menu
စိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းများအတွက် ကူညီပံ့ပိုးပေးမည့် ချေးငွေ
စိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းများအတွက် ကူညီပံ့ပိုးပေးမည့် ချေးငွေ
စိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းများအတွက် ကူညီပံ့ပိုးပေးမည့် ချေးငွေ
စိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းများအတွက် ကူညီပံ့ပိုးပေးမည့် ချေးငွေ

စိုက်ပျိုးရေးလုပ်ငန်းသုံးချေးငွေ 

စိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းများအတွက် လိုအပ်သော ချေးငွေကို ရယူနိုင်ပြီး လုပ်ငန်းလည်ပတ်မှု ကောင်းမွန်စေရန် ကူညီပံ့ပိုးပေးနိုင်ပါသည်။ စိုက်ပျိုးရေးလုပ်ငန်းသုံးချေးငွေတွင် ပါဝင်သော အမျိုးအစား ၆ မျိုးမှာ ကာလတို သီးနှံရာသီပေါ် ချေးငွေ (ဆန်စပါး) ၊ ကာလတို သီးနှံရာသီပေါ် ချေးငွေ (ပြောင်း) ၊ ပေးရန်ရှိ စိုက်ထုတ်ချေးငွေ ၊ စိုက်ပျိုးမွေးမြူရေး သွင်းအားစု / ထွက်ကုန် အာမခံချေးငွေ ၊ ရရန်ရှိ ကြိုတင်ထုတ်ချေးငွေ နှင့် အသေးစားနှင့် အလတ်စားစိုက်ပျိုးရေးလုပ်ငန်းသုံး ချေးငွေ ဖြစ်ပါသည်။  



အကျိုးခံစားခွင့်များ 

  • လုပ်ငန်း ငွေကြေးလည်ပတ်မှု တိုးပွားစေခြင်း  
  • လုပ်ငန်း တိုးချဲ့မှု၊ ချဲ့ထွင်မှုကို အထောက်အပံ့ဖြစ်စေခြင်း 
  • လွယ်ကူမြန်ဆန်စွာ ချေးငွေ လျှောက်ထားနိုင်ခြင်း 
  • စိုက်ပျိုးရေး လုပ်ငန်းသဘာဝနှင့် လိုက်လျောညီထွေရှိပြီး ထိရောက်မှု ရှိသော ချေးငွေဖြစ်ခြင်း 


စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ ချေးငွေသည် 

  • ဆန်စပါး/ပြောင်း စိုက်ပျိုးသူ တောင်သူကြီးများ 
  • ပြည်ပပို့ကုန်လုပ်ငန်းရှင်များ၊ ကုန်သည်များ 
  • ဆန်/ပြောင်း စက်ပိုင်ရှင်များ  
  • ကန်ထရိုက်/လယ်ယာလုပ်ဆောင်သော ကုမ္ပဏီများအတွက် သင့်လျော်ပါသည်။



အတိုးနှုန်း၊ ဝန်ဆောင်ခ နှင့် ချေးငွေသက်တမ်း 


အတိုးနှုန်း*ချေးငွေသက်တမ်း* 
ချေးငွေပမာဏ* 
ကနဦး ပေးသွင်းငွေ*
ကာလတို သီးနှံရာသီပေါ် ချေးငွေ
(ဆန်စပါး)
၉.၅ %
(အနည်းဆုံး) 
အများဆုံး (၁၁) လ
အနည်းဆုံး - ကျပ်သိန်း (၅၀၀) 
အများဆုံး - ကျပ်သိန်း (၅,၀၀၀) 
၀.၂၅%
ကာလတို သီးနှံရာသီပေါ် ချေးငွေ
(ပြောင်း) 
၉.၅ %
(အနည်းဆုံး) 
အများဆုံး (၁၁) လ
အနည်းဆုံး - ကျပ်သိန်း (၃၀၀)
အများဆုံး - ကျပ်သိန်း (၃,၀၀၀) 
၀.၂၅%
ပေးရန်ရှိ စိုက်ထုတ်ချေးငွေ ၉.၅ %
(အနည်းဆုံး) 
ချေးငွေ ဘောင်ချာ တစ်ခုတွင် အများဆုံး ရက် (၁၈၀) 
အနည်းဆုံး - ကျပ်သိန်း (၂၅၀)
အများဆုံး - ကျပ်သိန်း (၅,၀၀၀) 
၀.၅% 
စိုက်ပျိုးမွေးမြူရေး သွင်းအားစု / ထွက်ကုန် အာမခံချေးငွေ 
၁၀%
(အနည်းဆုံး) 
အများဆုံး (၁) နှစ်
အနည်းဆုံး - ကျပ်သိန်း (၅,၀၀၀)
အများဆုံး - ကျပ်သိန်း (၆၀,၀၀၀) 
၁%
ရရန်ရှိ ကြိုတင်ထုတ်ချေးငွေ
၁၀%
(အနည်းဆုံး) 
ချေးငွေဘောင်ချာ တစ်ခုတွင် အများဆုံး ရက် (၁၈၀) 
အနည်းဆုံး - ကျပ်သိန်း (၅,၀၀၀)
အများဆုံး - ကျပ်သိန်း (၂၀,၀၀၀) 
၁%
အသေးစားနှင့် အလတ်စားစိုက်ပျိုးရေးလုပ်ငန်းသုံး ချေးငွေ
၁၀%
(အနည်းဆုံး)
အများဆုံး (၃) နှစ်
အနည်းဆုံး - သက်မှတ်ချက်မရှိ
အများဆုံး - ကျပ်သိန်း (၁၀,၀၀၀) 
၀.၂၅%
*နှုန်းထားများမှာ ပြောင်းလဲမှု ရှိနိုင်ပါသည်။ 




လျှောက်ထားရန် လိုအပ်ချက်များ 

  • လုပ်ငန်းလိုင်စင် 
  • ကုမ္ပဏီမှတ်ပုံတင် (ကုမ္ပဏီဖြင့် ချေးငွေလျှောက်ထားပါက) 
  • မှတ်ပုံတင်မူရင်းနှင့် မိတ္တူ 
  • အိမ်ထောင်စုစာရင်းမူရင်းနှင့် မိတ္တူ 
  • ရပ်ကွက်ထောက်ခံစာ မူရင်း 
  • ဝင်ငွေရရှိသည့် အထောက်အထား  
  • ဝင်ငွေခွန်ပြေစာများ  
  • ဘဏ္ဍာရေး စာရင်းရှင်းတမ်းများ