စံချိန်စံညွှန်းများ
Who we are > Governance
စံချိန်စံညွှန်းများ
Who we are > Governance
စံချိန်စံညွှန်းများ
ကျွန်ုပ်တို့သည် ဘဏ္ဍာရေးမဟုတ်သော အစီရင်ခံစာ (Non-financial reporting) ကို လုပ်ဆောင်ရန် အောက်ပါ စံနှုန်းများကို အခြေခံ၍ ထည့်သွင်းစဉ်းစားသည်။

ကုလသမဂ္ဂကမ္ဘာလုံးဆိုင်ရာစာချုပ်
ရိုးမဘဏ်သည် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့တွင် UN Global Compact ၏ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။ ထိုအချိန်မှစ၍ ကျွန်ုပ်တို့သည် လုပ်ငန်းဆောင်ရွက်မှု တိုးတက်မှု (COP) အစီရင်ခံစာများကို ပုံမှန်ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ အစီရင်ခံစာများကို ဤနေရာတွင် ကြည့်ရှုနိုင်ပါသည်။
Global Reporting Initiative (GRI) စံသတ်မှတ်ချက်များ
ရိုးမဘဏ်သည် ရေရှည်တည်တံ့ခိုင်မြဲမှုဆိုင်ရာ သတင်းအချက်အလက်များကို ပွင့်လင်းမြင်သာမှုရှိစွာနှင့် တသမတ်တည်းဖြစ်စွာ တင်ပြနိုင်ရန် ဘဏ္ဍာရေးမဟုတ်သော အစီရင်ခံတင်ပြမှု (Non-financial Reporting) များကို GRI စံသတ်မှတ်ချက်များနှင့် ကိုက်ညီအောင် ဆောင်ရွက်လျက် ရှိသည်။ ဘဏ်သည် ပတ်ဝန်းကျင်ဆိုင်ရာ (Environmental)၊ လူမှုရေးဆိုင်ရာ (Social) နှင့် အုပ်ချုပ်မှုဆိုင်ရာ (Governance) အချက်အလက်များကို အစီရင်ခံတင်ပြရာတွင် GRI မူဘောင်ကို စံအဖြစ် သတ်မှတ်ထားပြီး၊ ယင်းမှတစ်ဆင့် ဘဏ်နှင့် သက်ဆိုင်သူများ (Stakeholder) အနေဖြင့် ဘဏ်၏ ရေရှည်တည်တံ့ခိုင်မြဲမှု စွမ်းဆောင်ရည်ကို တူညီသော လုပ်ငန်းကဏ္ဍရှိ အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များနှင့် လည်းကောင်း၊ အစီရင်ခံတင်ပြမှုဆိုင်ရာ စံချိန်စံညွှန်းများနှင့်လည်းကောင်း အကဲဖြတ်နိုင်ပါသည်။
ကော်ပိုရိတ်စီမံအုပ်ချုပ်မှု အမှတ်ပေးဇယား
မြန်မာကော်ပိုရိတ်စီမံအုပ်ချုပ်မှု အမှတ်ပေးဇယား (Myanmar Corporate Governance Scorecard) အပေါ် အခြေခံ၍ ဆန်းစစ်ထားသော ကျွန်ုပ်တို့၏ အစီရင်ခံစာကို ဤနေရာတွင် ကြည့်ရှုနိုင်ပါသည်။
Sustainable Development Goals (SDGs)
| SDGs | Why? | Metrics (FY 2025/2026) |
![]() | နိုင်ငံတစ်ဝန်းရှိ ကလေးသူငယ်များ၊ ကျောင်းသူကျောင်းသားများနှင့် ပြည်သူလူထုတစ်ရပ်လုံး ပိုမိုကောင်းမွန်သော ပညာရေးအခွင့်အလမ်းများကို ရရှိခံစားနိုင်ရန်၊ အနာဂတ်တွင် လိုအပ်သော ကျွမ်းကျင်မှု စွမ်းရည်များကို ပျိုးထောင်နိုင်ရန်နှင့် မိမိကိုယ်ကိုယ် ရပ်တည်နိုင်စွမ်းရှိစေရန်အတွက် ပိုမိုကောင်းမွန်သော ပညာရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်သွားရန် |
|
![]() | ကျွန်ုပ်တို့၏ ဝန်ထမ်းများအားလုံးအတွက် ကျား/မ ကွဲပြားမှု၊ လိင်ပိုင်းဆိုင်ရာစိတ်တိမ်းညွှတ်မှု၊ အသက်အရွယ် သို့မဟုတ် ပညာအရည်အချင်းနှင့် လုပ်ငန်းအတွေ့အကြုံ နောက်ခံ မည်သို့ပင်ရှိစေကာမှု ခွဲခြားမှုမရှိဘဲ တန်းတူညီမျှသော အခွင့်အရေးများကို ဖော်ဆောင်ပေးသွားရန် |
|
![]() | မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ပေးနိုင်ရန်အတွက် ကျွန်ုပ်တို့၏ Customer များအတွက် လိုအပ်သော ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ဖြည့်ဆည်းပေးခြင်းဖြင့် နိုင်ငံတော်တည်ဆောက်ရေးကို တစ်ဖက်တစ်လမ်းမှ ကူညီတွန်းအားပေးသွားရန် |
|
![]() | မြန်မာ့စီးပွားရေး၏ အဓိကမဏ္ဍိုင်ဖြစ်လာမည့် အရည်အသွေးမြင့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာစေရန် အစဉ်တစိုက် ကူညီပံ့ပိုးပေးသွားရန် |
|
![]() | မြန်မာပြည်သူများအနေဖြင့် ၎င်းတို့၏ အနာဂတ်အတွက် လိုအပ်သော ငွေကြေးဝန်ဆောင်မှုများကို ရယူအသုံးချနိုင်စေရန်နှင့် လူနေမှုဘဝပုံစံသစ်များကို ဖော်ဆောင်မြှင့်တင်နိုင်စေရန်အတွက် အစဥ်တစိုက် ပံ့ပိုးကူညီသွားရန် |
|
![]() | ရာသီဥတုပြောင်းလဲမှုသည် မြန်မာနိုင်ငံ၏ အနာဂတ်နှင့် စီးပွားရေးကဏ္ဍကို ပုံစံသစ်ဖြင့် ပြောင်းလဲပစ်နိုင်သည့် အဓိကစိန်ခေါ်မှုနှင့် အရေးကြီးသော ကဏ္ဍတစ်ရပ်အဖြစ် သတ်မှတ်ရန် |
|
![]() | အဂတိလိုက်စားမှုကို တိုက်ဖျက်ပြီး မြန်မာနိုင်ငံအဖွဲ့အစည်းများ၏ ဖွံ့ဖြိုးတိုးတက်မှုကို ထောက်ပံ့ပေးရန် |
|
အချက်အလက်များ
ကျွန်ုပ်တို့၏ ဘဏ္ဍာရေးနှင့် မသက်ဆိုင်သည့် အချက်အလက်များသည် ၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ အရ ဖြစ်သည်။
လူ့စွမ်းအားအရင်းမြစ်ဆိုင်ရာ အချက်အလက်များ
- ၂၀၂၆ ခုနှစ်၊ မတ်လအထိ စာရင်းများအရ ဝန်ထမ်းပေါင်း ၃၃၉၇ ဦး ကျော်သည် ရိုးမဘဏ်တွင် တာဝန်ထမ်းဆောင်လျက် ရှိပါသည်။
- ၅၃ ရာခိုင်နှုန်းမှာ အမျိုးသမီးဝန်ထမ်းများ ဖြစ်ပါသည်။
- ၃၇ ရာခိုင်နှုန်းမှာ အသက် ၃၀ နှစ်အောက် ဝန်ထမ်းများ ဖြစ်ကြပါသည်။
- ဒါရိုက်တာအဖွဲ့တွင် အမျိုးသား ဒါရိုက်တာ ၆ ဦးဖြင့် ဖွဲ့စည်းထားပါသည်။
- ဒါရိုက်တာများ၏ ၆၆.၇ ရာခိုင်နှုန်းမှာ အသက် ၇၀ နှစ်နှင့် အထက်၊ ၁၆.၇ ရာခိုင်နှုန်းမှာ အသက် ၆၀ မှ ၆၉ နှစ်အတွင်း၊ ကျန် ၁၆.၇ ရာခိုင်နှုန်းမှာမူ အသက် ၅၀ မှ ၅၉ နှစ်အတွင်း ဖြစ်ပါသည်။


