About Program
အစီအစဉ်အကြောင်းအရာ  

သင်၏စီးပွားရေးလုပ်ငန်းခရီးကို
Grow Together BizPitch
နဲ့အတူစတင်ပါ။

ရိုးမဘဏ်၏  “Grow Together BizPitch” အစီအစဉ် သည် ရိုးမဘဏ်မှ နှစ် (၃၀) ပြည့် အထိမ်းအမှတ်အနေဖြင့် MSMEs နှင့် Startup လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရိုးမဘဏ်နှင့်  စွန့်ဦးတီထွင်ကဏ္ဍများတွင် ထင်ရှားသည့်အကြံပေးပညာရှင်များ၊ အတွေ့ကြုံရင့် လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်သည့် အစီအစဉ်တစ်ခုဖြစ်ပြီး၊ ပြည်တွင်းရှိ MSMEs လုပ်ငန်းများနှင့် Startup လုပ်ငန်းများ ပါဝင်လျှောက်ထားနိုင်သော အစီအစဉ်ဖြစ်ပါသည်။ MSMEs နှင့် Startup လုပ်ငန်းများအနေဖြင့် ဤအစီအစဉ်တွင်ပါဝင်လျှောက်ထားမှုအဆင့်ဆင့်အတွက် မည်သည့်အခကြေးငွေမှ ပေးသွင်းရန်မလိုဘဲ သတ်မှတ်ချက်ပြည့်မီသော MSMEs များနှင့် Startup လုပ်ငန်းများ အခမဲ့ပါဝင်လျှောက်ထားနိုင်ပါသည်။

Entrepreneurship ဆိုင်ရာ
အတွေ့အကြုံတွေကို ချဲ့ထွင်ဖို့
အဆင်သင့်ဖြစ်ပြီလား

အကျိုးကျေးဇူးများ

စွန့်ဦးတီထွင်သူတို့အတွက်
အဖိုးတန်သော အကျိုးကျေးဇူးများ

Benefit icon

ရွေးချယ်ခံရသော လုပ်ငန်း (၄) ခုအနေဖြင့် လုပ်ငန်းရပ်တည်မှု၊ လုပ်ငန်းအစပျိုးမှုများကို ပံ့ပိုးကူညီရန်နှင့် အနာဂတ်လုပ်ငန်းရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် ဆုကြေးငွေ ကျပ်သိန်း(၅၀၀)စီ ရရှိမည်ဖြစ်ပါသည်။


Benefit icon

စီးပွားရေးပညာရှင် ကျွမ်းကျင်သူများထံမှ အဖိုးတန်လမ်းညွှန်မှုများရရှိနိုင်မည်ဖြစ်ပါသည်။


Benefit icon

စီးပွားရေးလုပ်ငန်းများအချင်းချင်း ချိတ်ဆက်မှုများနှင့် လုပ်ငန်းပူးပေါင်းဆောင်ရွက်ရန်အတွက် အခြားသော MSMEs များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ချိတ်ဆက်နိုင်သည့်အခွင့်အရေးများလည်း ရရှိနိုင်မည် ဖြစ်ပါသည်။


Benefit icon

အထူးအခွင့်အရေးအနေဖြင့် ပါဝင်ယှဉ်ပြိုင်သော လုပ်ငန်းများအတွက် လုပ်ငန်းစတင်ရန် သို့မဟုတ် လုပ်ငန်းချဲ့ထွင်ရန် လိုအပ်သောလုပ်ငန်းချေးငွေပံ့ပိုးမှုများ ရရှိနိုင်မည်ဖြစ်ပါသည်။


