Smart Credit Program is currently on hold
SMART Credit Interest Repayment

SMART Credit နှင့် SMART Credit Business ချေးငွေများအတွက် လစဉ်အရစ်ကျ ပြန်လည်ပေးဆပ်မှု ဆိုင်းငံ့ အစီအစဉ်

ရိုးမဘဏ်အနေဖြင့် ယခုလို ခက်ခဲသောကာလတွင် Customer များ၏ အခြေအနေကို နားလည်သောအားဖြင့် လစဉ်ချေးငွေအရစ်ကျ ပြန်လည်ပေးဆပ်မှု (အရင်း၊ အတိုး နှင့် နောက်ကျကြေး) တို့ကို ကနဦး အစီအစဉ်အနေဖြင့် မတ် ၂၀၂၁ မှ ဧပြီလ ၂၀၂၁ အထိ ဆိုင်းငံ့ပေးခဲ့ပါသည်။ ယခု မေလတွင် customer များ၏ အခက်အခဲများကို နားလည်သောအားဖြင့် ပုံမှန် အတိုင်း ချေးငွေအရစ်ကျပြန်လည်ပေးဆပ်ရမည့်အစား အရင်း နှင့် နောက်ကျကြေးများကို ကောက်ခံခြင်းအား ထပ်မံ ရပ်ဆိုင်းခဲ့ပြီး ယင်း “မတ်၊ ဧပြီ၊ မေလ” တို့တွင် ကျသင့်သော အတိုးများကိုသာ ကောက်ခံရန် စီစဉ်ထားပါသည်။

ထို့အတူ ၎င်း ဆိုင်းငံ့ကာလအတွင်း နောက်ကျရက်များကိုလည်း လူကြီးမင်းတို့၏ နောင်ချေးငွေအသစ်များ ရယူမှုအပေါ်တွင် ထည့်သွင်း စဉ်းစားမည်မဟုတ်ပါ။

သို့ဖြစ်ပါ၍ ယင်းလများတွင် ရပ်ဆိုင်းပေးခဲ့သော အရစ်ကျ ပြန်လည်ပေးဆပ်မှုများမှ သက်ဆိုင်ရာ ကျသင့်သည့် အတိုး တစ်ခုထဲကိုသာ ယခုလ (မေလ) တွင် ကောက်ခံသွားမည် ဖြစ်ပါသည်။

လစဉ်ချေးငွေအရစ်ကျ ပြန်လည်ပေးဆပ်မှုကို ၂၀၂၁ ခုနှစ် ဇွန် လ မှ စတင်၍ ပုံမှန်အတိုင်း ပြန်လည်ကောက်ခံသွားမည် ဖြစ်ပါသည်။

“SMART Credit နှင့် SMART Credit Business ချေးငွေများအတွက် လစဉ်အရစ်ကျ ပြန်လည်ပေးဆပ်မှု ဆိုင်းငံ့ အစီအစဉ်” တွင် အကျုံးဝင်သော သူများ

အောက်ဖော်ပြပါ အချက်အလက်များနှင့် ကိုက်ညီသူများ အားလုံး “SMART Credit နှင့် SMART Credit Business ချေးငွေများအတွက် လစဉ်အရစ်ကျ ပြန်လည်ပေးဆပ်မှု ဆိုင်းငံ့ အစီအစဉ်” တွင် အကျုံးဝင်ပါသည်။

  • (၁) ၂၀၂၁ ဖေဖော်ဝါရီ (၁) ရက်နေ့တွင် လစဉ်ချေးငွေအရစ်ကျပြန်လည်ပေးဆပ်မှု နောက်ကျထားခြင်း မရှိသူများ
  • (၂) ၂၀၂၁ ဖေဖော်ဝါရီ (၁) ရက်နေ့တွင် လစဉ်ချေးငွေအရစ်ကျပြန်လည်ပေးဆပ်ရန် ရက်ပေါင်း (၈၉) ရက်အထိ ပျက်ကွက်ထားသူများ

