Gloria Eint Myat Thwai (GTBP-034)
Hnin Thazin Phyo (GTBP-041)
Ko Phoe Zaw (GTBP-063)
Sai Wunna Tun (GTBP-140)
ကိုအောင်ကိုထက် (GTBP – 004) သည် Tharr Tin Oo Trading Co.,Ltd ၏ လုပ်ငန်းရှင်တစ်ဦးဖြစ်ပါသည်။
Tharr Tin Oo Trading Co.,Ltd ကို ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး “အိမ်ရှင်မ” အမှတ်တံဆိပ်ဖြင့် ဆန်၊ ဆီနှင့် စားသောက်ကုန်ဖြန့်ဖြူးရောင်းချရေးနှင့် ထုပ်ပိုးသန့်စင်မှုလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိပါသည်။
ဆန်၊ ဆီနှင့် စားသောက်ကုန်များကို အမြင့်ဆုံးစံချိန်စံညွှန်းများ၊ အရည်အသွေးမြင့်ဝန်ဆောင်မှုများဖြင့် ထောက်ပံ့ပေးနိုင်သော ယုံကြည်စိတ်ချရသည့် ထုတ်လုပ်သူအဖြစ် ရပ်တည်ရန် ရည်မှန်းထားလျက်ရှိပါသည်။
ကိုအောင်ကျော်ဇော် (GTBP – 011) သည် Brew with John (Coffee Stand) စီးပွားရေးလုပ်ငန်း ပိုင်ရှင်တစ်ဦး ဖြစ်ပါသည်။ “Brew with John” ကို ၂၀၂၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး Coffee Stand နှင့် စားသောက်ဆိုင်လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိပါသည်။
“Brew with John” သည် ပြည်တွင်းကုန်ကြမ်းများကို အသုံးပြု၍ လတ်ဆတ်၍အရည်အသွေးကောင်းမွန်သော ကော်ဖီများ ထုတ်လုပ်မှုကိုပံ့ပိုးပေးနိုင်ရန်နှင့် လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများကို ထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်ပါသည်။
ကိုအောင်နိုင်မြတ်သူ (GTBP – 015) သည် The Hive Studio ၏ Founder နှင့် လက်ရှိ CEO ဖြစ်ပါသည်။ “The Hive Studio” သည် ၂၀၂၂ ခုနှစ်မှစတင်၍ Printing Technology ၏ မျိုးဆက်သစ်ဖြစ်လာမည့် 3D Printing ကို လုပ်ကိုင်လျက်ရှိသော လုပ်ငန်းတစ်ခုဖြစ်ပါသည်။
“The Hive Studio” တွင် Digital Design များကို ကုန်ကျစရိတ်အသက်သာဆုံးဖြင့် ကုန်ပစ္စည်းအသွင်သို့ ပြောင်းလဲပေးနိုင်ပြီး Customer တစ်ဦးချင်းစီ၏လိုအပ်သည့် ပုံစံနှင့် ပမာဏအတိုင်း စိတ်တိုင်းကျ ထုတ်လုပ်ပေးနိုင်ရန် ကြိုးပမ်းလျက်ရှိပါသည်။
ကိုအောင်စိုးလွင် (GTBP – 018) သည် “HOOD” ကို တည်ထောင်သူတစ်ဦး ဖြစ်ပါသည်။
“HOOD” ကို ၂၀၁၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ဝန်ဆောင်မှုပေးသော ကုမ္ပဏီတစ်ခုဖြစ်သည့်အလျောက် ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုဆိုင်ရာ စီမံခန့်ခွဲမှု (Hospitality and Tourism Management) သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။ “HOOD” ၏ ရည်မှန်းချက်မှာ အနာဂတ်မျိုးဆက်သစ်များအတွက် ရေရှည်တိုးတက်မှုရှိသော အသက်မွေးဝမ်းကျောင်း Program များကို ထောက်ပံ့ပေးနိုင်ရန်ဖြစ်ပါသည်။
