“စုပွားရယူ Flexi Everyday နှင့်အတူ” အထူးအခွင့်အရေးအစီအစဉ်


ရိုးမဘဏ်၏ Flexi Everyday အကောင့်ရှိသူတိုင်း ပါဝင်ကံစမ်းနိုင်ကာ အပ်ငွေတွေ ပွားသထက် ပွားစေမည့် “စုပွားရယူ Flexi Everyday နှင့်အတူ” အထူးအခွင့်အရေး အစီအစဉ်ကို ၂၀၂၄ ခုနှစ်၊ မေလ (၁) ရက်နေ့ မှ စတင်၍ ကျင်းပပြုလုပ်ပေးသွားမည် ဖြစ်ပါသည်။ သတ်မှတ်ချက်များနှင့်ကိုက်ညီသော ရိုးမဘဏ်၏ Flexi Everyday အကောင့်အသုံးပြုသူ Customer များအားလုံးအတွက် မိမိအကောင့်ရှိ ပျမ်းမျှပမာဏ၏ (၅) ဆ*အထိ ငွေသားဆုများကံထူးနိုင်မည့် အထူးအခွင့်အရေးကို ရရှိမည် ဖြစ်ပါသည်။

“စုပွားရယူ Flexi Everyday နှင့်အတူ” အထူးအခွင့်အရေးအစီအစဉ်


ရိုးမဘဏ်၏ Flexi Everyday အကောင့်ရှိသူတိုင်း ပါဝင်ကံစမ်းနိုင်ကာ အပ်ငွေတွေ ပွားသထက် ပွားစေမည့် “စုပွားရယူ Flexi Everyday နှင့်အတူ” အထူးအခွင့်အရေး အစီအစဉ်ကို ၂၀၂၄ ခုနှစ်၊ မေလ (၁) ရက်နေ့ မှ စတင်၍ ကျင်းပပြုလုပ်ပေးသွားမည် ဖြစ်ပါသည်။ သတ်မှတ်ချက်များနှင့်ကိုက်ညီသော ရိုးမဘဏ်၏ Flexi Everyday အကောင့်အသုံးပြုသူ Customer များအားလုံးအတွက် မိမိအကောင့်ရှိ ပျမ်းမျှပမာဏ၏ (၅) ဆ*အထိ ငွေသားဆုများကံထူးနိုင်မည့် အထူးအခွင့်အရေးကို ရရှိမည် ဖြစ်ပါသည်။

ပေးအပ်မည့် ငွေသားဆု အမျိုးအစားများ

အပ်ငွေပမာဏဆတိုးဆုအရေအတွက်ငွေသားဆုအများဆုံးသတ်မှတ်ချက်
ငွေကျပ် (၁၀၀,၀၀၀) မှ (၂၉၉,၉၉၉) ကျပ် အထိ၁ ဆ၅၀ ဆုသတ်မှတ်ချက်နှင့်ကိုက်ညီသော ပျမ်းမျှအပ်ငွေပမာဏ၏ “၁ ဆ” ရရှိနိုင်ပါမည်။ ငွေသားဆု အများဆုံးပမာဏ သတ်မှတ်ထားခြင်းမရှိပါ။
ငွေကျပ် (၃၀၀,၀၀၀) မှ (၄,၉၉၉,၉၉၉) ကျပ် အထိ၂ ဆ၁၀ ဆုသတ်မှတ်ချက်နှင့်ကိုက်ညီသော ပျမ်းမျှအပ်ငွေပမာဏ၏ “၂ ဆ” ရရှိနိုင်ပါမည်။ ငွေသားဆု အများဆုံးပမာဏ သတ်မှတ်ထားခြင်းမရှိပါ။
ငွေကျပ် (၅,၀၀၀,၀၀၀) နှင့်အထက်၅ ဆ*၁ ဆုသတ်မှတ်ချက်နှင့်ကိုက်ညီသော ပျမ်းမျှအပ်ငွေပမာဏ၏ “၅ ဆ”* ရရှိနိုင်ပါမည်။

 

*ငွေသားဆု အများဆုံးပမာဏ ကျပ်သိန်း ၅၀၀ အထိ ရရှိနိုင်ပါသည်။

“စုပွားရယူ Flexi Everyday နှင့်အတူ” အထူးအခွင့်အရေးအစီအစဉ်တွင် ပါဝင်နိုင်မည့်ပုံစံ 

