ဝန်ထမ်းများနှင့် ပတ်သက်ဆက်စပ်မှု
ရိုးမဘဏ်ရှိ အကြီးတန်းစီမံခန့်ခွဲမှုအဖွဲ့ဝင်များသည် လုပ်ငန်းအနာဂတ်အတွက် မျှော်မှန်းချက်များ၊ လက်ရှိဆောင်ရွက်များနှင့် ဘဏ်၏ ရှေ့ဆက်သွားမည့် လုပ်ငန်းစဥ်တို့ကို လစဥ် စုံညီအစည်းအဝေးပြုလုပ် မျှဝေခြင်းဖြင့် ပုံမှန် ဆက်သွယ်အသိပေးလေ့ရှိပါသည်။ ဌာနတာဝန်ခံများကလည်း ဌာနအလိုက် သက်ဆိုင်သော လုပ်ငန်းများနှင့် အောင်မြင်မှုများကို ပြန်လည် မျှဝေလေ့ရှိကြသည်။ ယင်းအစည်းအဝေးတွင် တက်ရောက်သူအားလုံးအနေဖြင့် မေးခွန်းများကို လွတ်လပ်ပွင့်လင်းစွာ မေးမြန်းနိုင်သည့်အပြင် ကြုံတွေ့ခံစားနေရသော အခက်အခဲများကိုလည်း ရင်းနှီးစွာ မျှဝေနိုင်ပါသည်။ အကယ်၍ ယင်းအစည်းအဝေးတွင် ဖြေကြားနိုင်ခြင်း မရှိသော မေးခွန်းတစ်ခုခု ရှိခဲ့ပါက နောက်ရက်များတွင် ပြန်လည်အဖြေရှာဆွေးနွေးကာ အစည်းအဝေးတက်ရောက်သူအားလုံးထံသို့ အဖြေကို ပြန်လည်ပေးပို့လေ့ရှိပါသည်။ လစဥ် စုံညီအစည်းအဝေးသို့ တက်ရောက်သူများတွင် ဘဏ်၏ အမှုဆောင်အရာရှိချုပ် (CEO)၊ ဘုတ်ဒါရိုက်တာအဖွဲ့ဝင်အချို့၊ အမှုဆောင်ဒါရိုက်တာများ၊ ဌာနကြီးမှူးများ၊ ဌာနတာဝန်ခံများ၊ ဌာနဒုတာဝန်ခံများနှင့် ဒေသဆိုင်ရာမန်နေဂျာများ ပါဝင်ပြီး အစည်းအဝေးဆုံးဖြတ်ချက်များ၊ လုပ်ငန်းဆောင်ရွက်မှုများကို သက်ဆိုင်ရာ ဌာနရှိ ဝန်ထမ်းများကို ပြန်လည်မျှဝေလေ့ရှိကြသည်။ ဌာနတွင်း အစည်းအဝေးကို အပတ်စဥ် ပြုလုပ်ပါသည်။
နိုင်ငံတကာ လုပ်ငန်းခွင်ပုံစံနှင့်အညီ ခေတ်မီပြီး ဝန်ထမ်းများ သက်သောင့်သက်သာ အလုပ်လုပ်နိုင်သော ရိုးမဘဏ်ရုံးချုပ်ကို မြန်မာပလာဇာတွင် ဖွင့်လှစ်ထားရှိပါသည်။ ရုံးချုပ်တွင် တန်းတူညီမျှရှိသော လုပ်ငန်းခွင်ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးထားပြီး ဝန်ထမ်းများ အပြန်အလှန် လွတ်လပ်စွာ ပြောဆိုနိုင်ရန် စားသောက်ခန်းမ တစ်ခုလည်း ထားရှိပေးထားပါသည်။ ထိုကဲ့သို့ လုပ်ငန်းခွင်ဝန်းကျင် ဖန်တီးပေးခြင်းဖြင့် ဝန်ထမ်းများအကြား ရင်းနှီးမှု