ကိုအောင်ရဲထွေး (GTBP – 019) သည် “Noodi Myanmar” ၏ Executive Director တစ်ဦးဖြစ်ပါသည်။
“Noodi Myanmar” သည် စားသောက်ဆိုင်လုပ်ငန်းများ၊ စားသောက်ကုန်ထုတ်လုပ်လုပ်ငန်းများနှင့် Food & Beverage ပိုင်းဆိုင်ရာအကြံပေးလုပ်ငန်းများကို လုပ်ကိုင်နေသော F&B စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပါသည်။
“Noodi Myanmar” သည် ဝန်ထမ်းများနှင့် စားသုံးသူများအားလုံးအတွက် တန်ဖိုးထားဂုဏ်ယူရသော အစားအသောက်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်လာစေရန် စဥ်ဆက်မပြတ်ကြိုးပမ်းလျက်ရှိပါသည်။
မအေးမြမြဖူး (GTBP – 022) သည် “လက်မှု Shop”၏Founderနှင့်CEOတစ်ဦးဖြစ်ပါသည်။“လက်မှု Shop”သည် ပြည်တွင်းရှိ လက်မှုလုပ်ငန်းရှင်များနှင့် လက်မှုပညာရှင်များ၏ထုတ်ကုန်များကို နိုင်ငံတကာစျေးကွက်အထိ ချိတ်ဆက်ရောင်းချနိုင်ရန်၂၀၂၁ခုနှစ်တွင် စတင်ခဲ့သည့် Social Business တစ်ခုဖြစ်ပါသည်။
“လက်မှု Shop”သည် အရည်အသွေးကောင်းမွန်သော လက်မှုပညာထုတ်ကုန်များနှင့် ရိုးရာယဥ်ကျေးမှုထုတ်ကုန်များကို ပြည်တွင်းစျေးကွက်တွင်သာမက ပြည်ပစျေးကွက်အထိပါ ထိုးဖောက်နိုင်ပြီး လက်မှုပညာသည်များ၏ ဝင်ငွေတိုးတက်လာစေရန်နှင့် မြန်မာပြည်၏ လက်မှုစျေးကွက်ကို နိုင်ငံတကာမှ ပိုမိုသိရှိလာစေရန် လုပ်ဆောင်လျက်ရှိပါသည်။
မအိမ့်မြတ်သွယ် (GTBP – 034) သည်BB Food Myanmar Ltdကိုတည်ထောင်သူဖြစ်ပါသည်။ “BB Food Myanmar” ကို ၂၀၂၀ ပြည့်နှစ်တွင် အွန်လိုင်းစီးပွါးရေးတစ်ခုဖြင့် စတင်ခဲ့ပြီးသန့်ရှင်းလတ်ဆတ်သော ကော်လဂျင်ကြက်ပေါင်းရည်ကို ရာနှုန်းပြည့် ပြည်တွင်းထုတ်ကုန်အဖြစ် ပထမဦးဆုံးထုတ်လုပ်သော ကုမ္ပဏီလည်းဖြစ်ပါသည်။
“BB Food Myanmar” သည် ပေါင်းရည်ထုတ်လုပ်ရောင်းချမှုကို ပြည်တွင်းတွင်သာမက နိုင်ငံတကာစျေးကွက် ၌ပါ ရှေ့ဆုံးမှ ဦးဆောင်နိုင်သည့်လုပ်ငန်းဖြစ်စေရန် ရည်ရွယ်ထားပါသည်။
မဟေမာစံ (GTBP – 035) သည် Hein Shwe Yaung Production Co.,Ltd ၏ Managing Director တစ်ဦးဖြစ်ပါသည်။ ”Hein Shwe Yaung Production” သည် ဓနိနှင့် ဆက်စပ်ထုတ်ကုန်များကို ၂၀၂၀ ပြည့်နှစ်ကတည်းက ထုတ်လုပ်ရောင်းချနေသော ကုမ္ပဏီတစ်ခုဖြစ်ပါသည်။
“Hein Shwe Yaung Production” သည်ကျန်းမာရေးအကျိုးကျေးဇူးများစွာရရှိနိုင်သော ဓနိနှင့် ဆက်စပ်ထုတ်ကုန်များစွာကို မြန်မာပြည်အနှံ့ ဖြန့်ဖြူးရောင်းချနိုင်ရန် စီမံလျက်ရှိပြီး ဓနိတောင်သူများ၏ စားဝတ်နေရေးဖူလုံရန်အတွက်လည်း တစ်စိတ်တစ်ဒေသဖြည့်ဆည်းပေးရန်ကြိုးပမ်းလျက်ရှိပါသည်။
