စိုက်ပျိုးရေးလုပ်ငန်းသုံးချေးငွေ
Business Banking > Loans
စိုက်ပျိုးရေးလုပ်ငန်းသုံးချေးငွေ
Business Banking > Loans
စိုက်ပျိုးရေးလုပ်ငန်းသုံးချေးငွေ အကြောင်း
စိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းများအတွက် လိုအပ်သော ချေးငွေကို ရယူနိုင်ပြီး လုပ်ငန်းလည်ပတ်မှု ကောင်းမွန်စေရန် ကူညီပံ့ပိုးပေးနိုင်ပါသည်။ စိုက်ပျိုးရေးလုပ်ငန်းသုံးချေးငွေတွင် ပါဝင်သော အမျိုးအစား ၆ မျိုးမှာ ကာလတို သီးနှံရာသီပေါ် ချေးငွေ (ဆန်စပါး) ၊ ကာလတို သီးနှံရာသီပေါ် ချေးငွေ (ပြောင်း) ၊ ပေးရန်ရှိ စိုက်ထုတ်ချေးငွေ ၊ စိုက်ပျိုးမွေးမြူရေး သွင်းအားစု / ထွက်ကုန် အာမခံချေးငွေ ၊ ရရန်ရှိ ကြိုတင်ထုတ်ချေးငွေ နှင့် အသေးစားနှင့် အလတ်စားစိုက်ပျိုးရေးလုပ်ငန်းသုံး ချေးငွေ ဖြစ်ပါသည်။
စိုက်ပျိုးရေးလုပ်ငန်းသုံးချေးငွေကို ဘာလို့ရွေးချယ်သင့်လဲ?
အားသာချက်များ
လုပ်ငန်း ငွေကြေးလည်ပတ်မှု တိုးပွားစေခြင်း
လုပ်ငန်း တိုးချဲ့မှု၊ ချဲ့ထွင်မှုကို အထောက်အပံ့ဖြစ်စေခြင်း
လွယ်ကူမြန်ဆန်စွာ ချေးငွေ လျှောက်ထားနိုင်ခြင်း
စိုက်ပျိုးရေး လုပ်ငန်းသဘာဝနှင့် လိုက်လျောညီထွေရှိပြီး ထိရောက်မှု ရှိသော ချေးငွေဖြစ်ခြင်း
စိုက်ပျိုးရေးလုပ်ငန်းသုံးချေးငွေလျှောက်ထားရန်
လိုအပ်ချက်များ
- လုပ်ငန်းလိုင်စင်
- ကုမ္ပဏီမှတ်ပုံတင် (ကုမ္ပဏီဖြင့် ချေးငွေလျှောက်ထားပါက)
- မှတ်ပုံတင်မူရင်းနှင့် မိတ္တူ
- အိမ်ထောင်စုစာရင်းမူရင်းနှင့် မိတ္တူ
- ရပ်ကွက်ထောက်ခံစာ မူရင်း
- ဝင်ငွေရရှိသည့် အထောက်အထား
- ဝင်ငွေခွန်ပြေစာများ
- ဘဏ္ဍာရေး စာရင်းရှင်းတမ်းများ
သင်ဒါတွေသိပြီးပြီလား?
စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ ချေးငွေအကြောင်း သိကောင်းစရာများ
- ဆန်စပါး/ပြောင်း စိုက်ပျိုးသူ တောင်သူကြီးများ
- ပြည်ပပို့ကုန်လုပ်ငန်းရှင်များ၊ ကုန်သည်များ
- ဆန်/ပြောင်း စက်ပိုင်ရှင်များ
- ကန်ထရိုက်/လယ်ယာလုပ်ဆောင်သော ကုမ္ပဏီများအတွက် သင့်လျော်ပါသည်။
အတိုးနှုန်း* | ချေးငွေသက်တမ်း* | ချေးငွေပမာဏ* | ကနဦး ပေးသွင်းငွေ* | |
ကာလတို သီးနှံရာသီပေါ် ချေးငွေ (ဆန်စပါး) | ၉.၅ % (အနည်းဆုံး) | အများဆုံး (၁၁) လ | အနည်းဆုံး – ကျပ်သိန်း (၅၀၀) အများဆုံး – ကျပ်သိန်း (၅,၀၀၀) | ၀.၅% |
ကာလတို သီးနှံရာသီပေါ် ချေးငွေ (ပြောင်း) | ၉.၅ % (အနည်းဆုံး) | အများဆုံး (၁၁) လ | အနည်းဆုံး – ကျပ်သိန်း (၃၀၀) အများဆုံး – ကျပ်သိန်း (၃,၀၀၀) | ၀.၅% |
ပေးရန်ရှိ စိုက်ထုတ်ချေးငွေ | ၉.၅ % (အနည်းဆုံး) | ချေးငွေ ဘောင်ချာ တစ်ခုတွင် အများဆုံး ရက် (၁၈၀) | အနည်းဆုံး – ကျပ်သိန်း (၂၅၀) အများဆုံး – ကျပ်သိန်း (၅,၀၀၀) | ၀.၅% |
စိုက်ပျိုးမွေးမြူရေး သွင်းအားစု / ထွက်ကုန် အာမခံချေးငွေ | ၁၀% (အနည်းဆုံး) | အများဆုံး (၁) နှစ် | အနည်းဆုံး – ကျပ်သိန်း (၅,၀၀၀) အများဆုံး – ကျပ်သိန်း (၆၀,၀၀၀) | ၁% |
ရရန်ရှိ ကြိုတင်ထုတ်ချေးငွေ | ၁၀% (အနည်းဆုံး) | ချေးငွေဘောင်ချာ တစ်ခုတွင် အများဆုံး ရက် (၁၈၀) | အနည်းဆုံး – ကျပ်သိန်း (၅,၀၀၀) အများဆုံး – ကျပ်သိန်း (၂၀,၀၀၀) | ၁% |
အသေးစားနှင့် အလတ်စားစိုက်ပျိုးရေးလုပ်ငန်းသုံး ချေးငွေ | ၁၀% (အနည်းဆုံး) | အများဆုံး (၃) နှစ် | အနည်းဆုံး – သက်မှတ်ချက်မရှိ အများဆုံး – ကျပ်သိန်း (၁၀,၀၀၀) | ၀.၅% |
* ငွေသက်တမ်း ကာလအတွင်း အတိုးနှုန်းကို ရိုးမဘဏ်၏ ဆုံးဖြတ်ချက်ကြောင့် သော်လည်းကောင်း၊ ဗဟိုဘဏ်မှ အတိုးနှုန်းထား ပြောင်းလဲခြင်းကြောင့် သော်လည်းကောင်း အချိန်မရွေးပြောင်းလဲ ပြင်ဆင်မှု ရှိနိုင်သည်။
စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ ချေးငွေ