ပိုမိုတိုးပွားစေပြီး သတင်းအချက်အလက်စီးဆင်းမှု ပိုမိုမြန်ဆန်စေသည့်အပြင် အသင်းအဖွဲ့စိတ်ဓာတ်လည်း ပိုမို ကောင်းမွန်လာစေပါသည်။ ဘဏ်ဝန်ထမ်းများနှင့် အကြီးတန်းစီမံခန့်ခွဲမှုအဖွဲ့ဝင်များအကြား အပြုသဘောဆောင်သည့် အပြန်အလှန်ဆက်သွယ်မှုများရှိစေရန်နှင့် အကြံပြုချက်များ ဖလှယ်နိုင်စေရန် အကြီးတန်းစီမံခန့်ခွဲမှုအဖွဲ့ဝင်များသို့ ဘဏ်ခွဲများသို့ နှစ်စဥ်သွားရောက်ကာ ဘဏ်ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံမှုများလည်း ပြုလုပ်လေ့ရှိပါသည်။
စီမံအုပ်ချုပ်ရေးဌာနအနေဖြင့်လည်း ရုံးချုပ်အဆောက်အဦ စီမံခန့်ခွဲသည့် Hoang Anh Gia Lai (HAGL) အဖွဲ့နှင့်လည်း အမြဲ ထိတွေ့ဆက်သွယ်ကာ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးအတွက် ဆောင်ရွက်လျက်ရှိပါသည်။ ရိုးမဘဏ် ရုံးခန်း ရှိသည့် အထပ်တိုင်းတွင် လုံခြုံရေးဝန်ထမ်းများ ထားရှိထားသည့်အပြင် ပိုမိုစိတ်ချလုံခြုံရမှုရှိစေရန် ရုံးတွင်း ဝင်ထွက်ရာတွင်လည်း နည်းပညာအသုံးပြု လုံခြုံရေးကတ်ပြားများကိုသာ အသုံးပြုလျက်ရှိပါသည်။ ဌာနတွင်းလုံခြုံရေးအတွက်လည်း ဝန်ထမ်းအားလုံးသည် ဌာနတိုင်းသို့ ဝင်ထွက်သွားလာခွင့်မရှိဘဲ လုပ်ငန်းတာဝန်၊ ရာထူးတာဝန်ပေါ် မူတည်၍သာ ခွင့်ပြုပေးထားခြင်း ဖြစ်ပါသည်။ စောင့်ကြည့်ကင်မရာများကို နေရာတိုင်းတွင် တပ်ဆင်ထားပြီး လုံခြုံရေးခန်းမှ အမြဲစောင့်ကြည့်ပေးလျက်ရှိပါသည်။ အမှုဆောင်အရာရှိချုပ်အပါအဝင် ဝန်ထမ်းအားလုံး၏ အချက်အလက်များကို ကွန်ပျူတာစနစ်ထဲတွင် ထည့်သွင်းထားသည့်အတွက် ရုံးတက်ရုံးဆင်းမှတ်တမ်းကို ပြုလုပ်နိုင်သကဲ့သို့ အရေးပေါ်အခြေအနေတွင် ဝန်ထမ်းများ အဝင်အထွက်စာရင်းကိုလည်း လွယ်ကူစွာ သိရှိနိုင်သည်။ ဝန်ထမ်းအားလုံးအတွက် နေ့လယ်စာ စားချိန်ကို တစ်နာရီ သတ်မှတ်ပေးထားပြီး ယင်းအချိန်အတွင်း မြန်မာပလာဇာအတွင်း သွားရောက်စားသောက်ခွင့်ပြုထားသည့်အတွက် ဝန်ထမ်းများ စိတ်အပန်းပြေစေမည် ဖြစ်သည်။