မနှင်းသဇင်ဖြိုး(GTBP – 041) သည် Gee Leather Craft Co.,Ltd ၏ Founder နှင့် CEO တစ်ဦးဖြစ်ပါသည်။ “Gee Leather Craft” သည် Customized Leather Wallet များနှင့် Designer Bag များကို ၂၀၂၀ ပြည့်နှစ်ကတည်းက ဖန်တီးရောင်းချလျက်ရှိပါသည်။ “Gee Leather Craft” သည်
Eco-friendly ဖြစ်ပြီး Carbon Footprint များကိုလျှော့ချနိုင်မည့် Vegan Leather များကိုဖန်တီးထုတ်လုပ်နိုင်ကာ Export အထိတင်သွင်းနိုင်ရန် Leatherစျေးကွက်ကို မြှင့်တင်ရန်အတွက် ရည်ရွယ်ထားပါသည်။
မဇာခြည်ဝင့် (GTBP – 042) သည် သူဌေးကြိုက်စားသောက်ကုန်လုပ်ငန်း၏Founder နှင့်CEO တစ်ဦးဖြစ်ပါသည်။ သူဌေးကြိုက်စားသောက်ကုန်တွင်”လူတိုင်းကြိုက်”၊ “ရှင်မကြိုက်” အမည်များဖြင့် ငံပြာရည်ထုတ်လုပ်ဖြန့်ချိရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိပြီး ရှာလကာရည်နှင့် ငါးပိရည်ကြိုအနှစ်များကိုလည်း ဖြန့်ဖြူးရောင်းချရန်ကြိုးပမ်းလျက်ရှိပါသည်။
“သူဌေးကြိုက်”သည် စျေးနှုန်းသင့်တင့်သောဟင်းချက်ပစ္စည်းများကို ထုတ်လုပ်ပြီးပြည်တွင်းရှိမိသားစုများအတွက် သာမက နိုင်ငံတကာစျေးကွက်သို့လည်း ထိုးဖောက်ရန်ရည်ရွယ်ထားပါသည်။
ကိုထူးဝေ (GTBP – 048) သည်Thalarwaddy Co., Ltd ၏Operation and Management ပိုင်းကို တာဝန်ယူထားသူဖြစ်ပါသည်။ “Thalarwaddy” သည် ၁၉၉၃ ခုနှစ်ကတည်းက အစားအသောက် နှင့် အဖျော်လုပ်ငန်း ကဏ္ဍတွင် တည်ရှိနေခဲ့ပြီး “Green Toddy”သည် အခြားလုပ်ငန်းခွဲတစ်ခုဖြစ်ပါသည်။ “Green Toddy” သည် ထန်းလျက်စိမ်း၊ ထန်းလျက်သကြား၊ ထန်းလျက်ရှာလကာရည်နှင့် သကြားခဲ အစရှိသည့် ထန်းလျက်ထွက်ကုန်များကို ထုတ်လုပ်နေသည့် ခေတ်မီထန်းလျက်လုပ်ငန်းတစ်ခုဖြစ်ပါသည်။
သန့်ရှင်းပြီး ဘေးကင်းသော အစားအသောက်များကို စားသုံးသူလက်ထဲရောက်ရှိရန်မှာ Green Toddy ၏ ဂုဏ်ယူရသည့် လုပ်ဆောင်ချက်နှင့် ကတိကဝတ်ဖြစ်ပါသည်။
Jessica Mozart (GTBP 050) သည် Nature’s Way Montessori ၏ Founder ဖြစ်ပါသည်။ ၎င်းသည် “Nature’s Way Montessori”ကို ၂၀၂၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အဆိုပါ မူကြိုကျောင်းသည် ကလေးငယ်များ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိစေရန်၊ မိမိတစ်ကိုယ်ရည်စာအတွက် တာဝန်ယူတက်စေရန်နှင့် ဘက်စုံဖွံ့ဖြိုးမှုအတွက် Montessori နည်းပညာကို အသုံးပြုပြီး သင်ကြားပို့ချနေသော ကျောင်းဖြစ်ပါသည်။
၎င်းသည် မျိုးဆက်သစ် ကလေးငယ်များကောင်းမွန်စွာဖွံ့ဖြိုးတိုးတက်လာစေရန် အသိပညာပေးလှုပ်ရှားမှုများကို တက်ကြွစွာ လုပ်ဆောင်ခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုနီးပါးရှိပြီဖြစ်ပါသည်။
