ပရူဒန်ရှယ်အာမခံ
ပရူဒန်ရှယ်အာမခံ (Prudential Myanmar) ဆိုတာ မိခင်ကုမ္ပဏီကနေ ရာနှုန်းပြည့် ပိုင်ဆိုင်ထားတဲ့ အသက်အာမခံ လုပ်ငန်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံမှာ အာမခံဝန်ဆောင်မှုတွေ ပေးအပ်လျက် ရှိပါတယ်။ ပရူဒန်ရှယ်အာမခံရဲ့ ရည်မှန်းချက်က ကုန်ကျစရိတ်သက်သာတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ကလစ်တစ်ချက် နှိပ်လိုက်တာနဲ့ အလွယ်တကူ ရယူနိုင်အောင် ဆောင်ရွက်ပေးနိုင်ဖို့ဖြစ်ပြီး မျှော်မှန်းချက်ကတော့ မိသားစုတွေနဲ့ လူမှုအသိုင်းအဝိုင်းတွေရဲ့ ကျန်းမာရေးနဲ့ ကြီးပွားတိုးတက်ရေးကို ကာကွယ်ပေးနိုင်ဖို့ ဖြစ်ပါတယ်။ ပရူဒန်ရှယ်အာမခံက မြန်မာနိုင်ငံမှာ အသက်အာမခံထားရှိမှု တိုးတက်ပျံ့နှံ့လာစေဖို့နဲ့ ပြည်သူအားလုံး ပါဝင်အသုံးပြုနိုင်တဲ့ ဘဏ္ဍာရေးစနစ်ကို တိုးမြှင့်ဖော်ဆောင်ပေးနိုင်ဖို့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အလေးထား ကြိုးစားဆောင်ရွက်နေပါတယ်။
အကျိုးခံစားခွင့်များ
သင့်လိုအပ်ချက်တိုင်းအတွက် အဆင်ပြေစေမယ့် အစီအစဉ်များသင့်အနာဂတ်ကို စိတ်ချရဖို့ ကြိုက်နှစ်သက်ရာ အာမခံအစီအစဉ်ကို ရွေးချယ်လိုက်ပါ။
သင်ချစ်မြတ်နိုးရသူတွေကို ကာကွယ်ပေးနိုင်ခြင်းအသက်အာမခံဆိုတာ သင်ချစ်မြတ်နိုးရသူတွေကို သူတို့အနားမှာ အတူ မရှိနေနိုင်ရင်တောင် ငွေရေးကြေးရေးအရ လုံခြုံစိတ်ချမှု ပေးစွမ်းပြီး ကာကွယ်ပေးထားနိုင်ပါတယ်။
သင့်ရဲ့ ငွေစုဆောင်းလိုတဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ခြင်းသင့်ရဲ့ ငွေကြေးဆိုင်ရာ ပန်းတိုင်များအတွက် အဆင်ပြေစေမယ့် အသက်အာမခံအစီအစဉ်ကို ရွေးချယ်နိုင်ပါတယ်။
ဒစ်ဂျစ်တယ်စနစ်ဖြင့် အားလုံးပါဝင်အသုံးပြုနိုင်မည့် ငွေကြေးဆိုင်ရာ ဂေဟစနစ်တစ်ခု Prudential Myanmar ၏ အထူးဦးစားပေး ရင်းနှီးမြုပ်နှံထားသည့် နောက်ဆုံးပေါ် ခေတ်မီ နည်းပညာများအား ရိုးမဘဏ်၏ တစ်နိုင်ငံလုံး အတိုင်းအတာအထိ ပျံ့နှံ့ရောက်ရှိနိုင်သည့် ဈေးကွက်ကျွမ်းကျင်မှု တို့ဖြင့်ပေါင်းစပ်ပြီး ရိုးမဘဏ်ဝန်ဆောင်မှု အသုံးပြုသူများမှာ နေရာဒေသ အနှံ့အပြားရှိ ကြီးမားကျယ်ပြန့်သော ဘဏ်ခွဲကွန်ရက်များမှ တစ်ဆင့် Prudential Myanmar ၏ ရေရှည်အာမခံ စုဆောင်းငွေနှင့် အာမခံအကာအကွယ်များကို ချိတ်ဆက်ရယူနိုင်မည် ဖြစ်ပါသည်။
ရရှိမည့် ထုတ်ကုန်များ
PRUHealth ဘဝရဲ့မသေချာတဲ့အခိုက်အတန့်တွေအတွက် လိုအပ်တဲ့ စုဆောင်းငွေ အဆင်သင့်ပြင်ဆင်ထားပါ။
PRUScholarမိမိရင်သွေး အနာဂတ်ဘဝ သက်တောင့်သက်သာနဲ့ အကောင်းဆုံးတွေကို ပိုင်ဆိုင်နိုင်ဖို့ အခုကတည်းက ကြိုတင်စီစဥ်လိုက်ပါ။
PRUSaverဒီနေ့ သီးသန့်ဖယ်ထားတဲ့ငွေက အနာဂတ်မှာ သင့်အိမ်မက်တွေကို အကောင်အထည်ဖော်ဖို့ စိတ်ကြိုက် သုံးနိုင်တဲ့ငွေ ဖြစ်ပါတယ်။
PRUTermသင့် ဝင်ငွေတွေကို ကုန်ကျစရိတ်အနည်းဆုံးနဲ့ ကာကွယ်လိုက်ပါ။
PRUGroup Lifeဝန်ထမ်းများကို ကာကွယ်ပေးခြင်းက သင့်လုပ်ငန်းကို ကာကွယ်နေတာပါ။