  • Flexi Everyday အကောင့်တွင် နေ့စဉ် ငွေကျပ် (၁) သိန်း နှင့်အထက်ရှိသော ရက်တိုင်းအတွက် လက်မှတ်တစ်စောင်စီရရှိမည်ဖြစ်ရာ တစ်လလျှင် အများဆုံးရရှိနိုင်သော လက်မှတ်အရေအတွက်မှာ (၃၁) စောင်အထိ အများဆုံးရရှိနိုင်မည်ဖြစ်ပါသည်။
  • တစ်လအတွင်း Flexi Everyday အကောင့်ရှိ ငွေကျပ် (၁) သိန်း နှင့်အထက်ရှိသော ရက်များ၏ ပျမ်းမျှငွေပမာဏ (End of Day Balance) ကို တွက်ချက်မည်ဖြစ်ပြီး ၎င်းပမာဏအပေါ်မူတည်၍ “အဆ” သတ်မှတ်မည်ဖြစ်ပါသည်။
  • ဆုရွေးချယ်ခံရပါက ပျမ်းမျှအပ်ငွေပမာဏအပေါ်မူတည်၍ “အဆ” တွက်ချက်သွားမည်ဖြစ်ရာ ငွေသားဆုများကို (၁) ဆ၊ (၂) ဆ၊ (၅)ဆ* အထိ ရရှိနိုင်မည့်အခွင့်အရေး ရှိပါသည်။
  • ကံထူးရှင်များကို ကွန်ပျူတာစနစ် အသုံးပြု၍ လစဉ် ရွေးချယ်သွားမည် ဖြစ်ပါသည်။
  • လစဉ် ကံထူးရှင် ရွေးချယ်ရာတွင် သတ်မှတ်ချက်နှင့်ကိုက်ညီမှုရှိသည့် Flexi Everyday အကောင့်တိုင်း အကျုံးဝင်မည်ဖြစ်ပြီး Flexi Everyday စာရင်းပိုင်ရှင်တစ်ဦး/ အကောင့်တစ်ခုသည် တစ်လလျှင် တစ်ကြိမ်သာ ဆု (၁) ဆုအတွက် အခွင့်အရေး ရရှိမည် ဖြစ်ပါသည်။

 

“စုပွားရယူ Flexi Everyday နှင့်အတူ” အထူးအခွင့်အရေးအစီအစဉ်တွင် ပါဝင်နိုင်ရန် လိုအပ်ချက်များ  

  • ဤအစီအစဉ်တွင် ပါဝင်လိုသော Customer များသည် ရိုးမဘဏ်၏ Flexi Everyday အကောင့် ဖွင့်ပြီး အပ်ငွေများ ထားရှိရမည် ဖြစ်ပါသည်။
  • ရိုးမဘဏ်၏ မည်သည့်ဘဏ်ခွဲတွင်မဆို မှတ်ပုံတင်မူရင်း (သို့မဟုတ်) နိုင်ငံကူးလက်မှတ်မူရင်း တင်ပြ၍ Flexi Everyday အကောင့် ဖွင့်နိုင်ပါသည်။ (အနည်းဆုံး အသက် (၁၈)နှစ်ပြည့်ပြီးသူဖြစ်ရပါမည်)
  • Flexi Everyday အကောင့် ရှိပြီးသူများသည် သတ်မှတ်ထားသည့် အပ်ငွေပမာဏရှိပါက အလိုအလျောက်အကျုံးဝင်ပြီး Flexi Everyday အကောင့် မရှိသေးပါက အကောင့်အသစ်ဖွင့်၍ ပါဝင်နိုင်ပါသည်။
  • Yoma Bank Next Mobile Application အသုံးပြုပြီး ရိုးမဘဏ် ဘဏ်စာရင်းတစ်ခုခုမှတစ်ဆင့် (သို့မဟုတ်) အခြား Mobile Banking Application များမှတစ်ဆင့် (သို့မဟုတ်) CBM Net ကို အသုံးပြု၍ အခြားဘဏ်များမှတစ်ဆင့် ရိုးမဘဏ် Flexi Everyday အကောင့်သို့ ငွေလွှဲ၍ဖြစ်စေ၊ ရိုးမဘဏ် ဘဏ်ခွဲများသို့ မိမိကိုယ်တိုင် ငွေသားလာရောက်အပ်နှံ၍ဖြစ်စေ သတ်မှတ်ထားသည့် အပ်ငွေပမာဏအတိုင်း အကျုံးဝင်ပါက ပါဝင်နိုင်ပါသည်။
  • အစီအစဉ်ကာလအတွင်း Flexi Everyday အကောင့်၌ မည်သည့်ရက်တွင်မဆို ငွေထည့်သွင်းပါဝင်နိုင်ပြီး ငွေသွင်း/ငွေထုတ်ခြင်းများကို လိုအပ်သလို ဆက်လက်ပြုလုပ်နိုင်ပါသည်။

