ငွေစုဘဏ်အပ်ငွေစာရင်း
အတိုးနှုန်းများသော ရိုးမဘဏ်၏ ငွေစုဘဏ်အပ်ငွေစာရင်းဖြင့် လူကြီးမင်း၏ စုငွေကို တိုးပွားစေလိုက်ပါ။ တစ်ဦးတည်းဖြစ်စေ၊ ပူးတွဲအပ်ငွေစာရင်းဖြစ်စေ စာရင်းရှင်စာရင်း၏ အကျိုးခံစားခွင့်အတိုင်းရရှိနိုင်မည့်အပြင် တစ်နှစ်အတိုးနှုန်း ၅% (p.a) ကိုပါရရှိနိုင်မည်ဖြစ်ပါသည်။
အတိုးနှုန်းမြင့်မားမှု
ငွေစုဘဏ်အပ်ငွေစာရင်း လက်ကျန်ငွေအပေါ်တွင် နှစ်စဉ်အတိုးနှုန်း ၅% ရရှိနိုင်မည်ဖြစ်ပါသည်။*
အကန့်အသတ်မရှိ ငွေသွင်းငွေထုတ်နိုင်ခြင်း
ရိုးမဘဏ်ဖွင့်ချိန်အတွင်း ငွေသွင်း၊ငွေထုတ်ခြင်းများကို အကြိမ်အရေအတွက် အကန့်အသတ်မရှိ ဆောင်ရွက်နိုင်ပါသည်။
ရိုးမဘဏ်အသိအမှတ်ပြု ချက်လက်မှတ်စာအုပ်
ငွေသားမဲ့ ငွေပေးချေခြင်းနှင့် ငွေထုတ်ခြင်းများကို လွယ်ကူစွာ ဆောင်ရွက်နိုင်မည်။
ငွေစုစာအုပ်
ဘဏ်တွင် ငွေစာရင်း ဖွင့်လှစ်ပြီးပါက ငွေစုစာအုပ်ကိုပါ ပေးအပ်မည် ဖြစ်ပါသည်။
လစဉ် ၅ ရက်နေ့မှ လကုန်ရက်အထိ ကျန်ရှိနေသော လက်ကျန်ငွေပမာဏအတိုင်း အတိုးနှုန်းကို လစဉ်တွက်ချက်ပေးမည်ဖြစ်သည်။ အတိုးနှုန်းအများဆုံးရရှိနိုင်ရန် လက်ကျန်ငွေပမာဏကို လစဉ် လဆန်း ၅ ရက်နေ့မှ လကုန်ရက်အထိ ဘဏ်စာရင်းတွင် ထားရှိရပါမည်။
ဘဏ်တိုးကို လစဉ်တွက်ချက်ပြီး မတ်လ၊ ဇွန်လ၊ စက်တင်ဘာလနှင့် ဒီဇင်ဘာလများတွင် သုံးလတစ်ကြိမ် ပေးအပ်သွားမည်ဖြစ်သည်။
ငွေစုဘဏ်အပ်ငွေစာရင်းဖွင့်ရန် လိုအပ်ချက်များ
- ကနဦးအပ်နှံငွေကို မြန်မာကျပ် ၁၀,၀၀၀ သတ်မှတ်ထားပါသည်။
- အနည်းဆုံး လက်ကျန်ငွေ မြန်မာကျပ် ၁,၀၀၀ ရှိရပါမည်။
- အနည်းဆုံးအသက် ၁၈နှစ်ပြည့်ပြီးသူဖြစ်ရပါမည်။
- မှတ်ပုံတင်မူရင်း (သို့) နိုင်ငံကူးလက်မှတ်မူရင်း တင်ပြရမည်။