အဆင့်များ

အစီအစဉ် အဆင့်အဆင့် 

  • ပါဝင်လျှောက်ထားလိုသော MSMEs နှင့် Startup လုပ်ငန်းများအနေဖြင့် သတ်မှတ်ထားသည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၅) ရက်နေ့မှ နိုဝင်ဘာလ (၂၈) ရက်အတွင်း  လျှောက်လွှာဖြည့်ခြင်းနှင့် လိုအပ်သော အထောက်အထားများကို ဤ (ymbank.co/bizpitch-apply-form) မှတစ်ဆင့် ပေးပို့လျှောက်ထားနိုင်မည်ဖြစ်ပါသည်။
  • သတ်မှတ်ကာလပြည့်ပြီးနောက် လက်ခံရရှိသည့်လျှောက်လွှာများကို စိစစ်ရွေးချယ်ခြင်း လုပ်ငန်းစဉ်တွင် အဆင့်နှစ်ဆင့် ပါဝင်မည်ဖြစ်ပါသည်။
  • ပထမအဆင့်စိစစ်ရွေးချယ်မှုတွင် ကနဦးအဆင့် လျှောက်လွှာများ၏ တင်သွင်းထားသော လုပ်ငန်းအစီအစဉ် အရည်အသွေးများဖြစ်သည့် လုပ်ငန်းလည်ပတ်ရန် လိုအပ်သောဖြေရှင်းဆောင်ရွက်ချက်များ၊ သတ်မှတ်ထားသည့် စျေးကွက်၊ ဝင်ငွေပုံစံနှင့် စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအစီအစဉ်နှင့် အကြံဉာဏ်များ ပါဝင်မှုကို စိစစ်သုံးသပ်ရွေးချယ်မည်ဖြစ်ပြီး အရည်အချင်းပြည့်မီသော  လုပ်ငန်းစုစုပေါင်း ၂၀၀ ကို ပရိုဂရမ်ဒါရိုက်တာနှင့် စိစစ်ရွေးချယ်ရေးကော်မတီအဖွဲ့ဝင်များက ရွေးချယ်သွားမည် ဖြစ်ပါသည်။
  • ဒုတိယအဆင့်တွင် ကနဦးအဆင့်ရွေးချယ်ခံရသည့် လုပ်ငန်း (၂၀၀) ကို ပရိုဂရမ်ဒါရိုက်တာနှင့် စိစစ် ရွေးချယ်ရေးကော်မတီအဖွဲ့ဝင်များနှင့် နှစ်ရက်တာပြုလုပ်မည့် စီပွားရေးအကြံဉာဏ် ဆွေးနွေးမှုလမ်းညွှန်သင်တန်းတွင် ဖိတ်ကြားဝေမျှပေးသွားပါမည်။ ယင်းလမ်းညွှန်မှုသင်တန်းတွင် ရှေ့ဆက်လုပ်ဆောင်ချက်များနှင့် စပ်လျဉ်းပြီး သိရှိနားလည်ရန် လိုအပ်ချက်များ၊ ၎င်းတို့၏ လုပ်ငန်းအစီအစဉ်များ အတွက်ပိုမိုကောင်းမွန်သော စီမံခန့်ခွဲမှုနှင့် ဆောင်ရွက်ရန်များကို လမ်းညွှန် သင်ကြားပေးမည်ဖြစ်သည်။
  • အဆိုပါ စီးပွားရေးအကြံဉာဏ်ဆွေးနွေးမှုလမ်းညွှန်သင်တန်း ပြီးသည့်နောက်ပိုင်းတွင် ကနဦးအဆင့် ရွေးချယ်ခံရသူ လုပ်ငန်း (၂၀၀) သည် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းအစီအစဉ်များကို ဟောပြောပွဲများမှ ရရှိသောလမ်းညွှန်ချက်များနှင့်အညီ လုပ်ငန်းများနှင့်စပ်လျဉ်းသော ဆန်းသစ်တီထွင်မှု၊ စျေးကွက်အလားအလာရှိမှု၊ လုပ်ငန်းချဲ့ထွင်နိုင်မှု၊ လုပ်ငန်းပုံစံ၊ အသင်းအဖွဲ့အင်အားရှိမှု၊ လူမှုအကျိုးသက်ရောက်မှု၊ တရားဝင်ဖြစ်မှု စသည့်တင်ပြချက်များနှင့်အတူ လူကိုယ်တိုင် တင်ပြပြောဆိုထားသော (၁၅) မိနစ်ကြာ ဗီဒီယိုဖိုင် တစ်ခုကိုပါ ပူးတွဲပေးပို့ လျှောက်ထားရမည်ဖြစ်ပါသည်။
  • ရွေးချယ်ခံထားရသူ လုပ်ငန်း (၂၀၀) မှ စိစစ်ရွေးချယ်ရေး ကော်မတီအဖွဲ့ဝင်များက ဆန်ခါတင် လုပ်ငန်း (၃၀) ကို ထပ်မံရွေးချယ်သွားပါမည်။ အဆိုပါ လုပ်ငန်း (၃၀) အနေဖြင့် ၎င်းတို့၏ လုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) သို့မဟုတ် စည်ပင်သာယာရေးကော်မတီ သို့မဟုတ် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သို့မဟုတ် စက်မှုဝန်ကြီးဌာန သို့မဟုတ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) သို့မဟုတ် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ တို့မှ အထောက်အထားတစ်ခုခု စသည့်တင်ပြချက်များနှင့်အတူ ၎င်းတို့၏ လုပ်ငန်းအဆိုပြုချက်များကို စိစစ်ရွေးချယ်ရေးကော်မတီအဖွဲ့ဝင်များသို့ လူကိုယ်တိုင်လာရောက်ဆွေးနွေးတင်ပြ သွားရမည်ဖြစ်ပါသည်။
  • ယင်း ဆန်ခါတင်လုပ်ငန်း (၃၀) ထဲမှ တင်ပြချက်များနှင့် လုပ်ငန်းအဆိုပြုချက်များအပေါ် အခြေခံ၍ ပရိုဂရမ်ဒါရိုက်တာနှင့် စိစစ်ရွေးချယ်ရေးကော်မတီအဖွဲ့ဝင်များက နောက်ဆုံးဆု‌ရရှိမည့် လုပ်ငန်း (၄) ခုကို ရွေးချယ်သွားမည်ဖြစ်ပါသည်။