“စုပွားရယူ Flexi Everyday နှင့်အတူ” အထူးအခွင့်အရေးအစီအစဉ် စည်းမျဉ်းစည်းကမ်းများ

  • ရိုးမဘဏ်၏ “စုပွားရယူ Flexi Everyday နှင့်အတူ” အထူးအခွင့်အရေးအစီအစဉ်ကို၂၀၂၄ ခုနှစ်၊​ မေလ၊ ၁ ရက်နေ့ မှစတင်၍ ပြုလုပ်ပေးသွားမည် ဖြစ်ပါသည်။
  • ဤအစီအစဉ်တွင် တစ်ဦးချင်းစာရင်း (Personal Account) များဖြင့်သာ ပါဝင်နိုင်မည်ဖြစ်ပြီး ကုမ္ပဏီပိုင်စာရင်း (Enterprise Account)၊ ပူးတွဲစာရင်း (Joint Account)၊ အရွယ်မရောက်သေးသူ သက်ငယ်စာရင်း (Minor Account) များနှင့် နိုင်ငံခြားသား (Foreigner) များ ပါဝင်ခွင့်ရှိမည် မဟုတ်ပါ။
  • ကံထူးရှင်များစာရင်းကို လစဉ်လတိုင်း (၅) ရက်နေ့တိုင်း  ရိုးမဘဏ်၏ တရားဝင် Facebook စာမျက်နှာ တွင် ကြေညာပေးသွားမည်ဖြစ်ပြီး ကြေညာပြီး (၅) ရက်အတွင်း ကံထူးရှင်များ၏ သက်ဆိုင်ရာ Flexi Everyday အကောင့်သို့ ငွေသားဆုငွေ ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။
  • ငွေသားဆုများကို ဘဏ်တွင်ငွေသားထုတ်ပေးခြင်း (သို့) အခြားဘဏ်အကောင့်သို့လွှဲပြောင်း ပေးပို့မည်မဟုတ်ပါ။
  • သိန်း (၅၀) နှင့်အထက် ရရှိသော ကံထူးရှင်များကို ရန်ကုန်မြို့ (သို့) မန္တလေးမြို့ရှိ သတ်မှတ်ထားသော ရိုးမဘဏ် ဘဏ်ခွဲများတွင် မှတ်တမ်းတင်ဂုဏ်ပြုသွားမည် ဖြစ်ပါသည်။
  • သိန်း (၁၀၀) နှင့်အထက် ရရှိသော ကံထူးရှင်များကို ရိုးမဘဏ်ရုံးချုပ်တွင် မှတ်တမ်းတင်ဂုဏ်ပြုသွားမည် ဖြစ်ပါသည်။
  • ရိုးမဘဏ်အနေဖြင့် ကံထူးရှင်၏ ယခုကံစမ်းမဲအစီအစဉ်နှင့်သက်ဆိုင်သော မှတ်တမ်းဓါတ်ပုံများအသုံးပြုခြင်းကို ကာယကံရှင်၏ သဘောတူညီချက်ဖြင့်သာ အသုံးပြုသွားမည်ဖြစ်ပါသည်။
  • ကံစမ်းမဲအစီအစဉ်တွင် ပါဝင်လိုခြင်းမရှိပါက ဘဏ်သို့ ကြိုတင်အသိပေးထားရန် လိုအပ်ပါသည်။
  • ရရှိလာသောငွေသားဆုပေါ်တွင် ကျသင့်မည့်အခွန်အခများရှိလာပါက ဘဏ်နှင့်သက်ဆိုင်မှုမရှိစေဘဲ ကံထူးရှင်များ ကိုယ်တိုင်သာ ပေးဆောင်ရမည် ဖြစ်ပါသည်။ ငွေသားဆုနှင့်ပတ်သက်သည့် မလိုလားအပ်သော ကိစ္စရပ်များကို ဘဏ်က တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ပါ။
  • ဤအစီအစဉ်တွင် ဆုရွေးချယ်မည့်အဖွဲ့နှင့် သီးခြားရွေးချယ်ထားသော ရိုးမဘဏ်ဝန်ထမ်းများ ပါဝင်ခွင့်မရှိပါ။
  • ယခုအစီအစဉ်နှင့် ပတ်သက်ပြီး အငြင်းပွားဖွယ်တစ်စုံတစ်ရာဖြစ်ပေါ်ခဲ့ပါက ရိုးမဘဏ်၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စစ်ဆေးပြီး ဘဏ်၏ဆုံးဖြတ်ချက်ကိုသာ အတည်ပြုမည်ဖြစ်ပါသည်။
  • ဤအစီအစဉ်နှင့် ပတ်သက်၍ အသေးစိတ်မေးမြန်းစုံစမ်းလိုပါက ရိုးမဘဏ် Customer Care Center ၉၆၆၂ (သို့မဟုတ်) ၀၉၇ ၉၆၆၂ ၉၆၆၂ သို့လည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။