မူဝါဒများ

Who we are > Governance

မူဝါဒများ

Who we are > Governance

မူဝါဒများနှင့် လမ်းညွှန်ချက်များ

ရိုးမဘဏ်တွင် ကျွန်ုပ်တို့၏ အခြေခံမူများနှင့် တန်ဖိုးများသည် လုပ်ငန်းလည်ပတ်ဆောင်ရွက်ပုံကို ပုံဖော်ပေးပါသည်။ ကျွန်ုပ်တို့သည် လိမ်လည်မှု၊ အဂတိလိုက်စားမှု၊ အနိုင်ကျင့်နှောင့်ယှက်မှုနှင့် ခွဲခြားဆက်ဆံမှုတို့အပေါ် လုံးဝ သည်းခံမှုမရှိသည့် (Zero-Tolerance) ကို ကျင့်သုံးထားပြီး လုပ်ငန်းဆောင်ရွက်မှုကဏ္ဍအားလုံးတွင် ဂုဏ်သိက္ခာ၊ ဖြောင့်မတ်မှန်ကန်မှုနှင့် ကျင့်ဝတ်စံနှုန်းများကို အမြဲတမ်း ထိန်းသိမ်းလိုက်နာရန် ကတိကဝတ်ပြုထားပါသည်။

အဆိုပါ ကတိကဝတ်များကို အထောက်အပံ့ပေးနိုင်ရန် ဘဏ်သည် စနစ်ကျသော မူဝါဒများနှင့် လမ်းညွှန်ချက်များကို ချမှတ်ထားပါသည်။ ဒါရိုက်တာအဖွဲ့သည် အဆိုပါ မူဝါဒများကို အတည်ပြုခြင်း၊ ပြန်လည်သုံးသပ်ခြင်းနှင့် ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးကို ကြီးကြပ်တာဝန်ယူပါသည်။

မူဝါဒနှင့် လမ်းညွှန်ချက်များအဓိက အကြောင်းအရာများ
ကော်ပိုရိတ်စီမံအုပ်ချုပ်မှုဆိုင်ရာ မူဝါဒကော်ပိုရိတ်စီမံအုပ်ချုပ်မှုဆိုင်ရာမူဝါဒသည် သက်ဆိုင်ရာ ဥပဒေများ၊ ဘဏ်၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းများနှင့် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ရိုးမဘဏ်၏ အုပ်ချုပ်မှုဆိုင်ရာ မူဘောင်များ၊ ဖွဲ့စည်းပုံများနှင့် ကြီးကြပ်ကွပ်ကဲမှု အစီအစဉ်များကို ချမှတ်ထားပါသည်။ ဤမူဝါဒသည် ဒါရိုက်တာအဖွဲ့၏ အဓိက တာဝန်ဝတ္တရားများကို သတ်မှတ်ပေးပြီး တာဝန်ယူမှု၊ ပွင့်လင်းမြင်သာရှိမှုနှင့် ထိရောက်သော အုပ်ချုပ်မှုစနစ်ဆိုင်ရာ ဘဏ်၏ ကတိကဝတ်ကို အထောက်အကူပြုသည်။

ကော်ပိုရိတ်စီမံအုပ်ချုပ်မှုဆိုင်ရာမူဝါဒ အကျဉ်းချုပ်ကို ဤနေရာတွင် ရယူပါ။

ငွေကြေးခ၀ါချမှုနှင့် အကြမ်းဖက်မှုအပေါ် ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးမူ၀ါဒငွေကြေးခ၀ါချမှုနှင့် အကြမ်းဖက်မှုအပေါ် ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးမူ၀ါဒ (AML/CFT) သည် ငွေကြေးခဝါချခြင်းနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့သည့် လုပ်ငန်းစဉ်များကို တားဆီးရန်၊ သက်ဆိုင်ရာ ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများအပြင် နိုင်ငံတကာ အဖွဲ့အစည်းများ၏ အကြံပြုချက်များနှင့် လမ်းညွှန်ချက်များကို လိုက်နာမှုရှိစေရန် စံသတ်မှတ်ချက်များကို ဖော်ပြထားသည်။ ဤမူဝါဒ၏ ရည်ရွယ်ချက်မှာ အလေ့အကျင့်ကောင်းများကို ဖော်ဆောင်ရန်နှင့် ငွေကြေးခဝါချမှု စီမံခန့်ခွဲမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးတို့အတွက် ဆုံးရှုံးနိုင်ခြေအခြေပြု စစ်ဆေးခြင်းနည်းလမ်းများကို ကျင့်သုံးရန် ဖြစ်သည်။