မှတ်ချက်။ ။ ၂၀၂၁ ဖေဖော်ဝါရီ (၁) ရက်နေ့တွင် လစဉ်ချေးငွေအရစ်ကျပြန်လည်ပေးဆပ်ရန် ရက်ပေါင်း (၈၉) ရက်ထက် ကျော်လွန် ပျက်ကွက်နေသူများသည် ယခု ဆိုင်းငံ့အစီအစဉ်တွင် အကျုံးမဝင်ပါ။

“SMART Credit နှင့် SMART Credit Business” ချေးငွေများအတွက် Customer များအနေဖြင့် လစဉ်အရစ်ကျ ပြန်လည်ပေးဆပ်မှု ဆိုင်းငံ့ အစီအစဉ်နှင့် ပတ်သက်၍ အောက်ပါ နည်းလမ်းများထဲမှ ရွေးချယ်ပြီး ချေးငွေပြန်လည် ပေးဆပ်နိုင်ပါသည်။

***ဖော်ပြပါ နည်းလမ်းများကို ရိုးမဘဏ်မှ ဆိုင်းငံ့အစီအစဉ်အတွက် အကြောင်းကြားသည့် SMS လက်ခံရရှိပြီး “၂၀၂၁ မေ လ ၂၇ ရက် နေ့” နောက်ဆုံးထားပြီး https://bit.ly/3wxYetR တွင် လျှောက်ထားနိုင်ပါသည်။

(၁) Early Repayment (သတ်မှတ်ရက် မတိုင်ခင် ချေးငွေအကျေပြန်ဆပ်ခြင်း)

လူကြီးမင်းအနေဖြင့် သတ်မှတ်ရက် မတိုင်ခင် ချေးငွေကို အကျေ ပြန်လည်ပေးဆပ်လိုပါက

  • အဆင့် (၁) ဆိုင်းငံ့ကာလအတွင်း လစဉ်ပေးသွင်းရမည့်ပမာဏ ကို ပြန်လည်ကောက်ယူသွားပါမည်။
    ဥပမာ - လူကြီးမင်းသည် လစဉ် ၁ သိန်းကျပ် ပေးသွင်းရပြီး ၂၀၂၁ မတ်လ မှ ၂၀၂၁ မေလ အထိ ဆိုင်းငံ့ပေးခဲ့သည်ဆိုပါက ၎င်းလများအတွက် ကျသင့်ငွေ စုစုပေါင်း (၃) လစာ - ၃ သိန်းကျပ် ကို ထည့်သွင်းပေးထားရပါမည်။
  • အဆင့်(၂) ထို့နောက် ကျန်ရှိသည့် ချေးငွေအရင်းပမာဏအား ပုံမှန် Early Repayment အစီအစဉ်အတိုင်း ဆောင်ရွက်ပါမည်။
    Early Repayment အတွက် အောက်ပါ Digital Credit Loan Team ဖုန်းနံပါတ်များသို့ (ရုံးချိန်အတွင်း) ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။
    • SMART Credit ချေးငွေအတွက် 09765602686, 09788748056, 09971540599
    • SMART Credit Business ချေးငွေအတွက် 09755659274, 09771849293, 09751333210

(၂) “SMART Credit နှင့် SMART Credit Business ချေးငွေများအတွက် လစဉ်အရစ်ကျပြန်လည်ပေးဆပ်မှု ဆိုင်းငံ့ အစီအစဉ်” တွင် လက်ခံပါဝင်ခြင်း

ချေးငွေ လစဉ်အရစ်ကျပြန်လည်ပေးဆပ်မှု ဆိုင်းငံ့ အစီအစဉ်တွင် ပါဝင်လိုသော သူများသည် ဆိုင်းငံ့ပေးခဲ့သော လ အရေအတွက် အလိုက် အတိုးကို မေလတွင် ပေးဆောင်ရပါမည်။ ယင်းအတိုး တွက်ချက်မှုသည် ဆိုင်းငံ့အစီအစဉ် မတိုင်ခင် ကျန်ရှိနေသော ချေးငွေ (အရင်း) ပေါ်တွင် အတိုးနှုန်း (နှစ်စဉ်-၁၄.၅ ရာခိုင်နှုန်း) ဖြင့် တွက်ချက်၍ကောက်ခံခြင်း ဖြစ်ပါသည်။