Joy (GTBP – 051) သည် “ဌာနေ”ပြည်တွင်းအဝတ်အထည်နှင့် ဖက်ရှင်ကုန်အမှတ်တံဆိပ်၏ Founderတစ်ဦးဖြစ်ပါသည်။ “ဌာနေ”သည် မြန်မာ့ရိုးရာထုတ်ကုန်ပစ္စည်း ချစ်မြတ်နိုးသူများကိုရည်ရွယ်၍ ချည်ထည်ရိုးရာအဝတ်အထည်အမျိုးအစားများစွာကို ထုတ်လုပ်ရောင်းချလျက်ရှိပြီး မြန်မာ့ရိုးရာနှင့် ထုံးထမ်းစဉ်လာများပေါင်းစပ်ကာ ရေရှည်ဝတ်နိုင်သော Sustainable Fashion ကို အဓိကဦးစားပေးလျက်ရှိပါသည်။
ကိုဖိုးဇော် (GTBP – 063) သည်”ကညွတ်စိုက်ပျိုးရေးလုပ်ငန်း”ကို မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းအဖြစ် စတင်လုပ်ကိုင်ခဲ့ပါသည်။ နောက်ပိုင်းတွင်စီးပွားဖြစ်စိုက်ပျိုးနိုင်သော ကညွတ်မျိုးစိတ်ကို နိုင်ငံခြားမှ တင်သွင်းခဲ့ပြီး ပြည်တွင်း၌ အောင်မြင်စွာစိုက်ပျိုးနိုင်ခဲ့သောစွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ဦးလည်း ဖြစ်ပါသည်။
လက်ရှိတွင်ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးနိုင်သောကညွတ်ဖြူကို ဆေးဝါးဖြည့်စွက်စာအဖြစ် ထုတ်လုပ်နိုင်ရန် စီစဥ်ဆောင်ရွက်လျက်ရှိပါသည်။
Kyaw Zin Tun (GTBP 071) သည် ETA GROUP CO.,LTD ကို ဦးဆောင်လည်ပတ်နေသူတစ်ဦး ဖြစ်ပါသည်။ ETA GROUP Co.,Ltd ကို 2016 ခုနှစ်မှာ တည်ထောင်ခဲ့ပြီး Interior Design and Decoration, Furniture Factory နှင့် Furniture Accessories Distribution များကို လုပ်ဆောင်လျက်ရှိပါသည်။ ကိုကျော်ဇင်ထွန်း၏ ရည်မှန်းချက်သည် ပြည်ပမှ တင်သွင်းရသော Furniture Accessories များကို ပြည်တွင်းတွင် အရည်အသွေးကောင်းမွန်ပြီး ပမာဏလုံလောက်အောင် ထုတ်လုပ်နိုင်ဖို့ ဖြစ်ပါသည်။
မမာလာမြင့် (GTBP – 080) သည်DMK Myanmar Co.,Ltd၏ Founderနှင့် Managing Director တစ်ဦး ဖြစ်ပါသည်။ “DMK Myanmar” သည် ငှက်သိုက် ကုန်ကြမ်းနှင့် အသင်သောက်ငှက်သိုက်ရည်များကို ၂၀၁၉ ခုနှစ်ကတည်းက ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။
“DMK Myanmar” သည် ပြည်တွင်းစားသုံးသူများအတွက် အကောင်းစား ငှက်သိုက်ရည်များကို ထုတ်လုပ်ပြီး ကျန်းမာရေးကို တစ်ဒေါင့်တစ်နေရာမှ မြှင့်တင်ပေးနိုင်ရန် ကြိုးပမ်းလျက်ရှိပါသည်။
မမေနှင်းဝေ (GTBP – 081) သည် Healthy & Happy Co., Ltd. ၏ ပူးတွဲတည်ထောင်သူနှင့် Managing Director တစ်ဦးဖြစ်ပါသည်။ Healthy & Happy Co., Ltd. သည် ကလေးသူငယ်များ၊ ဆီးချိုနှင့် ကင်ဆာရောဂါဝေဒနာရှင်များအတွက် ကြာရှည်ခံပစ္စည်းများမပါဝင်သော သဘာဝပစ္စည်းများကိုသာအသုံးပြုထားသော အစားအစာများကို ထုတ်လုပ်လျက်ရှိပါသည်။
