menu

25th Anniversary Celebration

Yoma Bank

Yoma Bank
ရိုးမဘဏ်၏ ၂၅နှစ်ပြည့် အထိမ်းအမှတ်ပွဲကို မြန်မာနိုင်ငံတစ်ဝန်းရှိ ရိုးမဘဏ်ဝန်ထမ်းအားလုံး ရန်ကုန်မြို့ ပန်းလှိုင်အိမ်ရာမှာ ၂၀၁၈ခုနှစ် ဇူလိုင်လ ၂၈ ရက်က ပြုလုပ်ခဲ့ပြီး တစ်မိုးအောက်မှာ အတူတကွ စုစည်းတွေ့ဆုံ၍ ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြပါသည်။ ၂၅နှစ်တာ ခရီးကို အောင်အောင်မြင်မြင် လျှောက်လှမ်းနိုင်အောင် ပူးပေါင်းပါဝင် ပံ့ပိုးကူညီပေးခဲ့ကြသည့် ရိုးမဘဏ် ဝန်ထမ်း ၃၀၀၀ ကျော်ကို ဂုဏ်ပြုသည့်အနေဖြင့် ယခုပွဲကို ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။


25for25- The Surprise Shopping Experience, Yoma Bank in Partnership with Ocean Supercenter

Yoma Bank
Yoma Bank
“25for25 ရိုးမဘဏ်နဲ့ Ocean Supercenter ရဲ့ ဈေးဝယ်အစီအစဉ်” ကို Ocean Supercenter နှင့် လက်တွဲပူးပေါင်းပြီး ရန်ကုန်မြို့ရှိ Ocean Supercenter City Mall St.John နဲ့ Ocean Supercenter ရွှေဂုံတိုင် တို့တွင် ပြုလုပ်ခဲ့သည်။ Ocean Supercenter နှစ်ခုတွင် ဈေးဝယ်သူများကို ကျပန်းရွေးချယ်ပြီး ၎င်းတို့ ဝယ်ယူတဲ့ပစ္စည်းများအတွက် ရိုးမဘဏ်က ငွေရှင်းပေးသည့် Surprise အစီအစဉ်တစ်ခုအဖြစ် ဈေးဝယ်သူအပေါင်း ၁၀၀ ကျော်အား ရွေးချယ်ခဲ့ပါသည်။


25for25 - Vision for Future, Yoma Bank in Partnership wtih Pun Hlaing Siloam Hospital

Yoma Bank
Yoma Bank
ရိုးမဘဏ် က ၂၅နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ “25for25 - ကလေးများ အနာဂတ်ကြည်လင်တောက်ပစေဖို့ ရိုးမဘဏ်နဲ့ ပန်းလှိုင်ဆေးရုံရဲ့ မျက်စိစမ်းသပ်ကုသမှုအစီအစဉ်” ကို ပန်းလှိုင်စီလုံ ဆေးရုံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ထိုပွဲကို အသက် ၅နှစ်ကနေ ၈နှစ်အရွယ် ကလေး ၈၃ဦး အား ပန်းလှိုင်စီလုံဆေးရုံ၏ မျက်စိအထူးကုဆရာဝန်ကြီးများဖြစ်သော ဒေါက်တာ ဒေါ်ခင်သန္တာမြင့်နဲ့ ဒေါက်တာဒေါ်ပပလင်းတင့်တို့က မျက်စိ အခမဲ့စမ်းသပ်ကုသပေးခဲ့ပြီး မျက်စိကုသမှုလိုအပ်သော ကလေးငယ်များအတွက် မျက်စိကုသပေးခြင်း၊ မျက်မှန်လိုအပ်သူများကို မျက်မှန်ပြုလုပ်ပေးခြင်းတို့ ပြုလုပ်ပေးခဲ့သည်။


25for25 - A Day with Yoma Bank and Grab in Mandalay, Yoma Bank in Partnership with Grab

Yoma Bank

Yoma Bank
“25for25- ရိုးမဘဏ် နဲ့ Grab ရဲ့ မန္တလာမြေအတွက် ပျော်ရွှင်ဖွယ် တစ်နေ့တာ အစီအစဉ်” ကို Grab နဲ့ အတူ မန္တလေးမြို့မှာ ကျင်းပခဲ့သည်။ ယင်းအစီအစဉ်မှာ မန္တလေးမြို့ရှိ Grab အသုံးပြုသူ Customer များအနေဖြင့် မိမိခေါ်ယူလိုက်သော သုံးဘီးယာဉ်သည် ရိုးမဘဏ် ၂၅ နှစ်မြောက် အထိမ်းအမှတ် 25for25 အမှတ်အသားပါ သုံးဘီးယာဉ် ဖြစ်ပါက ရိုးမဘဏ်က ကျသင့်ငွေကို ရှင်းပေးပြီး ခရီးသည်တွေကို အခမဲ့စီးနင်းခွင့်ပေးခြင်း ဖြစ်ပါသည်။