(၃) “SMART Credit နှင့် SMART Credit Business ချေးငွေများအတွက် လစဉ်အရစ်ကျ ပြန်လည်ပေးဆပ်မှု ဆိုင်းငံ့ အစီအစဉ်” ကို ရယူခြင်းမရှိပဲ ပုံမှန်အတိုင်း ပေးဆပ်လိုခြင်း

ယင်းအစီအစဉ်ကို ရယူလိုခြင်းမရှိပါက

  • (၁) လစဉ် ပေးသွင်းရမည့် ငွေပမာဏ (monthly repayment amount) ကို ဆိုင်းငံ့ထားခဲ့သည့် လအရေအတွက် အလိုက် လူကြီးမင်း၏ SMART Account ထဲတွင် လုံလောက်စွာထည့်သွင်းပေးထားရန် လိုအပ်ပါသည်။
    ဥပမာ - လူကြီးမင်းသည် လစဉ် ၁ သိန်းကျပ် ပေးသွင်းရပြီး ၂၀၂၁ မတ်လ မှ ၂၀၂၁ မေလ အထိ ဆိုင်းငံ့ပေးခဲ့သည်ဆိုပါက ၎င်းလများအတွက် ကျသင့်ငွေ စုစုပေါင်း (၃) လစာ - ၃ သိန်းကျပ် ကို ထည့်သွင်းပေးထားရပါမည်။
  • (၂) ယင်းအစီအစဉ်ကို https://bit.ly/3wxYetR တွင် လျှောက်ထားရယူနိုင်ပါသည်။ လျှောက်ထားရာတွင် လူကြီးမင်းတို့၏ အချက်အလက်များကို သေချာစွာ ဖြည့်သွင်းရန်လိုအပ်ပါသည်။

အမေးများသော မေးခွန်းများ

အခြားဝန်ဆောင်ခ တစ်စုံတစ်ရာ ပေးဆောင်စရာမလိုပါ။ လူကြီးမင်း အနေဖြင့် ဆိုင်းငံ့အစီအစဉ် မတိုင်ခင် ကျန်ရှိနေသော ချေးငွေ (အရင်း) ပေါ်တွင် အတိုးနှုန်း (နှစ်စဉ်-၁၄.၅ ရာခိုင်နှုန်း) ဖြင့် တွက်ချက်၍ကောက်ခံခြင်း ဖြစ်ပါသည်။

ချေးငွေအသစ်ပြန်လည် လျှောက်ထားနိုင်မှုသည် ဘဏ်၏ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများအပေါ်တွင် မူတည်ပါမည်။

မပေါင်းပါ။ ဆိုင်းငံ့ အစီအစဉ်မတိုင်မီ ကျန်ရှိနေသော အရင်းအတိုင်းသာဖြစ်ပါသည်။

Customer များရဲ့ အခက်အခဲနဲ့ လိုအပ်ချက်ကို ထည့်သွင်းစဉ်းစားပြီး ရိုးမဘဏ်ရဲ့ ဘဏ်နည်းပညာစနစ်အတွင်း Customer များအတွက် အကောင်းဆုံးဖြစ်မဲ့ နည်းလမ်းတွေကို ကြိုးစားပေးထားပါတယ်။ ဆိုင်းငံ့လ များအတွက် ပေးဆပ်ရမည့်အတိုးများကို ယခုမေလတွင် ကောက်ခံသွားခြင်းသည် Customerအတွက် သက်သာပြီး အဆင်အပြေဆုံး ဖြစ်ပါလိမ့်မည်။

အကယ်၍ customer အနေနဲ့ အခက်အခဲရှိလို့ ဆိုင်းငံ့ ၃ လ မှာ ၁ လစာသာ ပြန်ဆပ်မယ်ဆိုရင် ကျန် ၂ လစာသည် ရိုးမဘဏ်ရဲ့ ဘဏ်နည်းပညာစနစ်အရ ဆိုင်းငံ့အစီအစဉ်မှ ပယ်ပျက်သွားမည်ဖြစ်ပြီး ၎င်း ၂ လစာအတွက် ပုံမှန်နောက်ကျကြေးများ ကျသင့် ပေးဆောင်ရမည်ဖြစ်ပါသည်။ ထို့အပြင် ၎င်းနောက်ကျရက်များသည် နောင်ချေးငွေအသစ်များ ရယူမှုအပေါ်တွင်လည်း သက်ရောက်သွားနိုင်ပါသည်။ ထို့ကြောင့် ဤနည်းလမ်းသည် လူကြီးမင်းအတွက် သက်ရောက်မှုများနိုင်သည့်အတွက် ဘဏ်အနေဖြင့် အကြံမပြုလိုပါ။ ဆိုင်းငံ့လ များအတွက် ပေးဆပ်ရမည့်အတိုးများကို ယခုမေလတွင် ကောက်ခံသွားခြင်းသည် Customerအတွက် သက်သာပြီး အဆင်အပြေဆုံး ဖြစ်ပါလိမ့်မည်။

