menu

JZü customer များအား အကြောင်းကြားခြင်း 

JZü နှင့် ၄ နှစ်တာ လက်တွဲခဲ့ကြသည့် Customer များအား အထူးကျေးဇူးတင်ရှိပါသည်။ Customer များ၏ လိုအပ်ချက်အပေါ်အခြေခံ၍ အပ်ငွေစာရင်းအမျိုးအစားများကို ပိုမိုကောင်းမွန်စွာ ထိန်းသိမ်းထားရှိနိုင်ရန်အတွက် ဇူလိုင်လ (၁) ရက်နေ့ တွင်  JZü အပ်ငွေစာရင်းအား ရပ်နားပါတော့မည်။ ၎င်းနေ့မှစတင်၍ JZü အပ်ငွေစာရင်းသို့ ငွေလွှဲပြောင်းမှုများကို လက်ခံတော့မည်မဟုတ်ပါ။  

JZü Customer များအနေဖြင့် မိမိတို့ JZü အပ်ငွေစာရင်းရှိ စုငွေများကို Yoma Bank Mobile Banking Application ကို အသုံးပြု၍ နှစ်စဉ် အတိုးနှုန်း ၅% ရရှိသော ငွေစုဘဏ်အပ်ငွေစာရင်း ထဲသို့လည်းကောင်း၊ နှစ်စဉ် အတိုးနှုန်း ၇.၅% မှ ၈.၅ % အထိ ရရှိနိုင်မည့် စာရင်းသေအပ်ငွေစာရင်း ဖွင့်လှစ်ခြင်းဖြင့်လည်းကောင်း ဇွန်လ၊ (၃၀) ရက်နေ့ နောက်ဆုံးထား၍ လုပ်ဆောင်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။ အပ်ငွေစာရင်းပြောင်းလဲပြီးပါက ၎င်းအပ်ငွေစာရင်းများ၏ စည်းမျဉ်းစည်းကမ်းများအတိုင်း အကျုံးဝင်ပါမည်။  

အကယ်၍ လူကြီးမင်းတို့၏ အစီအစဉ်ဖြင့် အပ်ငွေစာရင်း လွှဲပြောင်းခြင်း မပြုလုပ်ပါက ဇူလိုင်လ (၁) ရက်မှစတင်ပြီး JZü စာရင်းရှိ စုငွေများကို ရိုးမဘဏ်ရှိ Customer များ၏ ငွေစုဘဏ်အပ်ငွေစာရင်း (သို့) Smart အကောင့်များသို့ အလိုအလျောက် ရွှေ့ပြောင်းပေးသွားပါမည်။

အသေးစိတ်သိရှိလိုပါက ရိုးမဘဏ်၏ Call Center ၉၆၆၂ (သို့) ၀၉၇ ၉၆၆၂ ၉၆၆၂ နှင့် ရိုးမဘဏ်၏ Facebook Page Messenger သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။  

ဤစာမျက်နှာသည် အောက်တိုဘာလ (၁) ရက်နေ့ အထိသာ နောက်ဆုံး ကြည့်ရှုနိုင်ပါမည်။