ငွေကြေးခ၀ါချမှုနှင့် အကြမ်းဖက်မှုအပေါ် ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးမူ၀ါဒကို ဤနေရာတွင် ကြည့်ပါ။

ဝန်ထမ်းရေးရာ လမ်းညွှန်ချက်ဝန်ထမ်းရေးရာ လမ်းညွှန်ချက် (People Guideline) သည် ရိုးမဘဏ်၏ မဟာဗျူဟာမြောက် ရည်မှန်းချက်များ၊ အဖွဲ့အစည်းဆိုင်ရာ တန်ဖိုးများနှင့် ကိုက်ညီသည့် ဝန်ထမ်းအင်အားကို ပုံဖော်ပေးခြင်းဖြင့် ဘဏ်၏ မဟာဗျူဟာမြောက် ရည်မှန်းချက်များကိုအကောင်အထည်ဖော်ရာတွင် အထောက်အကူပြုသည်။ ဤလမ်းညွှန်ချက်သည် ဝန်ထမ်းဆိုင်ရာ လုပ်ငန်းစဉ်အားလုံးအတွက် ဘက်ပေါင်းစုံပါဝင်သော မူဘောင်တစ်ခုကို ပံ့ပိုးပေးပြီး ဘဏ်တစ်ခုလုံးတွင် စံသတ်မှတ်ချက်များ ညီညွတ်စေရန်နှင့် သက်ဆိုင်ရာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်း လိုအပ်ချက်များကို လိုက်နာမှုရှိစေသည်။

ဝန်ထမ်းရေးရာ လမ်းညွှန်ချက်ကို ဤနေရာတွင် ရယူပါ။

ကျင့်ဝတ်ဆိုင်ရာ လမ်းညွှန်ချက်ကျင့်ဝတ်ဆိုင်ရာ လမ်းညွှန်ချက်သည် ဒါရိုက်တာများ၊ အရာရှိများနှင့် ဝန်ထမ်းများအားလုံး လိုက်နာစောင့်ထိန်းရမည့် သမာသမတ်ရှိမှု (Integrity) ၊ ကျွမ်းကျင်ပိုင်နိုင်မှု (Professionalism) နှင့် ကျင့်ဝတ်ဆိုင်ရာ အပြုအမူစံနှုန်းများကို သတ်မှတ်ပေးထားသည်။ ဤလမ်းညွှန်ချက်သည် ဘဏ်၏ ဝန်ဆောင်မှုရယူများ၊ ဝန်ထမ်းများ၊ ကုန်ပစ္စည်းပေးသွင်းသူများ၊ စည်းမျဉ်းကြီးကြပ်ရေးအဖွဲ့အစည်းများနှင့် အခြားဆက်စပ်ပတ်သက်သူများနှင့် ဆက်ဆံရာတွင် ယုံကြည်မှု၊ တာဝန်ခံမှုနှင့် တာဝန်သိသော လုပ်ဆောင်မှုများ ဆောင်ရွက်ရန်အတွက် အခြေခံမှုဖြစ် သည်။

သက်ဆိုင်သူများအားလုံးအနေဖြင့် နေ့စဉ် တာဝန်ဝတ္တရားများကို ထမ်းဆောင်ရာတွင်လည်းကောင်း၊ လုပ်ငန်းခွင်အတွင်းနှင့် ပြင်ပ ဆက်စပ်ပတ်သက်သူများနှင့် ဆက်ဆံရာတွင်လည်းကောင်း၊ သက်ဆိုင်သည့် နေရာများတွင် ကိုယ်ပိုင်ဘဏ္ဍာရေးဆိုင်ရာ ဆောင်ရွက်ချက်များကို စီမံခန့်ခွဲရာတွင်လည်းကောင်း ကျင့်ဝတ်စည်းကမ်းများ၏ ရည်ရွယ်ချက်နှင့် သတ်မှတ်ချက်များကို လေးစားလိုက်နာရန် မျှော်မှန်းထားပါသည်။ ဤစံညွှန်းများကို ထိန်းသိမ်းလိုက်နာခြင်းဖြင့် ဘဏ်၏ ဂုဏ်သတင်းကို ထိန်းသိမ်းကာကွယ်ပြီး ဝန်ဆောင်မှုရယူသူများအတွက်လည်း လက်တွဲရာသက်ပန် ရိုးမဘဏ်ဆိုသည့် ကတိကဝတ်ကို ပိုမို ခိုင်မာစေသည်။ ထို့ပြင် သမာသမတ်ရှိမှု၊ တာဝန်ယူမှု၊ ပွင့်လင်းမြင်သာမှုနှင့် ကျင့်ဝတ်နှင့်အညီ စီးပွားရေးလုပ်ဆောင်မှုတို့ကို အခြေခံသော အဖွဲ့အစည်းအဖြစ် ပျိုးထောင်နိုင်ပါသည်။ကျင့်ဝတ်ဆိုင်ရာ လမ်းညွှန်ချက်ကို ဤနေရာတွင် ရယူပါ။

