ရိုးမဘဏ်၏ လစာပေးခြင်း (SMART Payroll) ဝန်ဆောင်မှု ရယူထားသော Customer များအနေဖြင့် လစာချေးငွေဝန်ဆောင်မှု (Salary Loan) နှင့် ကြိုတင်လစာ ဝန်ဆောင်မှု (Salary Advance) များ ရယူခွင့် ရှိပါသည်။
လစာချေးငွေဝန်ဆောင်မှုသည် SMART Payroll ဝန်ဆောင်မှုရယူသူများသာ ရရှိနိုင်သည့် အထူးဝန်ဆောင်မှုဖြစ်ပြီး ဝန်ထမ်းများသည် ၎င်းတို့ လစဉ် လစာ (၁) လစာနှင့် ညီမျှသော ငွေကို ချေးငွေအဖြစ် လျှောက်ထားရယူနိုင်ပြီး ချေးငွေသက်တမ်းမှာ ပုံသေ (၄) လဖြစ်ပါသည်။ ငွေပြန်လည်ပေးဆပ်ရမည့်ပုံစံမှာ ဝန်ထမ်းသည် လစာရရှိသည့်နေ့တွင် ၎င်း၏လစာကို SMART အကောင့် ထဲသို့ ငွေသားရောက်ရှိပြီးသည်နှင့် ပြန်ဆပ်ရမည့် ငွေကို ရိုးမဘဏ်က ယင်းဝန်ထမ်း၏ SMART အကောင့်မှ နုတ်ယူသွားမည် ဖြစ်သည်။
လျှောက်ထားပုံ ပြုလုပ်နည်းအဆင့်ဆင့်ကို Step 1 မှ Step 6 အထိ ဘယ်ညာရွှေ့ပြောင်းပြီး ကြည့်ရှုနိုင်ပါသည်
အတိုးမှာ တစ်နှစ်လျှင် ၁၄.၅% ဖြစ်ပါသည်။ သင်လစဉ်အရစ်ကျပြန်လည်ပေးဆပ်မည့်ပမာဏကို သိရှိနိုင်ရန် ဖော်ပြထားသော ချေးငွေတွက်ချက်မှုစနစ်ကို အသုံးပြု၍ တွက်ချက်နိုင်ပါသည်။
လစာချေးငွေဝန်ဆောင်မှု (Salary Loan) နှင့်ပတ်သတ်ပြီး ပိုမိုသိရှိလိုပါက www.yomabank.com/landing/documents/Salary-Loan-User-Guide.pdf တွင် အသေးစိတ်ဖတ်ရှုနိုင်ပါတယ်။
SMART Payroll Customer တစ်ဦးအနေဖြင့် သင်သည် သင့်လစာငွေ (၁)လစာနှင့် ညီမျှသော ငွေပမာဏကို ချေးငွေအဖြစ် ရယူနိုင်ပြီး ချေးငွေသက်တမ်း (၄)လ ရယူနိုင်ပါသည်။
သင့်လစာ (၁)လစာနှင့် ညီမျှသော ငွေပမာဏအတိအကျကိုသာ လစာချေးငွေ လျှောက်ထားနိုင်သည်။
(၄) လ
ပေးရန်ကျန်ရှိသော ယခင်လစာချေးငွေကို အပြည့်အဝ ပေးဆပ်ပြီးမှသာ နောက်ထပ် ချေးငွေအသစ် လျှောက်ထားမှု ပြုလုပ်နိုင်ပါသည်။
ချေးငွေလျှောက်ထားမှု အတည်ပြုခြင်းကို လတစ်လ တိုင်းစီ ၏ ပထမရက်သတ္တပတ်တွင်လုပ်ဆောင်ပါမည်။ သင့်ချေးငွေကို အတည်ပြုပြီးပါက အတည်ပြုစာတို (SMS) ကိုပေးပို့သွားမည်ဖြစ်သည်။