သတ်မှတ်ချက်များ

အစီအစဉ်တွင် ပါဝင်နိုင်ရန် သတ်မှတ်ချက်များ

  • ရိုးမဘဏ်၏ “Grow Together BizPitch” အစီအစဉ်တွင် ပါဝင် လျှောက်ထားသူများအနေဖြင့် ကနဦးအဆင့်နှင့် နောက်ပိုင်းအဆင့်များတွင် အစီအစဉ်အတွက် လိုအပ်သော စာရွက်စာတမ်းများပေးပို့ခြင်းနှင့် စည်းမျဉ်းစည်းကမ်းများကိုလိုက်နာရန် သဘောတူ သိရှိထားရပါမည်။
  • အနိုင်ရရှိသူများအဖြစ် ရွေးချယ်ခံရသူများသည် ဇန်နဝါရီလ ၂၀၂၄ ခုနှစ်မှ ​​ဒီဇင်ဘာလ ၂၀၂၄ ခုနှစ်အတွင်း  ပြုလုပ်သည့် “Grow Together BizPitch” အစီအစဉ်၏ အစည်းအဝေးများအားလုံးကို တက်ရောက်ရမည်ဖြစ်ပါသည်။
  • ဆုရရှိသူများသည် ရိုးမဘဏ်၏ “Grow Together BizPitch” စိစစ်ရေးရွေးချယ်ရေး အဖွဲ့နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ကာ ပုံမှန်တိုးတက်မှုအစီရင်ခံစာများကို တင်ပြရပါမည်။ အသေးစိတ်ကို Download ရယူနိုင်သော အောက်တွင်ရှိ လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။
Rule Image

လုပ်ငန်းတည်ထောင်ချဲ့ထွင်ဖို့ အကြံပေးလမ်းညွှန်မှုတွေရရှိနိုင်မယ့် ဟောပြောပွဲများ

ကော်မတီဝင်များ

စီးပွားရေးနယ်ပယ်မှ ကျွမ်းကျင်သူများ

Judage Image

ဒေါက်တာထွန်းသူရသက်

ကော်မတီဝင်

ဒေါက်တာထွန်းသူရသက်သည် Myanmar Information Technology Pte Ltd (MIT) ၏ တည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်ပြီး Myanmar ICT Development Corporation ရဲ့ ပူးတွဲတည်ထောင်သူနှင့် ဒါရိုက်တာဖြစ်ကာ မြန်မာကွန်ပျူတာအဖွဲ့ချုပ် (MCF) ၏ ဒုဥက္ကဋ္ဌအဖြစ် ၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုထိ ဆောင်ရွက်ခဲ့ပါသည်။

 

Judage Image

ဒေါက်တာစုလှဟန်

ကော်မတီဝင်

ဒေါက်တာစုလှဟန်သည် မြန်မာနိုင်ငံတွင် ထိပ်တန်းပုဂ္ဂလိကပိုင် ဆေးဝါးနှင့် ဖြန့်ဖြူးရေး ကုမ္ပဏီတစ်ခုဖြစ်သည့် Medi Myanmar Group Ltd ၏ ပူးတွဲတည်ထောင်သူနှင့် မန်နေးဂျင်း ဒါရိုက်တာတစ်ဦးဖြစ်ပါသည်။ UMFCCI ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည့်အပြင် မြန်မာအလှကုန်အသင်း၏ ဥက္ကဌ၊ မြန်မာအမျိုးသမီး စွန့်ဦးတီထွင်သူများ ကွန်ရက်(MYANWEN)၏ ဒုဥက္ကဌ၊ MSME Association of Myanmar ၏ ဒုဥက္ကဌလည်း ဖြစ်ပါသည်။

Judage Image

ဒေါ်မေမြတ်မွန်ဝင်း 

ကော်မတီဝင်

ဒေါ်မေမြတ်မွန်ဝင်းသည် ဟိုတယ်လုပ်ငန်းတွင် (၂၅) နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့ပြီး မြန်မာနိုင်ငံတွင် Chatrium Hotel ၏ ပထမဆုံးသော အထွေထွေမန်နေဂျာရာထူး ရရှိခဲ့သူဖြစ်သည် သာမက နိုင်ငံတွင်းရှိ ကြယ်ငါးပွင့်အဆင့်ရှိ Hotel များအနက်  ပထမဆုံးသော အထွေထွေမန်နေဂျာ ရာထူးရရှိခဲ့သော မြန်မာအမျိုးသမီးတစ်ဦးလည်းဖြစ်ပါသည်။ သူမသည် PMA (Professional Marketers Association) ၏ ပူးတွဲတည်ထောင်သူဖြစ်ပြီး မြန်မာနိုင်ငံရှိ လူငယ်စျေးကွက် ရှာဖွေသူများ၏ စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးလျက်ရှိပါသည်။

 

Judage Image

Mr. Loh Ngik Ming

ကော်မတီဝင်

Mr. Loh Ngik Ming @ Gerald သည် ရိုးမဘဏ်၏ Chief Business Banking Officer ဖြစ်ပြီး Commercial နှင့် Corporate Banking တွင် ချေးငွေဆိုင်ရာ စီမံခန့်ခွဲခြင်း ရာထူးများတွင် Client Relationships၊ Credit Management အပါအဝင် ကွဲပြားသော နယ်ပယ်များအတွက် စာရင်းဝင်ကုမ္ပဏီများနှင့် စာရင်းမဝင်ရသေးသော ကုမ္ပဏီများအတွက် Commercial Transactions များစသည့်တာဝန်များကို နှစ်ပေါင်း (၂၀) ကျော်အတွေ့အကြုံရှိသူ တစ်ဦးဖြစ်ပါသည်။ လက်ရှိရာထူးဖြစ်သည့် Chief Business Banking Officer အဖြစ် Corporate Banking၊ SME Banking၊ Lending Support နှင့် Working Capital Solutions လုပ်ငန်းများကို ဦးဆောင်လုပ်ကိုင်လျက်ရှိပါသည်။

