်ထိန်းချုပ်ခြင်း
ငွေစုစာအုပ်
ဘဏ်တွင် ငွေစာရင်း ဖွင့်လှစ်ပြီးပါက ငွေစုစာအုပ်ကိုပါ ပေးအပ်မည် ဖြစ်ပါသည်။
လစဉ်အတိုးတွက်ချက်နည်း
Flexi ငွေစုဘဏ်အပ်ငွေစာရင်းထဲသို့ လတစ်လ၏ (၁) ရက်နေ့မှ (၅) ရက်နေ့အတွင်း ငွေထည့်သွင်းနိုင်ပါသည်။ နှစ်စဉ်အတိုးနှုန်း (၇%) ဖြင့် လစဉ် (၅) ရက်နေ့မှ လကုန်ရက်အထိ Account ထဲတွင် ရှိသော အနည်းဆုံး စာရင်းလက်ကျန်ငွေ ပမာဏအပေါ် မူတည်၍ လစဉ်တွက်ချက်ပြီး လကုန်ရက်တိုင်းတွင် ဘဏ်တိုးအား ပေးအပ်သွားမည် ဖြစ်သည်။
ငွေစုဘဏ်အပ်ငွေစာရင်းဖွင့်ရန် လိုအပ်ချက်များ
- ကနဦးအပ်နှံငွေကို မြန်မာကျပ် ၁၀,၀၀၀ သတ်မှတ်ထားပါသည်။
- အနည်းဆုံး လက်ကျန်ငွေ မြန်မာကျပ် ၁,၀၀၀ ရှိရပါမည်။
- အနည်းဆုံးအသက် ၁၈နှစ် ပြည့်ပြီးသူ ဖြစ်ရပါမည်။
- မှတ်ပုံတင်မူရင်း (သို့) နိုင်ငံကူးလက်မှတ်မူရင်း တင်ပြရမည်။
ဝန်ဆောင်ခနှင့် နှုန်းထားများ
- လစဉ်ဝန်ဆောင်ခ - ၁,၅၀၀ ကျပ်
(ဘဏ်စာရင်းဖွင့်လှစ်ထားသော်လည်း လွန်ခဲ့သော (၁) နှစ်အတွင်း ငွေသွင်း/ငွေထုတ်/ငွေပေးချေခြင်း/ငွေလွှဲခြင်း ဆောင်ရွက်ထားခြင်းမရှိသော အပ်ငွေစာရင်းများကိုသာ ကောက်ခံပါသည်။)