menu

ချေးငွေလစဥ်ပြန်လည်ပေးဆပ်မှု ဆိုင်းငံ့အစီအစဥ် ပုံစံများ

ချေးငွေ ပြန်လည်ပေးဆပ်ရန် အခက်အခဲရှိနေပါက သင့်တော်မည့် ဆိုင်းငံ့အစီအစဉ်ကို လျှောက်ထားရယူပြီး ပုံမှန်ချေးငွေပေးဆပ်သည့် ပုံစံသို့ ပြန်လည်ရောက်ရှိနိုင်အောင် ရိုးမဘဏ်မှကူညီပေးသွားပါမည်။ ကျွန်ုပ်တို့အနေဖြင့် လူကြီးမင်းတို့ လစဉ်ပြန်လည်ပေးဆပ်မှုများကို ညှိနှိုင်းပေးမည်ဖြစ်ပြီး မိမိတတ်နိုင်သော ငွေပမာဏကို ပေးသွင်းနိုင်ရန်လည်း ကူညီပေးနိုင်ပါသည်။ လစဉ်ပြန်လည်ပေးဆပ်မှုများကို အလုံးစုံဆိုင်းငံ့လိုက်ခြင်းထက် တစ်စိတ်တစ်ပိုင်း ပုံမှန်ပေးဆပ်နေခြင်းက ပိုမိုကောင်းမွန်သော နည်းလမ်းဖြစ်ကြောင်း အကြံပြုလိုပါသည်။


ကာလတို ဆိုင်းငံ့အစီအစဉ် 
ချေးငွေ အရင်းသီးသန့်ဆိုင်းငံ့ခြင်းနှင့် ချေးငွေ အရင်းနှင့်အတိုးပေါင်း ဆိုင်းငံ့ခြင်း ဆိုင်းငံ့အစီအစဉ်သည် ရိုးမဘဏ်၏ စီးပွားရေး Customers များကို ဦးတည်ဆောင်ရွက်ပေးသည့် အစီအစဉ်ဖြစ်ပြီး ၂၀၂၁ ခုနှစ် စက်တင်ဘာလမှ စတင်ကာ ၂၀၂၁ နှစ်ကုန်အထိ ကြာမြင့်ပါမည်။ လစဉ်ပေးဆပ်ရမည့်ရက်မတိုင်ခင် တစ်လဆိုင်းငံ့ ရယူပေးရမည် ဖြစ်ပါသည်။


ကာလရှည် ဆိုင်းငံ့အစီအစဉ်
Customer များ အကျိုးကို အမြဲရှေးရှုဦးတည်ထားသည့် ဘဏ်တစ်ခုဖြစ်သည့်အလျောက် Covid-19ကြောင့်လူကြီးမင်းတို့ စီးပွားရေးလုပ်ငန်းများ ထိခိုက်မှုရှိသည်ကို နားလည်သည်နှင့်အမျှ ရိုးမဘဏ်မှ ဆိုင်းငံ့အစီအစဉ်ကို ထပ်မံ သက်တမ်းတိုးပေးထားပါသည်။


ကော်ပိုရိတ် Customer များအတွက်
ကာလတို ဆိုင်းငံ့အစီအစဉ်ရယူထားသည့် ကော်ပိုရိတ် Customer များအနေဖြင့် ယခုထပ်မံ သက်တမ်းတိုးလိုက်သည့် ကာလရှည်ဆိုင်းငံ့အစီအစဉ်ကို ပါ၀င်နိုင်ရန် လျှောက်ထားနိုင်မည် ဖြစ်သည်။ ဆိုင်းငံ့ပုံစံ ၃ မျိုး ပါ၀င်သည့်အတွက် မိမိတို့ စီးပွားရေးလုပ်ငန်း လိုအပ်ချက်အရ သင့်တော်သည့်ပုံစံကို လျှောက်ထားနိုင်မည်ဖြစ်သည်။ Relationship Manager သို့မဟုတ် ဘဏ်ခွဲသို့သွားရောက်ကာ ဆိုင်းငံ့အစီအစဉ်ကို သက်တမ်းတိုး ရယူနိုင်ပါသည်။ 
  • ၁။ လစဉ်ပေးဆပ်နိုင်သည့် ချေးငွေအရင်းပမာဏကို ညှိနှိုင်းခြင်း
  • ၂။ ချေးငွေအရင်းကို ဆိုင်းငံ့ခြင်း
  • ၃။ ချေးငွေအရင်းနှင့် အတိုးပေါင်း ဆိုင်းငံ့ခြင်း
ဆိုင်းငံ့လျှောက်ထားနိုင်မည့် သတ်မှတ်ရက် - ၂၀၂၁ ဒီဇင်ဘာ ၁ ရက် မှ ၂၀၂၂ သြဂုတ် ၃၁ ရက်