Judage Image

ဒေါ်မေစန္ဒီသိန်းဇော်

ကော်မတီဝင်

ဒေါ်မေစန္ဒီသိန်းဇော်သည် ရိုးမဘဏ်တွင် စိုက်ပျိုး၊ မွေးမြူရေး လုပ်ငန်းများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ စသည်တို့အတွက် လိုအပ်သော ဘဏ် လုပ်ငန်းဆိုင်ရာ ငွေကြေးဝန်ဆောင်မှုများ ပေးနိုင်ရေးအတွက် ဦးဆောင် ဆောင်ရွက် လျက်ရှိပါသည်။ သူမအနေဖြင့် MSMEs လုပ်ငန်းများသည် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကကျသော အခန်းကဏ္ဍတွင် ပါဝင်လျက် ရှိသည်ကို ယုံကြည် သည့်အတွက် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော ဘဏ္ဍာရေး ဆိုင်ရာ အထောက်အပံ့များကို အမြဲဆောင်ရွက်ပေး နိုင်ရန် စိတ်အား ထက်သန်သူ ဖြစ်ပါသည်။ သူမသည် ရိုးမဘဏ်တွင် တာဝန်ထမ်းဆောင်စဉ် ကာလ အတွင်း MSMEs လုပ်ငန်းများ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအတွက် ဆန်းသစ်သော ငွေကြေး ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို တစိုက်မတ်မတ် လုပ်ဆောင်လျက် ရှိပါသည်။

Judage Image

ဦးစိုးဟိန်း

ပရိုဂရမ်ဒါရိုက်တာ

ဦးစိုးဟိန်းသည် SMEBi University ၏ တည်ထောင်သူတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံ MSME Association ၏ အတွင်းရေးမှူးဖြစ်ပါသည်။ သူသည် Asia Entrepreneur Academy (AEA–Asean) အာရှစွန့်ဦးတီထွင်ကျောင်း (အာဆီယံ) ကျောင်း၏ အကြံပေး ဘုတ်အဖွဲ့ဝင်ဖြစ်ပြီး အသေးစား၊ အလတ်စားဖွံ့ဖြိုးတိုးတက်ရေး အတွက် အကြံပေးခြင်း၊ သင်တန်းများ ပို့ချခြင်းများကို မြန်မာတစ်နိုင်ငံလုံးရှိ အသေးစား၊ အလတ်စားဖွံ့ဖြိုးတိုးတက်ရေး ဌာနများနှင့် SMEBi University ကျောင်းများတွင် ဆောင်ရွက်လျှက်ရှိပါသည်။

အစီအစဉ်တွင်လျှောက်ထားရန်
နောက်ဆုံးရက်နှင့် အချိန်ဇယား

APPLICAION DATE

5 Oct, 2023 - 28 Nov, 2023


REMAINING TIME
အခြားအချက်အလက်များ

အခြားအချက်အလက်များကိုကြည့်ပါ

  • ရိုးမဘဏ်၏ “Grow Together BizPitch” အစီအစဉ်တွင် ပါဝင်ရန် လျှောက်ထားခြင်း၊ ဆန်ခါတင်စိစစ်ခြင်းနှင့် အနိုင်ရရှိသည့် လုပ်ငန်းများကို စိစစ်ရွေးချယ် ဆုပေးခြင်းဆိုသည့် အဆင့်သုံးဆင့် ပါဝင်မည်ဖြစ်ပါသည်။
  • ပထမအဆင့်တွင် ပါဝင်လျှောက်ထားလိုသော MSMEs နှင့် Startup လုပ်ငန်းများအနေဖြင့် သတ်မှတ်ထားသည့် ကာလ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၅) ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက် အတွင်း လျှောက်လွှာဖြည့်ခြင်း၊ လိုအပ်သော အချက်အလက်နှင့် အထောက်အထားများ အားလုံးကို ဤ လင့်ခ် (ymbank.co/bizpitch-apply-form) မှ တစ်ဆင့် ပေးပို့လျှောက်ထားနိုင်မည်ဖြစ်ပါသည်။
  • ယခု အစီအစဉ်တွင် MSMEs နှင့် Startup လုပ်ငန်းများ  ပိုမိုပါဝင်နိုင်ရန်၊ လုပ်ငန်းများ အချင်းချင်း ချိတ်ဆက်နိုင်ရန်၊ စီးပွားရေး အခွင့်အလမ်းများ ပိုမို  အား ကောင်းစေရန်၊ “Grow Together BizPitch” အစီအစဉ် အကြောင်း ပိုမိုသိရှိစေရန်၊ စီးပွားရေးအကြံဉာဏ်နှင့် အသိပညာပေးလုပ်ငန်းများ မျှဝေပေးရန် စသည့်အကြောင်းအရာများအတွက် ရိုးမဘဏ်နှင့် စီးပွားရေးအကြံပေးပညာရှင်များက လုပ်ငန်းများပါဝင်လျှောက်ထားနိုင်သောကာလအတွင်း ရန်ကုန်၊ မန္တလေး၊  တောင်ကြီးနှင့် ပုသိမ် မြို့ကြီးများတွင်  ဟောပြောပွဲများ ပြုလုပ်ကျင်းပသွားမည်ဖြစ်သည့် အပြင် စိတ်ဝင်စားသူများပါ တက်ရောက်နိုင်ရန်အတွက် Online ဟောပြောပွဲတစ်ခုကိုလည်း ထည့်သွင်းပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။