Rabo ဘဏ်နှင့် ရိုးမဘဏ် ပူးပေါင်း၍ နယ်သာလန်နိုင်ငံတွင် နှစ်လကြာ လေ့လာရေး အစီအစဉ် ပြုလုပ်ပေးခြင်း


ဒေါ်အိသဉ္ဇာ (Deputy Head Of Corporate) နှင့် ဒေါ်မေမြတ်ဖြူစင် (Deputy Head of Homeloan) တို့က သူတို့ရဲ့အတွေ့အကြုံတွေကို မျှဝေထားပါတယ်
"မတူညီတဲ့ အမြင်တွေ မတူညီတဲ့ အတွေးခေါ်တွေရှိကျတဲ့ နိုင်ငံအရပ်ရပ်က သူတွေနဲ့ အချိန်ကုန်ဆုံးရတာဟာ ကျွန်မရဲ့ အကြီးမားဆုံးသော ကောင်းမွန်တဲ့ အတွေ့အကြုံတစ်ခုပါ။ မိမိတို့ရဲ့ အစုရှယ်ယာဝင်တွေကို ဝန်ဆောင်မှုပေးနိုင်ဖို့ “ကမ္ဘာနဲ့အညီတွေးခေါ်တတ်ပြီး မိမိအရပ်ဒေသကဲ့သို့ ပြုမူခြင်း” ဆိုသောဆောင်ပုဒ်ကို အားပေးခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်ဆိုတာသိရှိခဲ့ပါတယ်။ ကျွန်မအနေနဲ့ မိမိရဲ့ အားသာချက်တွေကို ရှာဖွေနိုင်ခဲ့ပြီးတော့ အဲဒီအားသာချက်တွေကို အသုံးချကာ အလုပ်ခွင်နှင့် လူမှုရေးလုပ်ငန်းတွေ ပိုမိုကောင်းမွန်တဲ့ လူတစ်ယောက်အဖြစ် ရပ်တည်သွားမှာ ဖြစ်ပါတယ်။”
"Robo နှင့် တွဲဖက် လုပ်ဆောင်တဲ့ ဒီအစီအစဥ်ဟာ ကျွန်မအတွက် အကောင်းဆုံးသော သင်ယူမှုတစ်ခုဖြစ်ခဲ့ပါတယ်. အခြားမတူညီသော ဘဏ်တွေက လူတွေနဲ့ ချိတ်ဆက်အလုပ်လုပ်ရတာကျွန်မအတွက် အဖိုးမဖြတ်နိုင်ပါဘူး။ နောက်ပြီး လုပ်ငန်းတွေမှာ digital စနစ်သို့ ပြောင်းလဲခြင်းကို ဘယ်လိုကိုင်တွယ်လဲဆိုတာကိုလည်း လေ့လာသင်ယူခဲ့ရပါတယ်။
ကျွန်မကို ဘဏ်နဲ့သက်ဆိုင်တဲ့အသိပညာတွေအပြင် နေ့စဥ်လုပ်ဆောင်ရမယ့် အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေကိုလည်း သင်ကြားပေးပါတယ်။ သူတို့ရဲ့ “ကမ္ဘာကိုအတူတကွကောင်းမွန်အောင်ပြုလုပ်ကျစို့” ဆိုတဲ့ဆောင်ပုဒ်က ကျွန်မကို ပိုမို ပေးကမ်းတတ်တဲ့လူတစ်ယောက်ဖြစ်အောင်ပြုလုပ်ပေးတဲ့အပြင် ဘဝမှာ တွေ့ကြုံလာရမယ့် အခက်အခဲတွေကို ခံနိုင်ရည်ရှိအောင်လည်း သင်ကြားပေးပါတယ်။ ကျွန်မကို ခွန်အားတွေရှာဖွေတတ်အောင်ကူညီခဲ့ပြီးတော့ အောင်မြင်မှုအတွက်အကောင်းဆုံးအသုံးချတတ်ဖို့လည်း ကူညီပေးခဲ့ပါတယ်."