SME ၊ စိုက်ပျိုးမွေးမြူရေးနှင့် CMHL Customers အတွက်
SME ၊ စိုက်ပျိုးမွေးမြူရေးနှင့် CMHL Customers များအနေဖြင့် ယခင် ကာလတို ဆိုင်းငံ့အစီအစဉ်ကို မရယူခဲ့သော်လည်း ယခု ကာလရှည်ဆိုင်းငံ့အစီအစဉ်ကို လျှောက်ထားနိုင်ပါသည်။ 

ရိုးမဘဏ်၏ Relationship Manager သို့မဟုတ် ဘဏ်ခွဲသို့သွားရောက်ကာ မိမိပေးဆပ်နိုင်မည့် လစဉ် ပြန်လည်ပေးဆပ်ငွေကို ညှိနှိုင်းကာ ကာလရှည်ဆိုင်းငံ့အစီအစဉ်ကို ရယူလိုက်ပါ။

ဆိုင်းငံ့လျှောက်ထားနိုင်မည့် သတ်မှတ်ရက် - ၂၀၂၁ နို၀င်ဘာ ၉ ရက် မှ ၂၀၂၂ ဧပြီ ၃၀ ရက်  


မေးလေ့မေးထရှိသော မေးခွန်းနှင့်အဖြေများ

ဆိုင်းငံ့အစီအစဉ်အဘယ့်ကြောင့်ပြုလုပ်ရပါသလဲ ?

keyboard_arrow_down
COVID-19 ရောဂါသည် Customers များအပေါ် သက်ရောက်မှုများရှိသည်ကို သိရှိသောကြောင့် ယခုကဲ့သို့ ဆိုင်းငံ့အစီအစဉ်များကိုလုပ်ဆောင်ပေးခြင်း ဖြစ်ပါသည်။ လစဉ်ငွေကြေးဆိုင်ရာ ၀န်ထုပ်၀န်ပိုးများကို သက်သာစေရန်အတွက် ရည်ရွယ်ပြီး လူကြီးမင်းတို့ အခြားဦးစားပေးရမည့်အရာများကို ပိုမိုဦးစားပေးနိုင်ရန် ဖြစ်ပါသည်။

ဘယ်လို Customers တွေလျှောက်ထားလို့ရနိုင်မလဲ ?

keyboard_arrow_down
ရက် ၉၀ နှင့်အောက် ချေးငွေပြန်လည်ပေးဆပ်မှု ပျက်ကွက်မှုမရှိသည့် ကော်ပိုရိတ်၊ SME၊ စိုက်ပျိုးမွေးမြူရေးနှင့် ကုန်သွယ်ချေးငွေ ရယူထားသည့် Customers များ လျှောက်ထားနိုင်ပါသည်။

ဘယ်လိုလျှောက်ထားရယူနိုင်မလဲ?

keyboard_arrow_down
ရိုးမဘဏ်၏ SME Specialist များနှင့် Relationship Managers များမှ လူကြီးမင်းနှင့်ကိုက်ညီသည့် ဆိုင်းငံ့အစီအစဉ်ရယူနိုင်အောင် ကူညီရန် အသင့်ရှိနေပါသည်။ မိမိနှင့်ကိုက်ညီသည့် ဆိုင်းငံ့ပုံစံကို ရွေးချယ်ပြီးပါက ၎င်းတို့မှ လျှောက်လွှာတင်သွင်းရန် ကူညီသွားမှာ ဖြစ်ပါသည်။

ယခုဆိုင်းငံ့အစီအစဉ်သည် အိမ်ရာချေးငွေ၊ အငှား၀ယ်ယူစနစ် နှင့် SMART Credit ချေးငွေရယူထားသူများပါ ရယူနိုင်ပါသလား ?

keyboard_arrow_down
လက်ရှိအစီအစဉ်သည် စီးပွားရေးလုပ်ငန်း Customer များအတွက် ဖြစ်ပါသည်။