Healthy & Happy သည် သံဓာတ်ချို့တဲ့မှုကို ဖြေရှင်းရန် သံဓာတ်ကြွယ်ဝသောအာဟာရ အစားအစာကို ထုတ်လုပ်ရန်ကြိုးပမ်းလျက်ရှိပြီး အပင်အခြေခံ ပရိုတင်းနှင့် အာဟာရ ထုတ်ကုန်များကို ထုတ်လုပ်ခြင်းအားဖြင့် ဒေသခံတောင်သူလယ်သမားများအား တက်ကြွစွာ ပံ့ပိုးကူညီလျက်ရှိပါသည်။
မမြသဲဖြူ(GTBP- 094) သည် GOLDEN GOAT MYANMAR Co.,Ltd ကိုတည်ထောင်သူ တစ်ဦးဖြစ်ပါသည်။ GOLDEN GOAT MYANMAR Co.,Ltd ကို ၂၀၁၂ခုနှစ်တွင် မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၌ အခြေစိုက်တည်ထောင်ခဲ့ပါသည်။ “GOLDEN GOAT MYANMAR” အသင့်သောက်သဘာဝဖျော်ရည်များ၊ သဘာဝအသီးအဆီဖျော်ရည်များအပြင် ဒေသထွက်မန်ကျည်းကုန်ကြမ်းကိုအခြေခံ၍ မန်ကျည်းသီးအနှစ်၊ သန့်စင်ပြီးထန်လျက်ရည်နှင့် ထန်းလျက်မှုန့် အစရှိသောSemi-Product များကို ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။ ၎င်း၏ ရည်ရွယ်ချက်မှာ ပြည်တွင်းရှိ ကျန်းမာရေးနှင့်ညီညွတ်သော ကုန်ကြမ်းများကို Semi-Product များအဖြစ် နိုင်ငံခြားသို့တင်ပို့နိုင်ရန်ဖြစ်ပါသည်။
မမြတ်နိုးခင် (GTBP – 095) သည် Nan Yan Visual House Co., Ltd ၏ Founderတစ်ဦးဖြစ်ပါသည်။
“နံရံ” (NanYan) ကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင်စတင်တည်ထောင်ခဲ့ပြီး ပန်းချီဆရာများ၏ ပန်းချီလက်ရာများ၊ ဂီတပညာရှင်များ၏ တေးစာသားများ၊ စာပေပညာရှင်များ၏ ကဗျာများ အစရှိသော လက်ရာများကို လူသုံးကုန်ပစ္စည်းများပေါ်တွင် ရိုက်နှိပ်ထုတ်လုပ်ဖန်တီးသော စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပါသည်။
အနုပညာရှင်များကို ပံ့ပိုးပေးခြင်းနှင့် အနုပညာလက်ရာများကို တန်ဖိုးထားသူများအတွက် စျေးနှုန်းသင့်တင်သောလူသုံးကုန်များ ထုတ်လုပ်ခြင်းတို့ကို ဦးစားပေးဆောင်ရွက်လျက်ရှိပါသည်။
ကိုမြတ်ဦး (GTBP – 096) သည် “တိုင်းမြေ” အိမ်ငှား Application ၏ Founderတစ်ဦးဖြစ်ပါသည်။
“တိုင်းမြေ” အိမ်ငှား Application သည် မြန်မာနိုင်ငံ၏ ပထမဆုံး အိမ်ခြံမြေ အငှားသီးသန့် Applicationတစ်ခု ဖြစ်ပြီး အိမ်ပိုင်ရှင် နှင့် အိမ်ငှားများကို တိုက်ရိုက်ချိတ်ဆက်ပေးသည့် Digital Marketplace Platform တစ်ခု အဖြစ်ဆောင်ရွက်ပေးလျက်ရှိပါသည်။ “တိုင်းမြေ”အိမ်ငှား Application သည် အိမ်ခြံမြေအငှား ကဏ္ဍကို Digital နည်းပညာဖြင့် ပြောင်းလဲစေပြီး အိမ်ပိုင်ရှင် နှင့် အိမ်ငှားများအတွက် ငှားရမ်းမှု အတွေ့အကြုံကို ပိုမို လွယ်ကူစေရန်ရည်ရွယ်ထားပါသည်။
ကိုမြတ်သီဟဦး (GBP – 098) သည်TK-Interiors Co.,Ltd ၏ လက်ရှိ Production & Operations