Speak Up လမ်းညွှန်ချက်Speak Up လမ်းညွှန်ချက်သည် ဝန်ထမ်းများအနေဖြင့် မှားယွင်းလုပ်ဆောင်မှုများ၊ မသင့်လျော်သော အပြုအမူများ သို့မဟုတ် လုံခြုံရေးဆိုင်ရာ စိုးရိမ်ဖွယ်ကိစ္စရပ်များ၊ ခွဲခြားဆက်ဆံခြင်း သို့မဟုတ် လက်တုံ့ပြန်ခြင်းများကို စိုးရိမ်စရာမလိုဘဲ တင်ပြနိုင်ရန် အားပေးထားပါသည်။ ဤလမ်းညွှန်ချက်တွင် လိုအပ်ပါက အမည်မဖော်ဘဲ တိုင်ကြားနိုင်သည့် လျှို့ဝှက် တိုင်ကြားမှုစနစ်ကို သတ်မှတ်ထားပြီး သဘောရိုးဖြင့် တင်ပြသူများအားလည်း ကာကွယ်လုံခြုံမှုပေးရန် ဖြစ်ပါသည်။

ဝန်ထမ်းအားလုံးသည် လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများကို အမှန်တကယ် ချိုးဖောက်ခြင်း၊ ချိုးဖောက်နိုင်သည်ဟု သံသယရှိခြင်း သို့မဟုတ် ချိုးဖောက်နိုင်ခြေရှိသော ကိစ္စရပ်များကို သတင်းပေးတင်ပြရန် တာဝန်ရှိပါသည်။ တင်ပြလာသော ကိစ္စရပ်များကို အလေးအနက်ထား၍ တရားမျှတမှု၊ ဘက်မလိုက်မှုနှင့် အချိန်နှင့်တပြေးညီ စိစစ်ဆောင်ရွက်ခြင်းဖြင့် အဖွဲ့အစည်းအတွင်း သမာသမတ်ရှိမှု၊ တာဝန်ခံမှုနှင့် ကျင့်ဝတ်နှင့်အညီ လုပ်ဆောင်သည့် အလေ့အကျင့်ကို မြှင့်တင်ပေးပါသည်။

Speak Up လမ်းညွှန်ချက်ကို ဤနေရာတွင် ရယူပါ။

လုပ်ငန်းဆိုင်ရာ ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု မူဝါဒလုပ်ငန်းဆိုင်ရာ ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု မူဝါဒ (Enterprise Risk Management Policy) သည် ဘဏ်၏ ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုဆိုင်ရာ မူဘောင်ကို သတ်မှတ်ပေးထားပြီး၊ ယင်းစနစ်အား ထိရောက်စွာနှင့် အလုံးစုံအကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်အတွက် အဓိက သတ်မှတ်ချက်များကို ဖော်ပြထားပါသည်။ ရိုးမဘဏ်တွင် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုကို ဘဏ်လုပ်ငန်းဆောင်ရွက်မှု အားလုံးတွင် ထည့်သွင်းကျင့်သုံးထားပြီး၊ “ပြည်သူများအတွက် ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံတော် တည်ဆောက်ရန်” ဟူသော ရည်မှန်းချက်ကို အကောင်အထည်ဖော်ရာတွင် မဟာဗျူဟာမြောက် ပံ့ပိုးပေးနိုင်သော အားသာချက်တစ်ရပ်အဖြစ် ရပ်တည်စေရန် ရည်ရွယ်ထားပါသည်။