ဆိုင်းငံ့လျှောက်ထားမှု အတည်ပြုရန် မည်မျှကြာမြင့်ပါသလဲ? လျှောက်ထားမှု အောင်မြင်ကြောင်းကို ရိုးမဘဏ်ဘက်မှ ဘယ်လိုအကြောင်းကြားပေးသွားမှာဖြစ်ပါသလဲ?

keyboard_arrow_down
ဆိုင်းငံ့လျှောက်လွှာတစ်ခုကို ဆိုင်းငံ့ပေးအပ်နိုင်ရန် စစ်ဆေးအတည်ပြုမှုသည် ရုံးဖွင့်ရက် ၃ ရက်မှ ၅ ရက်အထိ ကြာမြင့်နိုင်ပါသည်။  လျှောက်လွှာအတည်ပြုမှု အောင်မြင်ကြောင်းကို ရိုးမဘဏ်၏ SME Specialist များနှင့် Relationship Managers များမှ လူကြီးမင်းတို့ဆီ ဆက်သွယ်အကြောင်းကြားပေးသွားမည် ဖြစ်ပါသည်။

လစဥ်ပေးဆပ်မှုများကို ဘယ်လောက်ကြာကြာ ဆိုင်းငံ့နိုင်ပါသလဲ?

keyboard_arrow_down
၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ရက်နေ့အထိ ဆိုင်းငံ့ထားနိုင်ပါသည်။

ဆိုင်းငံ့အစီအစဉ်လျှောက်ထားပြီး ရက်အနည်းငယ်ကြာသည်အထိ အတည်ပြုခြင်းရှိမရှိ မသိရပါက ဘယ်လို ဆက်လက်လုပ်ဆောင်ရပါမလဲ?

keyboard_arrow_down
ရုံးပိတ်ရက်များနှင့် တိုက်ဆိုင်သွား၍ ကြန့်ကြာမှု ရှိနိုင်ပါသည်။ သို့သော် လူကြီးမင်း၏ ဆိုင်းငံ့လျှောက်လွှာတစ်ခုကို အမြန်ဆုံး တတ်နိုင်သမျှအတည်ပြုနိုင်ရန် ဆောင်ရွက်ပေးသွားပါမည်။ မေးခွန်းတစ်စုံတစ်ရာအတွက် ရိုးမဘဏ်၏ SME Specialist များနှင့် Relationship Managers များကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။ 

ဆိုင်းငံ့အစီအစဉ်ရယူနိုင်ရန် အထောက်အထားတစ်စုံတစ်ရာပြသရန်လိုပါသလား?

keyboard_arrow_down
ဆိုင်းငံ့အစီအစဉ်ရယူနိုင်ရန် ပြသရမည့်အထောက်အထားများသည် တစ်ဦးနှင့်တစ်ဦး မတူညီနိုင်ပါ။ ရိုးမဘဏ်၏ SME Specialist များနှင့် Relationship Managers များမှ လူကြီးမင်းတို့ ပြသရမည့် အထောက်အထား စာရွက်စာတမ်းများကို ပြောကြားပေးသွားမည် ဖြစ်သည်။

ယခုဆိုင်းငံ့အစီအစဥ်ရှိကြောင်းကို ၂၀၂၁ခုနှစ် ဒီဇင်ဘာလအလယ်မှ သိရှိပါသည်၊ လျှောက်ထားလို့ ရနိုင်ပါသေးလား?

keyboard_arrow_down
ရနိုင်ပါသည်။ သို့သော် ဆိုင်းငံမှု တစ်ကြိမ်သာပေးအပ်နိုင်တော့မည် ဖြစ်သည်။
ဆိုင်းငံ့အစီအစဥ် -  ၂၀၂၁ ခုနှစ် စက်တင်ဘာလ မှ ဒီဇင်ဘာလ ၂၀၂၁ နှစ်ကုန်အထိ

ဆိုင်းငံ့ပေးအပ်သည့် အချိန်ကာလအလွန်တွင် ဘာဆက်ဖြစ်မည်နည်း?

keyboard_arrow_down
ဆိုင်းငံ့အစီအစဉ် ပြီးဆုံးပါက ယခင်အတိုင်း ပုံမှန်ချေးငွေပေးဆပ်သွားရမည် ဖြစ်ပါသည်။