ပြည်တွင်းငွေလွှဲဝန်ဆောင်မှု
မည်သည့်နေရာမှ မည်သည့်နေရာသို့မဆို မိသားစုနှင့် သူငယ်ချင်းများထံ ငွေလွှဲပြောင်းနိုင်ပါပြီ။ ရိုးမဘဏ်သည် မြန်မာနိုင်ငံတွင် လုံခြုံစိတ်ချယုံကြည်ရဆုံး ငွေလွှဲဝန်ဆောင်မှုကို နိုင်ငံတစ်ဝန်းရှိ နေရာဒေသအနှံ့အပြားတွင် ဆောင်ရွက်ပေးနေပါသည်။
ငွေလွှဲနိုင်သည့် ပမာဏအကန့်အသတ်မရှိခြင်း
လူကြီးမင်းလွှဲလိုသည့် ငွေပမာဏအတိုင်း ငွေလွှဲနိုင်ပါသည်။
မြန်ဆန်ပြီး ကုန်ကျစရိတ်သက်သာခြင်း
ရိုးမဘဏ်၏ ဝန်ဆောင်ခ သက်သာပြီး ချောမွေ့သော ငွေလွှဲလုပ်ငန်းစဉ်က ငွေပေးပို့သူရော၊ လက်ခံသူအတွက်ပါ လွယ်ကူမြန်ဆန်အောင် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
ငွေလွှဲရန်လိုအပ်ချက်များ
- ငွေလွှဲမည့်သူနှင့် ငွေလက်ခံမည့်သူနှစ်ဦး၏ မှတ်ပုံတင်နံပါတ်နှင့် အမည်များ
- ငွေလက်ခံမည့် ရိုးမဘဏ်ခွဲတည်ရှိရာအရပ်
ငွေလက်ခံရန် လိုအပ်ချက်များ
- ငွေလက်ခံမည့်သူ၏ မှတ်ပုံတင်မူရင်း ပြသရန်လိုအပ်ပါသည်။
ငွေလွှဲခ*
- ငွေလွှဲမည့် customer များ : ဝ.၁ % (အနည်းဆုံး မြန်မာကျပ် ၃,၀၀၀)
- ရိုးမဘဏ်၏ အထူး customer များ : ဝ.၀၅ % (အနည်းဆုံး မြန်မာကျပ် ၁,၅၀၀)
*မူဆယ်သို့ ငွေလွှဲခြင်းအတွက် ဝ.၁ % (အနည်းဆုံး မြန်မာကျပ် ၃,၀၀၀) ကောက်ခံမည်ဖြစ်ပါသည်။