လုပ်ငန်းဆိုင်ရာ ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု မူဝါဒ အကျဉ်းချုပ်ကို ဤနေရာတွင် ရယူပါ။

Environmental, Social and Governance (ESG) လမ်းညွှန်ချက်ရိုးမဘဏ်သည် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းခြင်း၊ လူမှုရေး ဆိုင်ရာ တာဝန်ယူမှုကို မြှင့်တင်ခြင်းနှင့် ဝန်ထမ်းများအပြင် လူမှုအသိုင်းအဝိုင်းများ၏ ကျန်းမာရေးနှင့် လုံခြုံရေးကို အာမခံပေးနိုင်သော လုပ်ငန်းဆောင်ရွက်မှုများကို အလေးထား လုပ်ဆောင်ရန် ကတိကဝတ်ပြုထားပါသည်။

ESG လမ်းညွှန်ချက်သည် သဘာဝပတ်ဝန်းကျင် (Environmental)၊ လူမှုရေး (Social) နှင့် အုပ်ချုပ်မှုဆိုင်ရာ (Governance) အချက်အလက်များကို ဘဏ်၏ မဟာဗျူဟာနှင့် လုပ်ငန်းဆောင်ရွက်မှုလုပ်ငန်းစဉ်များအတွင်း ထည့်သွင်းစဉ်းစားနိုင်ရန် စနစ်တကျ သတ်မှတ်ပေးထားသော လုပ်ငန်းမူဘောင်တစ်ခုဖြစ်ပါသည်။ ၎င်းတွင် CSR လုပ်ငန်းများ၊ အလှူငွေပေးအပ်ခြင်းနှင့် ပရဟိတလုပ်ငန်းဆောင်ရွက်မှုများလည်း ပါဝင်ပါသည်။

Environmental, Social and Governance (ESG) လမ်းညွှန်ချက်ကို ဤနေရာတွင် ရယူပါ။

ဝန်ဆောင်မှုရယူသူများ၊ ချေးငွေရယူသူများ၏ အခွင့်အရေးနှင့် ကာကွယ်မှုဆိုင်ရာ လမ်းညွှန်ချက်ရိုးမဘဏ်သည် ကျင့်ဝတ်နှင့်အညီ ပွင့်လင်းမြင်သာမှုရှိပြီး တာဝန်ယူမှုအပြည့်ဖြင့် ဘဏ်လုပ်ငန်းထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ပံ့ပိုးဆောင်ရွက်လျက်ရှိကာ၊ ထိုသို့ဆောင်ရွက်မှုများမှတစ်ဆင့် ဝန်ဆောင်မှုရယူသူများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန် အခိုင်အမာ ကတိကဝတ်ပြုထားပါသည်။

ဝန်ဆောင်မှုရယူသူများ၊ ချေးငွေရယူသူများ၏ အခွင့်အရေးနှင့် ကာကွယ်မှုဆိုင်ရာ လမ်းညွှန်ချက် (Clients and Creditors Rights and Protection Guideline) သည် ဝန်ဆောင်မှုရယူသူများအား မျှတ၍ ပွင့်လင်းမြင်သာသော ဝန်ဆောင်မှုပေးမှုများ ရရှိစေရန် အာမခံပေးသည့်အပြင်၊ ခိုင်မာသော အုပ်ချုပ်မှုယန္တရားများ၊ သီးခြားလွတ်လပ်သော ကြီးကြပ်ရေးစနစ်များနှင့် ဝန်ဆောင်မှုရယူသူများ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်ရန် အခြေခံမူများကို ချမှတ်ထားပါသည်။ ထို့ပြင် တာဝန်ယူမှုနှင့် တာဝန်ခံမှုဆိုင်ရာ ယန္တရားများကို ပိုမိုခိုင်မာအားကောင်းစေရန်၊ ဝန်ဆောင်မှုရယူသူများအနေဖြင့် အကြံပြုချက်များနှင့် တိုင်ကြားချက်များကို လွယ်ကူအဆင်ပြေစွာ ပေးပို့နိုင်ရန် စနစ်တကျ စီမံဆောင်ရွက်ထားပါသည်။ ဤလမ်းညွှန်ချက်သည် ရိုးမဘဏ်၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအားလုံးအပေါ် အကျုံးဝင်ပြီး လုပ်ငန်းဆောင်ရွက်စဥ်တစ်လျှောက် လိုက်နာကျင့်သုံးလျက်ရှိပါသည်။