Directorတစ်ဦးဖြစ်ပါသည်။”TK-Interiors” ကို ၂၀၁၃ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဝါးနှင့်ကြိမ်လက်မှုပစ္စည်းများကို ဥရောပ (၁၀) နိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။
“TK-Interiors” ၏ ရည်ရွယ်ချက်မှာ တိုင်းပြည်၏ ကြွယ်ဝသောသဘာဝကုန်ကြမ်းများကို အသုံးပြုပြီး သဘာဝပတ်ဝန်းကျင်ကို အကျိုးပြုသော ကမ္ဘာအဆင့်မီ Premiumလက်မှုကုန်ပစ္စည်းများအဖြစ် ကမ္ဘာ့နိုင်ငံများစွာသို့ တင်ပို့ရောင်းချနိုင်ရန်ဖြစ်ပါသည်။
မနန်းစုခမ်ထား (GTBP -108) သည် Little CodeLab Technology and Innovation Center ၏ ပူးတွဲတည်ထောင်သူတစ်ဦး ဖြစ်ပါသည်။ “LittleCodeLab” ကို ၂၀၁၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ကလေးငယ်များအတွက် Game Design များဖန်တီးခြင်း၊Mobile App များရေးဆွဲခြင်း၊ Websiteများရေးဆွဲခြင်းများအပြင် STEM Educations များကိုပါ သင်ကြားပေးလျက်ရှိနေသော Technology and Information Center တစ်ခုဖြစ်ပါသည်။ “LittleCodeLab” ၏ ရည်ရွယ်ချက်မှာ ပြည်တွင်းတွင် Young Innovators များပေါ်ထွက်လာစေရန်နှင့် လာမည့်နှစ်များတွင် အာဆီယံနိုင်ငံများအထိ ထိုးဖောက်နိုင်ရန်ဖြစ်ပြီး စိတ်ပါဝင်စားသူများအားလုံး ပါဝင်နိုင်မည့် Hackathonပြိုင်ပွဲကြီးကို ကျင်းပနိုင်ရန်မှာလည်း ၎င်း၏အိပ်မက်ဖြစ်ပါသည်။
မနမ်းမိုဟွမ်ဟွမ်း (GTBP – 109) သည် “တော်ဝင်ရှမ်းမလေး”ကျန်းမာရေးထုတ်ကုန်လုပ်ငန်း၏ ပိုင်ရှင်တစ်ဦးဖြစ်ပါသည်။ “တော်ဝင်ရှမ်းမလေး” သည် သဘာဝသစ်သီး သစ်ဖုများဖြင့်ပြုလုပ်ထားသည့် အရွက်စိမ်းမှုန့်အရည်များကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။
“လူသားအားလုံး၏ ကျန်းမာရေး”သည် “တော်ဝင်ရှမ်းမလေး၏ ကျန်းမာရေး” ဟုခံယူချက်ထားရှိပြီး အရည်အသွေးကောင်းမွန်၍ သန့်ရှင်းလတ်ဆတ်သော ထုတ်ကုန်များကို နိုင်ငံတကာသို့ပါ ဖြန့်ဖြူးရန်ရည်ရွယ်ထားရှိပါသည်။
မနွဲ့ဒါလီဇော် (GTBP – 118) သည် “Citrus Myanmar”၏ Founder နှင့် CEO ဖြစ်ပါသည်။ “Citrus Myanmar” ကို ၂၀၂၂ ခုနှစ်တွင်စတင်တည်ထောင်ကာ စားသောက်ကုန်များကိုထုတ်လုပ်ရောင်းချလျက်ရှိပါသည်။
“Citrus Myanmar” သည် ပြည်တွင်းရှိ စားနပ်ရိက္ခာကုန်စည်များကို ပြည်လည်ရှင်သန်လာစေရန်နှင့် အလုပ်လက်မဲ့ဖြစ်မှုကို လျှော့ချနိုင်ရန် ရည်ရွယ်ထားပါသည်။
