
နေ့ရက်တိုင်းမှာ မတူညီတဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေနဲ့ ရှိနေနိုင်ပေမဲ့ အရာရာကို အောင်မြင်ကျော်ဖြတ်နိုင်တယ်ဆိုတဲ့ အကောင်းမြင်စိတ်လေးတစ်ခုဟာ သင့်ရဲ့ နေ့ရက်တိုင်းကို လှပစွာ ပြောင်းလဲပေးနိုင်မှာပါ။ “The Year of You” စာအုပ်လေးတွေက သင့်ကိုယ်သင် အကောင်းဆုံး ပြန်လည်ရှာဖွေတွေ့ရှိပြီး ဘဝရဲ့ အလှတရားတွေကို ရှုမြင်တတ်ဖို့ အထောက်အပံ့ပေးမှာဖြစ်ပါတယ်။ အောင်မြင်မှု၊ အိမ်မက်များ၊ ငြိမ်းအေးခြင်းနှင့် ရည်မှန်းချက်ပန်းတိုင်များကို အနိုင်လှမ်းနိုင်မဲ့ “သင်ကိုယ်တိုင်အတွက် သင့်ရဲ့နှစ်” ဖြစ်ဖို့ စတင်လိုက်ပါ။
ဒီ Planner Series မှာဆိုရင် The Beginning, The Flow, The Bloom နဲ့ The Stillness စတဲ့ စာအုပ် (၄) မျိုး ပါဝင်မှာဖြစ်ပြီး နှစ်တစ်နှစ်ရဲ့ ကာလအပိုင်းအခြားတစ်ခုစီကို ကိုယ်စားပြုမှာဖြစ်ပါတယ်။
ပန်းပွင့်တွေက ရာသီဥတုမျိုးစုံ၊ ပတ်ဝန်းကျင်မျိုးစုံမှာ ကြံ့ကြံ့ခံရင်း လှပစွာ ကြီးထွားဖို့ ရှင်သန်ကြသလို လူသားတွေကလည်း မတူညီတဲ့ ဘဝလမ်းတွေ၊ မတူညီတဲ့ ပတ်ဝန်းကျင်တွေထဲမှာ ကိုယ်ပိုင်အတွေးအခေါ်၊ ကိုယ်ပိုင်ခံစားချက်တွေနဲ့ စိန်ခေါ်မှုတွေကို ကြံ့ကြံ့ခံရင်း ရှင်သန်ကြပါတယ်။
“The Year of You” မှာ ပါရှိတဲ့ Stickers တွေ၊ ဂိမ်းလေးတွေအပြင် ရာသီခွင်အလိုက်ပြောပြချက်တွေက သင့်ရဲ့ နေ့စဉ်ဘဝဖြတ်သန်းမှုတွေမှာ အကျိုးရှိရှိ ပါဝင်ပေးမှာပါ။
နေ့ရက်တိုင်းကို တန်ဖိုးရှိစွာ ဖြတ်သန်းဖို့၊ နှစ်တစ်နှစ်တိုင်းမှာ တိုးတက်အောင်မြင်ဖို့နဲ့ ရည်မှန်းချက်ပန်းတိုင်တွေ ရောက်ရှိဖို့ “သင်ကိုယ်တိုင်အတွက် သင့်ရဲ့နှစ်” ဖြစ်ဖို့ ရိုးမဘဏ်က အမြဲအတူရှိနေမှာပါ။
ရှေးဂရိခေတ်ကတည်းက ကျောက်တုံးလေးတွေကို စိတ်ဖိစီးမှုဖြေလျော့ပြီး အာရုံစူးစိုက်မှု ကောင်းမွန်အောင် အသုံးပြုခဲ့ကြပါတယ်။ ကျောက်တုံးကို ပွတ်သပ်ပေးတာက သဘာဝအတိုင်း အာရုံခံစနစ်တွေကို လှုံ့ဆော်ပေးပြီး စိတ်ငြိမ်းချမ်းစေတာကြောင့် ငြိမ်းချမ်းမှု၊ ပျော်ရွှင်မှုနဲ့ ဟန်ချက်ညီမှုတို့ကို ရရှိဖို့ လိုအပ်နေချိန်မှာ အသုံးပြုနိုင်ပါတယ်။