ဆိုင်းငံ့ပေးထားသော ကာလအတွက် ကျသင့်သော ပမာဏစုစုပေါင်းကို ပြန်လည်ပေးသွင်းနိုင်ပါက ယင်းအတိုးကို သက်သာခွင့်ရှိပါသည်။
ဥပမာ - လူကြီးမင်းသည် လစဉ် ၁ သိန်းကျပ် ပေးသွင်းရပြီး ၂၀၂၁ မတ်လ မှ ၂၀၂၁ မေလ အထိ ဆိုင်းငံ့ပေးခဲ့သည်ဆိုပါက ၎င်းလများအတွက် ကျသင့်ငွေ စုစုပေါင်း (၃) လစာ - ၃ သိန်းကျပ် ကို ထည့်သွင်းပေးထားရပါမည်။

ဆိုင်းငံ့အစီအစဉ်တွင် ပါဝင်လိုခြင်းမရှိပါက https://bit.ly/3wxYetR တွင် လူကြီးမင်း၏ အချက်အလက်များကို ပြည့်စုံစွာ ဖြည့်သွင်းပြီး လျှောက်ထားနိုင်ပါသည်။

လျှောက်ထားမှု ပြီးမြောက်ပြီးပါက ရုံးဖွင့်ရက် ၃ ရက်အတွင်း Digital Credit Loan Team မှပြန်လည်ဆက်သွယ်မည်ဖြစ်ပါသည်။

ရိုးမဘဏ်မှ ဆိုင်းငံ့အစီအစဉ်အတွက် အကြောင်းကြားသည့် SMS လက်ခံရရှိပြီး ၂၀၂၁ မေ လ ၂၇ ရက် နေ့ နောက်ဆုံးထား လျှောက်ထားနိုင်ပါသည်။

ဆိုင်းငံ့ကာလအတွင်း ကျသင့်သည့် အတိုးသည် သက်ဆိုင်ရာ အရစ်ကျပေးဆပ်ရမည့် လ၏ အရင်း ပမာဏ အပေါ်တွင် အတိုးနှုန်း (နှစ်စဉ်-၁၄.၅ ရာခိုင်နှုန်း) ဖြင့် တွက်ချက်ပါသည်။

ဥပမာ - လူကြီးမင်းသည် ပထမအရစ်တွင် ဆိုင်းငံ့လိုက်ရသည်ဆိုပါက ပထမအရစ်အတွက် အတိုး 120,833.33 အတိုင်း ဆိုင်းငံ့လိုက်သည့် လ အလိုက် ပေးဆောင်ရပါမည်။
အကယ်၍ လူကြီးမင်းသည် ဆယ်ကြိမ်မြောက်အရစ်တွင် ဆိုင်းငံ့လိုက်ရသည်ဆိုပါက ဆယ်ကြိမ်မြောက်အရစ်အတွက် အတိုး 31,860.14 အတိုင်း ဆိုင်းငံ့လိုက်သည့် လ အလိုက် ပေးဆောင်ရပါမည်။

လျှောက်လွာကို ၂၀၂၁ မေ လ ၂၇ ရက် နောက်ဆုံးထားပြီး လျှောက်ထားရပါမည်၊ အကယ်၍ ၂၀၂၁ မေ လ ၂၇ ရက်အထိ လျှောက်ထားမှု မရှိသူများကို ယခု ဆိုင်းငံ့အစီအစဉ်တွင် ပါဝင်မည်ဟု အလိုအလျောက်သတ်မှတ်ပါမည်။