  • ပါဝင်သူများသည် ၎င်းတို့၏ လုပ်ငန်းဆိုင်ရာ အခြေခံသတင်းအချက်အလက်များ၊      လုပ်ငန်းအစီအစဉ်၏ ၁ နှစ်စာမှ ၃ နှစ်စာအထိ မိမိတို့လုပ်ငန်းအစီအစဉ် အကျဉ်းချုပ် ဖော်ပြချက်နှင့် ဆက်သွယ်ရန် အသေးစိတ်အချက်အလက်များ ထည့်သွင်းလျှောက်ထားရန်၊ ကနဦးအဆင့်မှ နောက်တစ်ဆင့်သို့ ဆက်လက်လျှောက်ထားနိုင်သူများသည် လိုအပ်သော စာရွက်စာတမ်း အချက်အလက်များနှင့် လုပ်ငန်းအစီအစဉ် အားပြန်လည် ပေးပို့နိုင်ရန်အတွက် သတ်မှတ်ထားသော ဤ လင့်ခ် (ymbank.co/bizpitch-apply-form) မှ တစ်ဆင့် ဆက်လက် ပို့ပေးရန် လိုအပ်ပါသည်။

  • ရိုးမဘဏ်အနေဖြင့် ဤအစီအစဉ်တွင် ပါဝင်လျှောက်ထားနိုင်မှု ပိုမိုများပြားနိုင်စေရန် ကနဦး လျှောက်ထားမှုအတွက် စာရွက်စာတမ်းအချက်အလက်များ လိုအပ်ချက်ကို လျှော့ချထားပြီး နောက်ပိုင်းအဆင့်တွင် လုပ်ငန်းလည်ပတ်ရန် လိုအပ်သောဖြေရှင်းဆောင်ရွက်ချက်များ၊ သတ်မှတ်ထားသည့် စျေးကွက်၊ ဝင်ငွေပုံစံ နှင့် စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစီအစဉ်နှင့် အကြံဉာဏ်များ စသည်တို့ကို ဆက်လက်ပေးပို့ရစေမည်ဖြစ်ပါသည်။

