Flexi Everydayငွေစု ရွှေဆု" ဆိုတာ ဘာလဲ။

“ငွေစု ရွှေဆု” အထူးအခွင့်အရေး အစီအစဥ်သည် ရိုးမဘဏ်တွင် ငွေစုသော Flexi Everyday စာရင်းရှင်စာရင်း Customer များ အားလုံးအတွက် လစဥ် ရွှေဆုများ ရရှိနိုင်မည့် ဆုရွေးချယ်ပွဲမှတစ်ဆင့် ရွှေ ၅ ကျပ်သား၊ ရွှေ ၃ ကျပ်သားနှင့် ရွှေ ၂ ကျပ်သား ဆုကြီးများအပြင် အခြား ရွှေဆုပေါင်းများစွာ ရရှိနိုင်မည့် အခွင့်အရေးရှိသော အစီအစဉ်တစ်ခု ဖြစ်ပါသည်။

လစဉ် ဆုရွေးချယ်ပွဲတွင် ပေးအပ်မည့်ဆုများ

လစဥ် သတ်မှတ်ထားသည့် ကာလအတွင်း Flexi Everyday စာရင်းရှင်စာရင်းတွင် သတ်မှတ်ထားသော အနည်းဆုံးစာရင်း လက်ကျန်ရှိပါက လစဉ် ဆုရွေးချယ်မှုတွင် ပါဝင်ခွင့် ရရှိပါမည်။ ပေးအပ်မည့် ဆုများမှာ -

ပထမဆု

ရွှေ ၅ ကျပ်သား ( ၁ဆု )

ဒုတိယဆု

ရွှေ ၃ ကျပ်သား ( ၁ဆု )

တတိယဆု

ရွှေ ၂ ကျပ်သား ( ၁ဆု )

နှစ်သိမ့်ဆုပေါင်းများစွာ

လစဥ် “ငွေစု ရွှေဆု" အထူးအခွင့်အရေးတွင် ပါဝင်နိုင်ရန် လိုအပ်ချက်များ

  • လစဉ် “ငွေစု ရွှေဆု” အထူးအခွင့်အရေး ရွေးချယ်ပွဲ ပါဝင်နိုင်ရန် လစဥ် သတ်မှတ်ထားသည့် ကာလအတွင်း နေ့စဉ် အနည်းဆုံးစာရင်း လက်ကျန်ငွေကို ကျပ် (၃)သိန်း သတ်မှတ်ထားပါသည်။
  • လစဥ် ပျမ်းမျှအပ်ငွေ ကျပ်(၃)သိန်း ရှိတိုင်း လက်မှတ်တစ်စောင်နှင့် ညီမျှသော အခွင့်အရေးတစ်ခု ရရှိမည်ဖြစ်ပြီး အပ်ငွေ တိုးတက်လာသည်နှင့်အမျှ အရွေးချယ်ခံရမည့် အခွင့်အရေး၊ အလားအလာ ရာခိုင်နှုန်း မြင့်တက်လာမည် ဖြစ်ပါသည်။
  • Flexi Everyday စာရင်းရှင်စာရင်း ရှိပြီးသားသူများ (သို့) ဘဏ်ခွဲတွင် ငွေသားအပ်နှံကာ Flexi Everyday စာရင်းရှင်စာရင်း အသစ်ဖွင့်၍ ပါဝင်နိုင်ပါသည်။
  • Yoma Bank Mobile Banking App အသုံးပြုပြီး Flexi ခေါ်ယူအပ်ငွေစာရင်းမှ Flexi Everyday စာရင်းရှင်စာရင်းသို့ ငွေလွှဲ၍ ပါဝင်နိုင်ပါသည်။

ငွေစု ရွှေဆု" အထူးအခွင့်အရေး အစီအစဉ်ကာလ

အပ်ငွေထားရှိရမည့် ကာလ | ကံထူးရှင် ကြေညာပေးမည့် ကာလ


ဒီဇင်ဘာလ ၅ ရက်နေ့မှ ၃၁ ရက်နေ့ အထိ | ဇန်နဝါရီလ ၆ ရက်နေ့
ဇန်နဝါရီလ ၅ ရက်နေ့မှ ၃၁ ရက်နေ့ အထိ | ဖေဖော်ဝါရီလ ၆ ရက်နေ့
ဖေဖော်ဝါရီလ ၅ ရက်နေ့မှ ၂၈ ရက်နေ့ အထိ | မတ်လ ၆ ရက်နေ့
မတ်လ ၅ ရက်နေ့မှ ၃၁ ရက်နေ့ အထိ | ဧပြီလ ၆ ရက်နေ့

Flexi Everyday စာရင်းရှင်စာရင်း ဖွင့်ရန် လိုအပ်ချက်များ

  • အနည်းဆုံးအသက် (၁၈)နှစ် ပြည့်ပြီးသူ ဖြစ်ရပါမည်။
  • မှတ်ပုံတင်မူရင်း (သို့) နိုင်ငံကူးလက်မှတ်မူရင်း တင်ပြရပါမည်။