25for25 - Memory International Film Festival 2018

Yoma Bank

Yoma Bank

ရိုးမဘဏ် ရဲ့ ၂၅နှစ်ပြည့်အထိမ်းအမှတ် ပွဲတစ်ပွဲဖြစ်တဲ့ Memory! International Film Festival မှာ ရိုးမဘဏ်က Sponsor အနေဖြင့် ပါဝင်ကူညီအားဖြည့်ပေးခဲ့သည်။ ယင်းပွဲမှာ မြန်မာနဲ့ နိုင်ငံတကာက ရုပ်ရှင်ကားပေါင်း ၇၅ကား ကို မဟာဗန္ဓုလပန်းခြံတွင် အခမဲ့တင်ဆက်ပြသခဲ့ရာ ရိုးမဘဏ်ရဲ့ “Thank You” ဗွီဒီယိုကို ပြသခဲ့ပြီး ရိုးမဘဏ် ၂၅နှစ်ပြည့်အထိမ်းအမှတ်လက်ဆောင် Aluminium ရေဘူးတွေကိုလည်း ပေးအပ်ခဲ့သည်။


25for25 - One World Through my Lens

Yoma Bank

Yoma Bank
One World Through My Lens ဓာတ်ပုံပြပွဲ ကိုရိုးမဘဏ် ရဲ့ ၂၅နှစ်မြောက်အထိမ်းအမှတ် တစ်ခုအဖြစ် တစ်စိတ်တစ်ပိုင်းပါဝင်ကာ ဂုဏ်ယူစွာဖြင့် ပံ့ပိုးပေးခဲ့သည်။ One World Through My Lens ဓာတ်ပုံပြပွဲမှာ သဘာဝအလှတရားရှုခင်းတွေ ရိုက်ကူးရာတွင် စိတ်အားထက်သန်သည့် ဓာတ်ပုံပညာရှင် ကိုရဲနိုင်ဝင်း၏ ငါးနှစ်ကြာ ကမ္ဘာအနှံ့ခရီးထွက်ပြီး ရိုက်ကူးခဲ့တဲ့အကောင်းဆုံး သဘာဝရှုခင်းဓာတ်ပုံများကို ဝန်ကြီးများရုံးတွင် အများပြည်သူများကြည့်ရှုနိုင်ရန် စုစည်းပြသသွားခဲ့ခြင်း ဖြစ်သည်။


25for25 - Book Donations to Myanmar Library Association

Yoma Bank

Yoma Bank

ရိုးမဘဏ်ရဲ့ ၂၅နှစ်ပြည့်အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံ၏ မျိုးဆက်သစ်ကျောင်းသား ကျောင်းသူများအတွက် အထူးအရေးပါသည့်ကျောင်းစာကြည့်တိုက်များ၏တိုးတက်ဖွံဖြိုးရေးကိုအထောက်အကူပြုနိုင်စေရန် လိုအပ်သည့်စာအုပ်များကို ရိုးမဘဏ်က မြန်မာနိုင်ငံစာကြည့်တိုက် အသင်းအား လှူဒါန်းပေးခဲ့သည်။


25for25 - FinLit Hackathon, Yoma Bank in Partnership with Phandeeyar

Yoma Bank

Yoma Bank
25for25 – FinLit Hackathon ကို ရိုးမဘဏ်သည် Phandeeyar ၊ Oracle တို့နှင့် ပူးပေါင်းပြီး Phandeeyar ရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ Financial Literacy ငွေရေးကြေးရေးအသိပေးပညာဆိုင်ရာကျွမ်းကျင်မှုတိုးတက် စေလိုသောရည်ရွယ်ချက်နဲ့ ကျင်းပပြုလုပ်ခြင်းဖြစ်သည်။



25for25 - Trash-awareness

Yoma Bank
Yoma Bank

“လွန်ခဲ့သော ၂၅နှစ်နှင့် ယနေ့ တို့၏ ဘဝသက်တမ်းအတွင်း ပလတ်စတစ်အသုံးပြုမှုနှိုင်းယှဉ်ခြင်း” ( A lifetime of Plastic Consumption 25 Years Ago an Today) ဟု အမည်ပေးထားသည့် ပလတ်စတစ်အသုံးပြုမှုလျှော့ချရေးအသိပညာပေးပြပွဲ ကို ရိုးမဘဏ်က သန့်မြန်မာနှင့် ပူးပေါင်းပြီး ရန်ကုန်မြို့၊ မန္တလေးမြို့ နှင့်နေပြည်တော်မြို့များတွင် အောင်မြင်စွာ ကျင်းပ ပြသခဲ့ပါသည်။