သင်တန်းပို့ချခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး
- စုစုပေါင်း သင်တန်းပို့ချမှု နာရီပေါင်း ၆၇၄၄၆ နာရီ ဆောင်ရွက်နိုင်ခဲ့သည်။
- ဝန်ထမ်းပေါင်း ၂၉၅၀ ဦး ကို သင်တန်းများ ပို့ချပေးနိုင်ခဲ့သည်။
- ဝန်ထမ်းတစ်ဦးလျှင် ပျမ်းမျှ သင်တန်းတက်ရောက်မှု ၂၀.၂ နာရီ ရှိသည်။
- သင်တန်းအစီအစဉ်ပေါင်း ၂၀၃ ခု ကို ပို့ချခဲ့သည်။
စွမ်းအင်နှင့် ကာဗွန်
- ဘဏ္ဍာရေးနှစ်အတွင်း စွမ်းအင်သုံးစွဲမှု ကုန်ကျစရိတ်သည် မြန်မာကျပ်ငွေ ၄၅၃၅ သန်းကျော် ရှိခဲ့သည်။
- စုစုပေါင်း ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုမှာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ၃၇၅၀ တန်ရှိခဲ့ရာမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ၂၈၄၈ တန် အထိ လျော့ကျသွားခဲ့သည်။ ယင်း ပမာဏတွင် Scope 1 ထုတ်လွှတ်မှု ၁၇၃၃ တန်၊ Scope 2 ထုတ်လွှတ်မှု ၁၀၆၆ တန် နှင့် Scope 3 ထုတ်လွှတ်မှု ၄၉ တန်တို့ ပါဝင်သည်။

Supply Chain
- လက်တွဲဆောင်ရွက်နေသော ကုန်သွင်းသူ (Supplier) များ၏ ၇၉% မှာ မြန်မာနိုင်ငံအခြေစိုက်လုပ်ငန်းများ ဖြစ်သည်။
- ကုန်သွင်းသူများ၏ ၈၇% သည် ပြည်တွင်းမှ ဖြစ်သည်။

ထုတ်ကုန်ဆိုင်ရာ တာဝန်ယူမှု
- ၃၂% သော ဝန်ဆောင်မှုရယူသူများ သည် ဒီဂျစ်တယ်ဘဏ်လုပ်ငန်းနှင့် Mobile App များကို အသုံးပြုလျက်ရှိသည်။
- ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအထိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SME) ၉,၅၀၀ ကျော်အား ဘဏ္ဍာရေးထောက်ပံ့မှုများကို ပံ့ပိုးပေးခဲ့သည်။
- ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအထိ SME လုပ်ငန်းများသို့ ဘဏ္ဍာရေးထောက်ပံ့မှုသည် စုစုပေါင်း ထောက်ပံ့မှု၏ ၃၈.၃% ကို ကိုယ်စားပြုခဲ့သည်။
BizSpace Portal
Payroll Portal
Supply Chain Financing