  • ရိုးမဘဏ်၏ “Grow Together BizPitch” အစီအစဉ်တွင်ပါဝင်ရန် လျှောက်ထားခြင်း၊ ဆန်ခါတင် စိစစ်ခြင်းနှင့် အနိုင်ရရှိသည့် လုပ်ငန်းများကို စိစစ်ရွေးချယ် ဆုပေးခြင်း ဆိုသည့် အဆင့်သုံးဆင့်ပါဝင်မည်ဖြစ်ပါသည်။
  • ပထမအဆင့်တွင် ပါဝင်လျှောက်ထားလိုသော MSMEs နှင့် Startup လုပ်ငန်းများအနေဖြင့် သတ်မှတ်ထားသည့် ကာလ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၅) ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်အတွင်း လျှောက်လွှာဖြည့်ခြင်းနှင့် လိုအပ်သော အထောက်အထားများကို ဤ လင့်ခ် (ymbank.co/bizpitch-apply-form) မှ တစ်ဆင့် ပေးပို့လျှောက်ထားနိုင်မည်ဖြစ်ပါသည်။
  • သတ်မှတ်ကာလပြည့်ပြီးနောက် လက်ခံရရှိသည့် လျှောက်လွှာများကို စိစစ်ရွေးချယ်ခြင်း လုပ်ငန်းစဉ်တွင် အဆင့်နှစ်ဆင့် ပါဝင်မည်ဖြစ်ပါသည်။ ပထမအဆင့် စိစစ်ရွေးချယ်မှုတွင် ကနဦးအဆင့် လျှောက်လွှာများ၏ တင်သွင်းထားသော လုပ်ငန်းအစီအစဉ် အရည်အသွေးများဖြစ်သည့် လုပ်ငန်းလည်ပတ်ရန် လိုအပ်သော ဖြေရှင်းဆောင်ရွက်ချက်များ၊ သတ်မှတ်ထားသည့် စျေးကွက်၊ ဝင်ငွေပုံစံနှင့် စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစီအစဥ်နှင့် အကြံဉာဏ်များပါဝင်မှုကို စိစစ်သုံးသပ်ရွေးချယ် မည်ဖြစ်ပြီး အရည်အချင်းပြည့်မီသော လျှောက်လွှာတင်ထားသည့် လုပ်ငန်းစုစုပေါင်း ၂၀၀ ကို ပရိုဂရမ်ဒါရိုက်တာနှင့် စိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များက ရွေးချယ်သွားမည်ဖြစ်ပါသည်။
  • အဆိုပါ ကနဦးအဆင့်ရွေးချယ်ခံရသည့် လုပ်ငန်း ၂၀၀ ကို ပရိုဂရမ်ဒါရိုက်တာနှင့် စိစစ်ရွေးချယ်ရေးကော်မတီအဖွဲ့ဝင်များနှင့် နှစ်ရက်တာပြုလုပ်မည့် စီပွားရေးအကြံဉာဏ် ဆွေးနွေးမှုလမ်းညွှန်သင်တန်းတွင် ဖိတ်ကြားဝေမျှပေးသွားမည်ဖြစ်ပြီး ယင်းလမ်းညွှန်မှုသင်တန်းတွင် ရှေ့ဆက်လုပ်ဆောင်ချက်များနှင့် စပ်လျဉ်းပြီး သိရှိနားလည်ရန်လိုအပ်ချက်များ၊ ၎င်းတို့၏ လုပ်ငန်းအစီအစဉ်များအတွက် ပိုမိုကောင်းမွန်သောစီမံခန့်ခွဲမှုနှင့် ဆောင်ရွက်ရန်များကို လမ်းညွှန် သင်ကြားပေးမည်ဖြစ်သည်။
  • အဆိုပါ စီးပွားရေးအကြံဉာဏ်ဆွေးနွေးမှု လမ်းညွှန်သင်တန်းပြီးသည့်နောက်ပိုင်းတွင် ကနဦးအဆင့် ရွေးချယ်ခံရသူ လုပ်ငန်း လုပ်ငန်း ၂၀၀ သည် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းအစီအစဉ်များကို ဟောပြောပွဲများမှ ရရှိသောလမ်းညွှန်ချက်များနှင့်အညီ လုပ်ငန်းများနှင့်စပ်လျဉ်းသော ဆန်းသစ်တီထွင်မှု၊ စျေးကွက်အလားအလာရှိမှု၊ လုပ်ငန်းချဲ့ထွင်နိုင်မှု၊ လုပ်ငန်းပုံစံ၊ အသင်းအဖွဲ့အင်အားရှိမှု၊ လူမှုအကျိုးသက်ရောက်မှု၊ တရားဝင်ဖြစ်မှု စသည့်တင်ပြချက်များနှင့်အတူ လူကိုယ်တိုင် တင်ပြပြောဆိုထားသော ၁၅ မိနစ်ကြာ ဗီဒီယိုဖိုင် တစ်ခုကိုပါ ပူးတွဲပေးပို့ လျှောက်ထားရမည်ဖြစ်ပါသည်။
  • ဒုတိယအဆင့် စိစစ်ရွေးချယ်မှုအနေဖြင့် ရွေးချယ်ခံထားရသူ လုပ်ငန်း ၂၀၀ မှ စိစစ်ရွေးချယ်ရေးကော်မတီအဖွဲ့ဝင်များက ဆန်ခါတင် လုပ်ငန်း ၃၀ ကို ထပ်မံရွေးချယ်သွားပါမည်။ အဆိုပါ လုပ်ငန်း ၃၀ အနေဖြင့် ၎င်းတို့၏ လုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) သို့မဟုတ် စည်ပင်သာယာရေးကော်မတီ သို့မဟုတ် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သို့မဟုတ် စက်မှုဝန်ကြီးဌာန သို့မဟုတ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) သို့မဟုတ် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီတို့မှ အထောက်အထားတစ်ခုခု စသည့်တင်ပြချက်များနှင့် အတူ ၎င်းတို့၏ လုပ်ငန်းအဆိုပြုချက်များကို စိစစ်ရွေးချယ်ရေးကော်မတီအဖွဲ့ဝင်များသို့ လူကိုယ်တိုင်လာရောက် ဆွေးနွေးတင်ပြသွားရမည်ဖြစ်ပါသည်။
  • နောက်ဆုံးအဆင့်အနေဖြင့် ယင်းဆန်ခါတင်လုပ်ငန်း (၃၀) ထဲမှ တင်ပြချက်များနှင့် လုပ်ငန်းအဆိုပြုချက်များအပေါ်အခြေခံ၍ ပရိုဂရမ်ဒါရိုက်တာနှင့် စိစစ်ရွေးချယ်ရေးကော်မတီအဖွဲ့ဝင်များက နောက်ဆုံးဆု‌ရရှိမည့် လုပ်ငန်း (၄) ခုကို ရွေးချယ်သွားမည်ဖြစ်ပါသည်။
  • နောက်ဆုံးရွေးချယ်ခံရသူ လုပ်ငန်း (၄) ခုသည် ၎င်းတို့၏ လုပ်ငန်းရပ်တည်မှု၊ လုပ်ငန်းအစပျိုးမှုများကို ပံ့ပိုးကူညီရန်နှင့် အနာဂတ်လုပ်ငန်းရည်မှန်းချက်များကို အကောင်အထည်ဖော်ရန်အတွက် ရိုးမဘဏ်က လုပ်ငန်းတစ်ခုစီအတွက် ဆုကြေးငွေ ကျပ်သိန်း (၅၀၀) စီ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပါသည်။
  • ရိုးမဘဏ်အနေဖြင့် ၎င်းတို့၏ ရည်မှန်းချက်အတိုင်း အနိုင်ရရှိသော လုပ်ငန်းများကို လုပ်ငန်းအမှန်တကယ် ဆက်လက်ရပ်တည်လည်ပတ်နိုင်စေရန်၊ လုပ်ငန်းရေရည်ဖွံ့ဖြိုးတိုးတက်စေရန် ကုန်ပစ္စည်းထုတ်လုပ်မှု၊ ဝန်ဆောင်မှုလုပ်ငန်း စသည်ဖြင့် လုပ်ငန်းအမျိုးအစားပေါ်မှုတည်၍ ဆုကြေးငွေသုံးစွဲမှုကို လမ်းညွှန်ကြီးကြပ်မှုဖြင့် ပေးအပ်သွားမည်ဖြစ်ပါသည်။
  • ယခု အစီအစဉ်တွင်   MSMEs   နှင့်   Startup လုပ်ငန်းများ ပိုမိုပါဝင်နိုင်ရန်၊ လုပ်ငန်းများအချင်းချင်း ချိတ်ဆက်နိုင်ရန်၊ စီးပွားရေး အခွင့်အလမ်းများ ပိုမိုအားကောင်းစေရန်၊ “Grow Together BizPitch” အစီအစဉ် အကြောင်း ပိုမိုသိရှိစေရန်၊ စီးပွားရေးအကြံဉာဏ်နှင့် အသိပညာပေးလုပ်ငန်းများ မျှဝေပေးရန် စသည့်အကြောင်းအရာများအတွက် ရိုးမဘဏ်နှင့် စီးပွားရေးအကြံပေးပညာရှင်များက လုပ်ငန်းများ ပါဝင်လျှောက်ထားနိုင်သော ကာလအတွင်း ရန်ကုန်၊ မန္တလေး၊ တောင်ကြီးနှင့် ပုသိမ် မြို့ကြီးများတွင် ဟောပြောပွဲများ ကျင်းပပေးသွားမည်ဖြစ်သည့်အပြင် အခြားသောမြို့ကြီးများမှ စိတ်ဝင်စားသူများပါ တက်ရောက်နိုင်ရန်အတွက် Online ဟောပြောပွဲတစ်ခုလည်း ထည့်သွင်းပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။