ဝန်ဆောင်မှုရယူသူများ၊ ချေးငွေရယူသူများ၏ အခွင့်အရေးနှင့် ကာကွယ်မှုဆိုင်ရာ လမ်းညွှန်ချက်ကို ဤနေရာတွင် ရယူပါ။

ကုန်ပစ္စည်းဝယ်ယူရေးလုပ်ငန်းစဉ်

အထက်ဖော်ပြပါ မူဝါဒများနှင့် လမ်းညွှန်ချက်များအပြင် ရိုးမဘဏ်သည် ကုန်ပစ္စည်းပေးသွင်းသူများနှင့် ဝန်ဆောင်မှုပေးသူများကို ရွေးချယ်ရာတွင် တိကျခိုင်မာသော စံနှုန်းများကို ကျင့်သုံးလျက်ရှိပြီး မိတ်ဖက်အဖွဲ့အစည်းများ အားလုံးအပေါ် လုံလောက်ပြီး စေ့စပ်သေချာသော စစ်ဆေးအတည်ပြုမှု (Due Diligence) ကို ဆောင်ရွက်ပါသည်။ ဤလုပ်ငန်းစဉ်သည် ဝန်ဆောင်မှုရယူသူများအား အရည်အသွေးမြင့် ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် အထောက်အကူ ပြုသလို ခိုင်မာသော စီမံအုပ်ချုပ်မှုစနစ်နှင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု စံနှုန်းများကိုလည်း ထိန်းသိမ်းထားနိုင်စေပါသည်။ ကုန်ပစ္စည်းပေးသွင်းသူနှင့် ဝန်ဆောင်မှုပေးသူ ရွေးချယ်ရေးလုပ်ငန်းစဉ်သည် အဖွဲ့အစည်းဆိုင်ရာ အရင်းအမြစ်များကို အသုံးပြုရပြီး ဘဏ်၏ အလုံးစုံ ထိရောက်မှုနှင့် ရေရှည် အောင်မြင်မှုတို့တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။

ဘဏ်၏ Procurement ဌာနသည် အဖွဲ့အစည်းအတွင်း ဆောင်ရွက်လျက်ရှိသော ဝယ်ယူရေးလုပ်ငန်းစဉ် အဆင့်ဆင့်ကို အစမှအဆုံး ကြီးကြပ်တာဝန်ယူပါသည်။ ကုန်ပစ္စည်းပေးသွင်းသူနှင့် ဝန်ဆောင်မှုပေးသူ ရွေးချယ်ရေးလုပ်ငန်းစဉ်၏ အဓိကရည်ရွယ်ချက်များမှာ ဝယ်ယူရေးဆိုင်ရာ ဆုံးရှုံးနိုင်မှုများကို လျှော့ချရန်၊ ဘဏ်အတွက် အမြင့်ဆုံးတန်ဖိုးကို ဖန်တီးပေးရန်နှင့် ကုန်ပစ္စည်းပေးသွင်းသူများ၊ ဝန်ဆောင်မှုပေးသူများနှင့် ရေရှည်တည်တံ့သော ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးများကို တည်ဆောက်မြှင့်တင်ရန် ဖြစ်ပါသည်။

ကုန်ပစ္စည်းပေးသွင်းသူအားလုံးသည် မြန်မာနိုင်ငံတွင် သက်ဆိုင်သော ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများကိုသာမက ဘဏ်တွင်း ချမှတ်ထားသော မူဝါဒများနှင့် လမ်းညွှန်ချက်များကို လိုက်နာရန် လိုအပ်ပါသည်။ ၎င်းတွင် AML/CFT (ငွေကြေးခဝါချမှု တိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှု ငွေကြေးထောက်ပံ့ခြင်း တားဆီးကာကွယ်ရေး) ဆိုင်ရာ သတ်မှတ်ချက်များ၊ ပိတ်ဆို့အရေးယူမှု (Sanction) ဆိုင်ရာ စည်းမျဉ်းများနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်းတို့ အဓိက ပါဝင်ပါသည်။