Flexi Everyday စာရင်းရှင်စာရင်း နှင့် Flexi Everyday MPU Debit Card

Flexi Everyday စာရင်းရှင်စာရင်း ဖွင့်သည်နှင့် တစ်ပြိုင်နက် Flexi Everyday MPU Debit Card ပါ ရရှိမည် ဖြစ်ပြီး Yoma Bank Mobile Application App တွင်လည်း ကြည့်ရှုအသုံးပြုနိုင်ပါသည်။ 

စည်းမျဥ်းစည်းကမ်းများ

  • ရိုးမဘဏ်၏ ငွေစုရွှေဆု အထူးအခွင့်အရေး အစီအစဉ်ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ပါသည်။
  • ဤအစီအစဉ်တွင် Customer များအနေဖြင့် ပါဝင်နိုင်ရန်အတွက် ရိုးမဘဏ်၏ Flexi Everyday စာရင်းရှင်စာရင်း ရှိထားရပါမည်။
  • တစ်ဦးချင်းစာရင်း (Personal Account) ဖြင့်သာ ဤအစီစဉ်တွင် ပါဝင်နိုင်မည်ဖြစ်ပြီး ကုမ္ပဏီပိုင်စာရင်း (Enterprise ID)၊ ပူးတွဲစာရင်း (Joint Account) ဖြင့် ပါဝင်နိုင်မည် မဟုတ်ပါ။
  • သတ်မှတ်ထားသည့် ကာလအတွင်း နေ့စဥ် အနည်းဆုံးစာရင်းလက်ကျန် မြန်မာကျပ် (၃) သိန်းနှင့် အထက်ရှိသည့် Flexi Everyday စာရင်းတစ်ခုချင်းစီသည် လစဉ် ဆုရွေးချယ်မှု အစီအစဉ်တွင် ပါဝင်ခွင့် ရရှိပါမည်။
  • ဘဏ်စာရင်း၏ အနည်းဆုံး စာရင်းလက်ကျန်ကို လဆန်း (၅)ရက်နေ့မှစ၍ လကုန် နောက်ဆုံးရက်အထိ စစ်ဆေးသုံးသပ်မည် ဖြစ်သည်။ ဆုရွေးချယ်မှု အစီအစဉ်တွင် ပါဝင်နိုင်ရန် လစဥ် (၅) ရက်နေ့မှစ၍ သတ်မှတ်ထားသည့် ကာလအတွင်း Flexi Everyday Account စာရင်းရှင်စာရင်းတွင် နေ့စဉ် အနည်းဆုံးစာရင်းလက်ကျန် မြန်မာကျပ် (၃)သိန်းနှင့် ထားရှိရမည် ဖြစ်သည်။
  • သတ်မှတ်ထားသော ကာလအတွင်း နေ့စဥ် အနည်းဆုံးစာရင်းလက်ကျန်သည် ယင်းငွေပမာဏအောက် လျော့နည်းနေပါက ယင်းလ၏ ဆုရွေးချယ်မှု အစီအစဉ်တွင် ပါဝင်ခွင့် မရှိပါ။
  • ဘဏ်စာရင်းတစ်ခု / စာရင်းပိုင်ရှင်တစ်ဦးသည် ဆုရွေးချယ်မှု တစ်ကြိမ်တွင် ဆုတစ်ခုသာ ရရှိခွင့် ရှိသည်။
  • လစဉ်လတိုင်း (၆)ရက်နေ့ နောက်ဆုံးထား၍ ဆုရရှိသူများကို ရိုးမဘဏ်၏ တရားဝင် Facebook စာမျက်နှာနှင့် www.yomabank.com တွင် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။
  • ဆုရရှိသူများကို ရိုးမဘဏ်၏ Customer Care Center နံပါတ် ၀၉-၉၆၆၂-၀-၉၆၆၂ ဖြင့်သာ ဆုရရှိကြောင်း အကြောင်းကြားမည် ဖြစ်ပါသည်။ စာရင်းပိုင်ရှင်များသည် ထိုအကြောင်းကြားမှုကို ရရှိရန် မိမိတို့၏ အမြဲတမ်းအသုံးပြုသည့် ဖုန်းနံပါတ်ကို ရိုးမဘဏ်သို့ မှန်ကန်စွာ ပေးထားရန် လိုအပ်ပါသည်။
  • ဆုရရှိသူများသည် ဆုရွေးချယ်ပြီး (၁၅)ရက် နောက်ပိုင်းတွင် မိမိစာရင်းဖွင့်ခဲ့သော ရိုးမဘဏ် ဘဏ်ခွဲသို့ သွားရောက်၍ ထုတ်ယူနိုင်ပါသည်။ ဆုထုတ်ယူရာတွင် ဆုရွေးချယ်ခံရသူများသည် အကောင့်ဖွင့်ခဲ့သည့် ဘဏ်ခွဲတွင် Flexi Everyday Account ဖွင့်လှစ်ထားသော မှတ်ပုံတင်မူရင်း နှင့် ဖုန်းနံပါတ်ဖြင့် သွားရောက် ထုတ်ယူနိုင်ပါသည်။
  • ယခုအစီအစဉ်နှင့် ပက်သက်ပြီး အငြင်းပွားဖွယ် တစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ပါက ရိုးမဘဏ်၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စစ်ဆေးပြီး ဘဏ်၏ ဆုံးဖြတ်ချက်သာလျှင် အတည် ဖြစ်သည်။