  • “Grow Together BizPitch” အစီအစဉ်ကို မြန်မာနိုင်ငံရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) နှင့် Startup လုပ်ငန်းများ စွမ်းဆောင်ရည်မြှင့်တင်ရန်နှင့် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ချက်များဖြင့် ရိုးမဘဏ်က စီစဉ်ကျင်းပခြင်းဖြစ်သည်။
  • ကနဦးအဆင့်တွင် ပါဝင်လျှောက်ထားသူများအနေဖြင့် နောက်ပိုင်းအဆင့်များတွင် အစီအစဉ်အတွက် လိုအပ်သော စာရွက်စာတမ်းများ  ပေးပို့ခြင်းနှင့် စည်းမျဉ်း စည်းကမ်းများကိုလိုက်နာရန် သဘောတူ သိရှိထားရပါမည်။
  • ဤအစီအစဉ်တွင် လောင်းကစားလုပ်ငန်း၊ တရားမဝင်လုပ်ငန်းများ၊ မူးယစ်ဆေးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများ ပါဝင်သည့် လုပ်ငန်းများ၊ ဆေးလိပ်၊ အရက်ယမကာ၊ Multi-level Marketing (MLM) လုပ်ငန်းအမျိုးအစားများ စသည်တို့ ပါဝင်လျှောက်ထားနိုင်မည် မဟုတ်ပါ။ ဤအစီအစဉ်တွင် ရိုးမဘဏ်၏ ဝန်ထမ်းများနှင့် မိသားစုဝင်များလည်း ပါဝင်လျှောက်ထားနိုင်မည် မဟုတ်ပါ။

  • “Grow Together BizPitch” အစီအစဉ်၏ စိစစ်ရွေးချယ်ရေး ကော်မတီအဖွဲ့အနေဖြင့် လျှောက်လွှာပါ အချက်အလက်များကို စိစစ်ရန်နှင့် မှားယွင်းသော သို့မဟုတ် လွဲမှားသော အချက်အလက်များကို ဖော်ပြထားသည်ကိုတွေ့ရှိပါက သတ်မှတ်ချက် မပြည့်မီသော လျှောက်လွှာအဖြစ် ကန့်သတ်ဖယ်ရှားပိုင်ခွင့်ရှိပါသည်။ စိစစ်ခြင်းနှင့် ရွေးချယ်ခြင်းအဆင့်များတွင် စိစစ်ရွေးချယ်ရေးကော်မတီအဖွဲ့၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်ပါသည်။ ယခုအစီအစဉ်တွင် ပါဝင်သူများအနေဖြင့် ၎င်းတို့၏ လျှောက်ထားမှုတွင် ပါရှိသော လုပ်ငန်းအစီအစဉ်များနှင့် တင်ပြချက်များကို “Grow Together BizPitch” အစီအစဉ်၏ ပရိုမိုးရှင်းဆိုင်ရာလုပ်ဆောင်ချက်များတွင် အသုံးပြုခွင့်ပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။
  • “Grow Together BizPitch” အစီအစဉ်တွင် ပါဝင်သူများသည် ဤစည်းကမ်းသတ်မှတ်ချက်များကို လိုက်နာလက်ခံရန်၊ ရိုးမဘဏ်နှင့် စိစစ်ရွေးချယ်ရေးကော်မတီအဖွဲ့က သမာသမတ်ကျသော မည်သည့်ဆုံးဖြတ်ချက်များကိုမဆို လိုက်နာရန် သဘောတူရပါမည်။

