မြန်မာနှစ်သစ်ကူးကာလ
ပြည်ပငွေလွှဲ အထူးအစီအစဉ်

မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ကာလအတွင်း ပြည်ပတွင် လုပ်ကိုင်လျက်ရှိကြသော မြန်မာနိုင်ငံသားများအနေနှင့် ဖော်ပြပါ ပြည်ပငွေလွှဲဝန်ဆောင်မှုများ - Western Union (WU), RIA, MoneyGram (MG), DEEMONEY (DM) ကိုသုံး၍ မြန်မာနိုင်ငံသို့ ငွေလွှဲပေးပို့ရာတွင် ရိုးမဘဏ်သို့ တိုက်ရိုက်ပေးပို့ပါက ငွေလွှဲထုတ်ယူတိုင်း ထပ်ဆောင်းအပိုငွေ ရရှိနိုင်မည့် အစီအစဥ်ဖြစ်ပါသည်။

အစီအစဥ်ကာလ - ၂၀၂၆ ခုနှစ်၊ မတ်လ (၂၃) ရက်နေ့မှ ဧပြီလ (၃၀) ရက်နေ့ အထိ

နိုင်ငံတကာ ငွေလွှဲဝန်ဆောင်မှုများနှင့်
ထပ်ဆောင်းအပိုငွေရယူရန် ငွေလွှဲပေးပို့နိုင်မည့်နည်းလမ်း

ငွေလွှဲလက်ခံနိုင်မည့်နည်းလမ်းနိုင်ငံတကာ ငွေလွှဲဝန်ဆောင်မှုများ
Western Union (WU)RIAMoneyGram (MG)DEEMONEY (DM)
ရိုးမဘဏ် ဘဏ်ခွဲတွင် ငွေလွှဲထုတ်ယူခြင်း (OTC)CheckmarkCheckmarkCheckmarkCheckmark
ရိုးမဘဏ်အကောင့်တိုက်ရိုက်ဖြင့် ငွေလွှဲလက်ခံခြင်းMultiplication signCheckmarkCheckmarkMultiplication sign

ငွေလွှဲပမာဏအလိုက် ရရှိမည့်
ထပ်ဆောင်းအပိုငွေပမာဏ

ငွေလွှဲပမာဏCashback ပေးအပ်မည့်ပမာဏ
ဘဏ်ခွဲ (OTC) တွင်ထုတ်ပါကရိုးမဘဏ်အကောင့်တိုက်ရိုက်
၁ – ၁,၀၀၀,၀၀၀ ကျပ်၂,၀၀၀ ကျပ်၅,၀၀၀ ကျပ်
၁,၀၀၀,၀၀၁ – ၅,၀၀၀,၀၀၀ ကျပ်၅,၀၀၀ ကျပ်၁၀,၀၀၀ ကျပ်
၅,၀၀၀,၀၀၁ ကျပ်နှင့်အထက်၁၀,၀၀၀ ကျပ်၂၀,၀၀၀ ကျပ်

ငွေလွှဲထုတ်ယူရန် လိုအပ်ချက်များ

ရိုးမဘဏ် ဘဏ်ခွဲတွင် ငွေလွှဲထုတ်ယူမည်ဆိုပါက
• ငွေလွှဲပို့သူအမည်
• ငွေလွှဲလက်ခံသူအမည်
• ငွေလွှဲလက်ခံသူ၏ မှတ်ပုံတင် (သို့မဟုတ်) နိုင်ငံကူးလက်မှတ်
• သက်ဆိုင်ရာ ငွေလွှဲဝန်ဆောင်မှုအလိုက် ငွေလွှဲထိန်းချုပ်နံပါတ် (သို့) MTCN ဂဏန်း
• ငွေလွှဲပေးပို့သည့်နိုင်ငံ

ရိုးမဘဏ်အကောင့်တိုက်ရိုက် ငွေလွှဲလက်ခံမည်ဆိုပါက
• ငွေလွှဲပို့သူအမည်
• ငွေလွှဲလက်ခံသူအမည်
• ငွေလွှဲလက်ခံမည့် ရိုးမဘဏ် အကောင့်နံပါတ်

စည်းမျဉ်းစည်းကမ်းများ

  • ဤအစီအစဥ်ကို ၂၀၂၆ ခုနှစ်၊ မတ်လ (၂၃) ရက်နေ့မှ ၂၀၂၆ ခုနှစ်‌ ဧပြီလ (၃၀) ရက်နေ့ အထိ ပြုလုပ်သွားမည် ဖြစ်ပါသည်။
  • ဤအစီအစဉ်တွင် ရိုးမဘဏ်နှင့်ချိတ်ဆက်ထားသည့် ပြည်ပငွေလွှဲဝန်ဆောင်မှုများ – Western Union (WU), RIA, MoneyGram (MG), DEEMONEY (DM) ဖြင့် နိုင်ငံတကာငွေလွှဲထုတ်ယူမှုများအားလုံး အကျုံးဝင်ပြီး ရိုးမဘဏ်မှတဆင့် ‌ငွေလွှဲပေးမှုပြီးမြောက်တိုင်း ထပ်ဆောင်းအပိုငွေ ရရှိနိုင်မည်ဖြစ်ပါသည်။
  • ဤအစီအစဉ်တွင် ရိုးမဘဏ် ဘဏ်ခွဲတွင် ငွေလွှဲထုတ်ယူခြင်း (OTC) နှင့် ရိုးမဘဏ်အကောင့်တိုက်ရိုက်ဖြင့် ငွေလွှဲလက်ခံခြင်း နည်းလမ်း (၂) မျိုး ဖြင့်သာအကျုံးဝင်ပါသည်။
  • ယခုအစီအစဉ်တွင် အခြားဘဏ်များမှတစ်ဆင့်  နိုင်ငံခြားငွေလွှဲဝင်ရောက်ခြင်း (CBM Net – Transfer) များ အကျုံးမဝင်ပါ။
  • ရိုးမဘဏ် ဘဏ်ခွဲတွင် ငွေလွှဲထုတ်ယူခြင်း (OTC) အတွက် ထပ်ဆောင်းအပိုငွေ ချက်ချင်းပေးအပ်သွားမည်ဖြစ်ပြီး ရိုးမဘဏ်အကောင့်တိုက်ရိုက်ဖြင့် ငွေလက်ခံခြင်းအတွက် ပြည်ပငွေလွှဲလက်ခံရရှိပြီး ဘဏ်ဖွင့်ရက် (၂) ရက်အတွင်း ငွေလက်ခံထားသည့် အကောင့်သို့ ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။
  • ဤအစီအစဥ်တွင် ပေးအပ်မည့် ထပ်ဆောင်းအပိုငွေသည် အစီအစဉ်ကာလအတွင်း ပြီးမြောက်သွားသော ငွေလွှဲ Transaction တစ်ကြောင်းချင်းစီအတွက်သာ တွက်ချက်သွားမည်ဖြစ်ပါသည်။
  • ဤအစီအစဉ်အ‌သေးစိတ်ကို စုံစမ်းမေးမြန်းလိုပါက ရိုးမဘဏ်၏ Official Facebook Page Message Box (သို့) Customer Care Center 9662 သို့မဟုတ် 097 9662 9662 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
  • ရိုးမဘဏ်သည် ဤအစီအစဉ်နှင့်ပတ်သက်၍ မည်သည့် အချိန်တွင်မဆို အကြောင်းကြားချက်မပြုဘဲ ပြင်ဆင်၊ ရပ်ဆိုင်းခွင့်ရှိသည်။