မပိုပိုမင်း (GTBP – 128) သည် SustainfrontSocial Enterprise နဲ့EZ Food Productionတို့၏ တည်ထောင်သူတစ်ဦးဖြစ်ပါသည်။ “Wa Wa Food Production”ကို၂၀၂၄ ခုနှစ်တွင် အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး ငွေ (၁,၂၀၀) ကျပ်ဖြင့် နေ့လယ်စာ၊ မြန်မာထမင်းဟင်း ထုတ်လုပ်ရေး လုပ်ငန်းတစ်ခုဖြစ်ပါသည်။ ၎င်းသည် မြင့်မားလာသော ကုန်စျေးနှုန်းကြောင့် အခြေခံလုပ်သားများနှင့် ဝန်ထမ်းများ နေ့စဉ်ကြုံတွေ့နေရသောအခြေခံစားဝတ်နေရေး စိန်ခေါ်မှုမများကို ကျော်လွှားနိုင်ရန်အတွက် အာဟာရသင့်တင့်သော တန်ဖိုးသင့် Meal Pack နှင့် Ez Food များကို ထောက်ပံ့နိုင်ရန် မျှော်မှန်းလျက်ရှိပါသည်။
ကိုစိုင်းလုံရီ (GTBP – 137) သည် ParabyteMedia ၏CEOဖြစ်ပါသည်။ “ParabyteLearning” ကို ၂၀၂၂ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ParabyteMedia ၏Flagship Product တစ်ခုလည်းဖြစ်ပါသည်။ “ParabyteLearning” သည် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု၊ သက်မွေးလုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုနှင့်တစ်ကိုယ်ရည်ဖွံ့ဖြိုးတိုးတက်မှုများကို ရှာဖွေနေသူတိုင်းအတွက် မရှိမဖြစ် လိုအပ်သည့် Digital Learning Platform တစ်ခုဖြစ်လာစေရန် ရည်ရွယ်ထားပါသည်။
ကိုစိုင်းလုံရီသည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် ပညာရေးသည် အရေးပါသော အခန်းကဏ္ဍတစ်ခုဟု ယုံကြည်ပြီး “ParabyteLearning” ကိုလည်းစျေးကွက်တွင်ဦးဆောင်နိုင်သော Education Platform တစ်ခုဖြစ်လာစေရန် ကြိုးပမ်းလျက်ရှိပါသည်။
ကိုသန့်ဇော်စိုး (GTBP – 159) သည်ဒို့ပြည်သစ် Agro-Development ကုမ္ပဏီ၏ CEO နှင့် Founderဖြစ်ပါသည်။ “ဒို့ပြည်သစ်” ကို ၂၀၁၉ ခုနှစ်တွင် စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သော သွင်းအားစုများ ထုတ်လုပ်ပေးခြင်းဖြင့် စိုက်ပျိုးရေးကဏ္ဍကို အထာက်အကူပြုရန် ရည်ရွယ်ချက်ဖြင့် စတင်တည်ထောင်ခဲ့ပါသည်။ လက်ရှိတွင် “မြန်မာဗာမီ” အမှတ်တံဆိပ်ဖြင့် အရည်အသွေးပြည့် တီကောင်ချေးသဘာဝမြေဆွေးများကို ရောင်းချလျက်ရှိပြီး စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သော သွင်းအားစုများကို ဆန်းသစ်တီထွင် ထုတ်လုပ်ရန်၊စိုက်ပျိုးမြေများ၏ အရည်အသွေး ရေရှည်ကောင်းမွန်စေရန်၊ ဘေးအန္တရာယ်ကင်းသော အရည်အသွေးပြည့်သီးနှံများ ထုတ်လုပ်နိုင်ရန်နှင့် စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုတိုးတက်ဖွံ့ဖြိုးစေရန် ကြိုးပမ်းအားထုတ်လျက်ရှိပါသည်။
ကိုစိုင်းဝဏ္ဏထွန်း (GTBP – 140) သည် “သူဌေးစာ” ဟင်းခတ်အမွှေးအကြိုင်နှင့် ဒေသထွက် ကုန်ထုတ်လုပ်ရေးလုပ်ငန်း၏ Founder ဖြစ်ပါသည်။ သဘာဝပစ္စည်းများကို နည်းပညာနှင့် ပေါင်းစပ်ပြီး ကျန်းမာရေးနှင့် ညီညွတ်သော ဟင်းခတ်အမွှေးအကြိုင်များ၊ သဘာဝဆေးဖက်ဝင်အမှုန့်များ နှင့် လုပ်ငန်းသုံး အမှုန့်/အခြောက်များကို Value-added product များ၊ လုပ်ငန်းသုံး Big size packing ထုတ်များအဖြစ် ထုတ်လုပ် ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။ စားသုံးသူ ၊ ဖြန့်ဖြူးရောင်းချသူနှင့် စိုက်ပျိုးတောင်သူများ အားလုံးအတွက် အကျိုးဖြစ်စေရန် ရည်ရွယ်ထားပါသည်။
