ရိုးမဘဏ်အကြောင်း

Who we are > ကျွန်ုပ်တို့အကြောင်း

ရိုးမဘဏ်အကြောင်း

Who we are > ကျွန်ုပ်တို့အကြောင်း

ကျွန်ုပ်တို့အကြောင်း

Founded In
1993

Founded In

Lifelong Banking Partner

Employees
3,300+

Employees

Continuously Investing
in our People

ATMs
176

ATMs

Branches
85

Branches

Digital Banking

Digital Banking

Yoma Bank Next Mobile Application

Wave Money

Wave Money

Partner Wallet of Yoma Bank

Wave Agents
59,000

Wave Agents

Wave Merchants
218,000

Wave Merchants

ရိုးမဘဏ်သည် နှစ်ပေါင်း (၃၀) ကျော် ခိုင်မာစွာ ရပ်တည်ပြီး ဘဏ္ဍာရေးဝန်ဆောင်မှုများပေးလျက်ရှိသော ယုံကြည်စိတ်ချရသော ဘဏ်တစ်ခု ဖြစ်သည်။ ကျွန်ုပ်တို့၏ ရည်မှန်းချက်ဖြစ်သော “ပြည်သူများအတွက် ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံတော် တည်ဆောက်ရန်” ဆိုသည့် ဦးတည်ချက်နှင့်အညီ “လက်တွဲ ရာသက်ပန်” ဟူသည့် မျှော်မှန်းချက်အပေါ် အခြေခံ၍ ဆက်လက်ရပ်တည်လျက် ရှိသည်။ မြန်မာနိုင်ငံအတွင်း လျင်မြန်စွာ တိုးတက်နေသော ပုဂ္ဂလိကဘဏ်များအနက်မှ တစ်ခုဖြစ်သည့် ရိုးမဘဏ်သည် ဝန်ထမ်းများ၊ နည်းပညာနှင့် စီမံအုပ်ချုပ်မှုတို့အတွက် မဟာဗျူဟာကျသော ရင်းနှီးမြှုပ်နှံမှုများဖြင့် အုတ်မြစ်ချ တည်ဆောက်ထားသည်။ ဤအခြေခံအုတ်မြစ်သည် ပြည်တွင်းနှင့် နိုင်ငံတကာ မိတ်ဖက်ပါတနာများနှင့်အတူ ရှေ့ဆက်လက်တွဲ ပူးပေါင်းလုပ်ဆောင်ရာတွင် မရှိမဖြစ် လိုအပ်သော အဓိက အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

ကျွန်ုပ်တို့သည် ယုံကြည်စိတ်ချရသော ဘဏ္ဍာရေးမိတ်ဖက်တစ်ဦးအဖြစ် လုပ်ငန်းစဉ်တိုင်းတွင် Customer ကို အမြဲဦးစားပေးခြင်း၊ စဉ်ဆက်မပြတ် တီထွင်ဆန်းသစ်မှုကို တိုးတက်ကောင်းမွန်အောင် လှုံ့ဆော်ခြင်း၊ သမာသမတ်ရှိမှုနှင့် အပြန်အလှန်လေးစားမှုကို ထိန်းသိမ်းလိုက်နာခြင်း၊ အသင်းအဖွဲ့ဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို ကျွန်ုပ်တို့၏ အမြုတေတန်ဖိုးများအဖြစ် ထည့်သွင်းသက်ရောက်စွာ လုပ်ဆောင်ထားပါသည်။

နိုင်ငံတစ်ဝန်းတွင် ဘဏ်ခွဲပေါင်း (၈၅) ခုနှင့် ဝန်ထမ်းအင်အား (၃၃၀၀) ကျော်ရှိသည့် ရိုးမဘဏ်သည် မြန်မာနိုင်ငံတစ်ဝန်း၌ လုံခြုံစိတ်ချရပြီး ယုံကြည်စိတ်ချရကာ သုံးစွဲသူဗဟိုပြု ဘဏ္ဍာရေးဝန်ဆောင်မှုများကို ပေးအပ်ရန် ကတိပြုထားပါသည်။ ရိုးမဘဏ်သည် မိမိ၏ မဟာဗျူဟာမြောက် ဦးစားပေးလုပ်ငန်းစဉ်များနှင့်အညီ နည်းပညာဆိုင်ရာ တီထွင်ဆန်းသစ်မှုများမှတစ်ဆင့် ဝန်ဆောင်မှုရယူသူများ၏ အတွေ့အကြုံကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိပြီး ပိုမိုလွယ်ကူ အဆင်ပြေစေမည့် ဝန်ဆောင်မှုများနှင့် ထုတ်ကုန်အမျိုးအစားမျိုးစုံကို တိုးချဲ့ဆောင်ရွက်ပေးလျက်ရှိပါသည်။ ဘဏ္ဍာရေးကဏ္ဍတွင် အားလုံးပါဝင်နိုင်ရေး (Financial Inclusion) ကတိကဝတ်ပြုချက်၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် ရိုးမဘဏ်သည် Next Mobile Application နှင့် Business Banking Portal တို့မှတစ်ဆင့် မြန်ဆန်၊ လုံခြုံပြီး အဆင်ပြေလွယ်ကူသည့် ဒီဂျစ်တယ်ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို ဆောင်ရွက်ထားပါသည်။ ဝန်ဆောင်မှုရယူသူများအား အချိန်မရွေး၊ နေရာမရွေး ဘဏ်ဝန်ဆောင်မှုများကို အသုံးပြုနိုင်စေပြီး တိုးတက်ပြောင်းလဲနေသော ဒီဂျစ်တယ်စီးပွားရေးခေတ်တွင် တစ်ဦးချင်းနှင့် စီးပွားရေးလုပ်ငန်းများ၏ လိုအပ်ချက်များကို အထောက်အကူပြုပေးလျက်ရှိပါသည်။

ထို့ပြင် ရိုးမဘဏ်သည် Wave နှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် မြန်မာတစ်နိုင်ငံလုံးတွင် စိတ်ချယုံကြည်ရသည့် ဒီဂျစ်တယ် ဘဏ္ဍာရေးဝန်ဆောင်မှုများကို ပိုမိုကျယ်ပြန့်စွာ အသုံးပြုနိုင်ရန်နှင့် ဘဏ္ဍာရေးဝန်ဆောင်မှုများ ပိုမိုပါဝင်ရရှိနိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။ ရိုးမဘဏ် (Wave ၏ မိတ်ဖက်ဘဏ်) နှင့် Wave (ရိုးမဘဏ်၏ မိတ်ဖက် Wallet) တို့သည် ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုမှ ဝန်ဆောင်မှုရယူသူများအတွက် စိတ်ချယုံကြည်ရသည့် ဒီဂျစ်တယ် ဘဏ္ဍာရေးဝန်ဆောင်မှုများကို ပေးအပ်ရန်၊ စနစ်ကျသော ဘဏ္ဍာရေးစီမံခန့်ခွဲမှုကို မြှင့်တင်ရန်နှင့် ဘဏ္ဍာရေးဆိုင်ရာ လုံခြုံဘေးကင်းမှု အသိပညာများကို တိုးမြှင့်ပေးရန် အတူတကွ လက်တွဲဆောင်ရွက်လျက် ရှိပါသည်။