  • “Grow Together BizPitch” အစီအစဉ်တွင် ဆုရရှိသော လုပ်ငန်း (၄) ခုအနေဖြင့် ၎င်းတို့၏ လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးအစီအစဉ်များကို ဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် ရိုးမဘဏ်က လုပ်ငန်းတစ်ခုစီကို မြန်မာကျပ်ငွေ သိန်း (၅၀၀) စီ ရရှိမည်ဖြစ်ပါသည်။
  • ဆုရရှိသူများကို ရိုးမဘဏ်၏လူမှုကွန်ရက်စာမျက်နှာ၊ ဝက်ဘ်ဆိုဒ်၊      သတင်းထုတ်ပြန်ချက်များနှင့် ဤအစီအစဉ်နှင့်ပတ်သက်သော ဖော်ပြချက်များတွင် ပွင့်လင်းမြင်သာစွာ ဖော်ပြသွားမည်ဖြစ်ပါသည်။
  • ဆုကြေးငွေကို ရိုးမဘဏ်မှ သတ်မှတ်ထားသော ငွေပေးချေမှုအချိန်ဇယားနှင့် လုပ်ထုံးလုပ်နည်းများအတိုင်း ထုတ်ပေးသွားမည်ဖြစ်ပါသည်။
  • ရိုးမဘဏ်အနေဖြင့် ၎င်းတို့၏ ရည်မှန်းချက်အတိုင်း အနိုင်ရရှိသောလုပ်ငန်းများကို လုပ်ငန်းအမှန်တကယ် ဆက်လက်ရပ်တည်လည်ပတ်နိုင်စေရန်၊ လုပ်ငန်းရေရည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကုန်ပစ္စည်းထုတ်လုပ်မှု၊ ဝန်ဆောင်မှုလုပ်ငန်းစသည့် လုပ်ငန်းအမျိုးအစားပေါ်မှုတည်၍ ဆုကြေးငွေသုံးစွဲမှုကို လမ်းညွှန်ကြီးကြပ်မှုဖြင့် ပေးအပ်သွားမည်ဖြစ်ပါသည်။
  • ထို့အပြင် ပါဝင် ယှဉ်ပြိုင်သော လုပ်ငန်းများအနေဖြင့် လုပ်ငန်းစတင်ရန် သို့မဟုတ် ချဲ့ထွင်ရန် လိုအပ်သော ငွေကြေးရင်းနှီးမြုပ်နှံမှု၊ လိုအပ်သော လုပ်ငန်းချေးငွေပံ့ပိုးမှုအတွက် အထူးအခွင့်အရေးများစသည့်  အခြားသော အကျိုးခံစားခွင့်တို့ကိုလည်း ရရှိခံစားနိုင်မည်ဖြစ်ပါသည်။

“Grow Together BizPitch” အစီအစဉ် လျှောက်လွှာတင်ခြင်းလုပ်ငန်းစဉ်အတွင်း လျှောက်ထားသူများ၏ အချက်အလက်များကို လျှို့ဝှက်ထားမည်ဖြစ်ပြီး အစီအစဉ်၏ ပရိုမိုးရှင်းရည်ရွယ်ချက်အတွက်သာ အသုံးပြုမည်ဖြစ်ကာ ရိုးမဘဏ်၏မူဝါဒနှင့်အညီ အထူးအလေးထား စောင့်ထိန်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ရိုးမဘဏ်နှင့် စိစစ်ရွေးချယ်ရေးကော်မတီအဖွဲ့သည် ပရိုဂရမ်ကိုပြင်ဆင်ရန်၊ ဆိုင်းငံ့ရန် သို့မဟုတ် ရပ်စဲရန်နှင့် ဤစည်းကမ်းသတ်မှတ်ချက်များကို အချိန်မရွေးပြင်ဆင်ပိုင်ခွင့်ရှိမည်ဖြစ်ပါသည်။ ရိုးမဘဏ်အနေဖြင့် မည်သည့်ပြောင်းလဲမှုများကိုမဆို ရိုးမဘဏ်၏ တရားဝင်လှုမှုကွန်ရက်နှင့် ဝက်ဘ်ဆိုဒ်တို့တွင် ပွင့်လင်းမြင်သာစွာ ကြေညာသွားမည် ဖြစ်ပါသည်။

လျှောက်ထားသူများသည် ပရိုဂရမ်၊စည်းကမ်းသတ်မှတ်ချက်များနှင့် ပတ်သက်၍ စုံစမ်းမေးမြန်းမှုများ ပြုလုပ်လိုပါက [[email protected]/Customer Care Center – ၉၆၆၂ (သို့မဟုတ်) ၀၉၇၉၆၆၂၉၆၆၂ ] တို့ကို ဆက်သွယ်နိုင်ပါသည်။

Grow Together BizPitch 2 Day Workshop

Yangon Talk Show Highlight Video

Committee Members and Program Director Interview Video

"Grow Together BizPitch" Program Press Launch

အစီအစဉ်သတင်းများ

Entrepreneurship ဆိုင်ရာ
အတွေ့အကြုံတွေကို ချဲ့ထွင်ဖို့
အဆင်သင့်ဖြစ်ပြီလား