ဝန်ဆောင်ခ၊ လစဉ်ပေးအပ်ရမည့် ပမာဏ စသည်တို့ကို ရိုးမဘဏ်၏ website - www.yomabank.com (သို့) Salary Loan www.yomabank.com/salary-loan-and-advance တွင် အသေးစိတ်လေ့လာနိုင်ပြီး အလိုအလျောက်တွက်ချက်ပေးမည့် Salary Loan Calculator ကိုလည်း ထည့်သွင်းပေးထားပါသည်။
Yoma Bank Mobile Apps ရှိ Setting ထဲတွင် Salary Loan စာတိုစင်တာမှတစ်ဆင့် လစာချေးငွေဝန်ဆောင်မှုကိုပယ်ဖျက်လိုကြောင်း (သို့) ငွေပြန်ဆပ်လိုကြောင်း စာတိုပေးပို့ပါက ရုံးဖွင့်ရက် (၂) ရက်အတွင်း သင့်ချေးငွေအကောင့်ကို ပယ်ဖျက်ခြင်း (သို့) စာရင်းရှင်းခြင်းတို့ကို ပြုလုပ်ပေးမည် ဖြစ်သည်။
လစာချေးငွေဝန်ဆောင်မှု (Salary Loan) ကို လျှောက်ထားခြင်းဖြင့် ပူးတွဲပါ “စည်းကမ်းနှင့် သတ်မှတ်ချက်များ” ကို သဘောတူညီကြောင်း ယူဆမှာ ဖြစ်ပါတယ်။
ကြိုတင်လစာဝန်ဆောင်မှုသည် SMART Payroll ဝန်ဆောင်မှုရယူသူများသာ ရရှိနိုင်သည့် အထူးဝန်ဆောင်မှုဖြစ်ပြီး ဝန်ထမ်းများသည် ၎င်းတို့ လစဉ် လစာ၏ ၃ဝ % အထိ ကြိုတင်ရယူနိုင်ခြင်းကြောင့် ရေတိုငွေကြေးလိုအပ်ချက်ကို ကူညီပေးနိုင်မည် ဖြစ်သည်။ ခွင့်ပြုချက်ရရှိပြီးသော လျှောက်ထားမှုတိုင်းအတွက် ပုံသေသတ်မှတ်ထားသော ဝန်ဆောင်ခ (Adminstritive fees) ရှိပါသည်။ ဝန်ဆောင်ခနှင့် ပြန်လည်ပေးဆပ်ရမည့်ချေးငွေကို သင်၏ နောက်တစ်လ လစာထဲမှ ဖြတ်တောက်သွားမည် ဖြစ်သည်။ ကြိုတင်လစာကို တစ်လတွင်တစ်ကြိမ်သာ ရယူနိုင်ပါသည်။
ကြိုတင်လစာဝန်ဆောင်မှု (Salary Advance) နှင့်ပတ်သတ်ပြီး ပိုမိုသိရှိလိုပါက www.yomabank.com/landing/documents/Salary-Advance-User-Guide.pdf တွင် အသေးစိတ်ဖတ်ရှုနိုင်ပါတယ်။
လျှောက်ထားသူအားလုံးအတွက် အတည်ပြုသတ်မှတ်ထားသော ဝန်ဆောင်ခကို အောက်ပါဇယားတွင် ကြည့်ရှုနိုင်ပါသည်။
ကြိုတင်လစာငွေ ပမာဏ (အများဆုံး ပမာဏ) | ဝန်ဆောင်ခ |
---|---|
<=80,000 | 1,500 ကျပ် |
<=160,000 | 3,500 ကျပ် |
<=320,000 | 6,000 ကျပ် |
<=400,000 | 10,000 ကျပ် |
<=500,000 | 14,000 ကျပ် |
ကြိုတင်လစာ (Salary Adavnce) ကို လျှောက်ထားခြင်းဖြင့် ပူးတွဲပါ "စည်းကမ်းနှင့် သတ်မှတ်ချက်များ" ကို သဘောတူညီကြောင်း ယူဆမှာ ဖြစ်ပါတယ်။