ကိုသက်ဦးရွှေ (GTBP – 166) သည် COFFEE DATE ၏ CEOတစ်ဦးဖြစ်ပါသည်။ “COFFEE DATE” ကို ၂၀၂၂ ခုနှစ်တွင် ကမာရွတ်မြို့နယ် လှည်းတန်း၌ ပထမဆုံး စတင်ဖွင့်လှစ်ခဲ့ပြီး လုပ်ငန်းသက် (၁) နှစ်ခွဲကျော်အတွင်း ဆိုင်ခွဲပေါင်း (၄) ဆိုင်အထိ တိုးချဲ့ ဖွင့်လှစ်နိုင်ခဲ့ပါသည်။ “COFFEE DATE” ကို မြန်မာနိုင်ငံတွင် လူအများအသိအမှတ်ပြုခံရသော ထိပ်တန်းအမှတ်တံဆိပ်တစ်ခုဖြစ်လာရန်သာမက လူငယ်များအတွက် သင့်တင့်သောဈေးနှုန်းဖြင့် သန့်ရှင်းပြီး အရည်အသွေးကောင်းမွန်သည့် ကော်ဖီဆိုင်အမြောက်အမြားကိုလည်းဆက်လက်ဖွင့်လှစ်သွားရန် ရည်ရွယ်လျက်ရှိပါသည်။
ကိုရန်နောင်အောင် (GTBP-182) သည် Grow Together
Biz Pitch – 30 Finalists ၏ အငယ်ဆုံးအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး Resurgence Myanmar Institute ကို တည်ထောင်သူဖြစ်ပါသည်။ Resurgence Myanmar Institute သည် မြန်မာနိုင်ငံရှိ ကျောင်းသားများအတွက် အရည်အသွေးပြည့်ဝသော ပညာရေးနှင့် တိုးတက်မှုအခွင့်အလမ်းများကို ယူဆောင်နိုင်မည့်လူမှုအကျိုးပြုလုပ်ငန်းတစ်ခုဖြစ်ပါသည်။
“Resurgence Myanmar” သည် မြန်မာနိုင်ငံရှိလူငယ်များအတွက် Quality Education နှင့်အခွင့်အလမ်းများကိုဖန်တီးပေးရန်၊ မတူညီကွဲပြားမှု၊ ရေရှည်တည်တံ့ခိုင်မြဲမှုနှင့်တီထွင်ဖန်တီးမှုများကို ပေါင်းစပ်ထားသော Quality Education တစ်ခုကို ပေးအပ်နိုင်ရန် အဓိကရည်ရွယ်ထားပါသည်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈) ရက်နေ့နှင့် (၁၉) ရက်နေ့များတွင် ရန်ကုန်မြို့ The Capital Mall Yangon တွင် "ငွေစုရွှေဆု" အထူးအခွင့်အရေးအစီအစဉ်၏ Road Show ပွဲကို...
Read more၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၆) ရက်တွင် "Empowering Futures: Collaboration Journey between Yoma Bank x MRYEA x MWEA" အမည်ဖြင့် Mingalar...
Read moreရိုးမဘဏ်၏ ၂၅နှစ်ပြည့် အထိမ်းအမှတ်ပွဲကို မြန်မာနိုင်ငံတစ်ဝန်းရှိ ရိုးမဘဏ်ဝန်ထမ်းအားလုံး ရန်ကုန်မြို့ ပန်းလှိုင်အိမ်ရာမှာ ၂၀၁၈ခုနှစ် ဇူလိုင်လ ၂၈ ရက်က ပြုလုပ်ခဲ့ပြီး တစ်မိုးအောက်မှာ အတူတကွ စုစည်းတွေ့ဆုံ၍ ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြပါသည်။ ၂၅နှစ်တာ ခရီးကို...
Read more