သီတင်းကျွတ်မှာ ငွေကြေးလိမ်လည်မှုတွေ မဖြစ်အောင် ဂရုစိုက်ကြမယ်။

25 October 2026

သီတင်းကျွတ်ကာလမှာ အွန်လိုင်းဈေးဝယ်ခြင်းနဲ့ အထူးပရိုမိုးရှင်းတွေကို အခွင့်ကောင်းယူပြီး လိမ်လည်မှုတွေ ကြုံတွေ့နိုင်တာကြောင့် ဒီအချက်လေးတွေကို မမေ့နဲ့နော်။

✅ အွန်လိုင်းဈေးဝယ်ရာမှာ ရောင်းချသူရဲ့ အချက်အလက်တွေကို စစ်ဆေးပြီးမှ ငွေပေးချေပါ။
✅ OTP၊ PIN နဲ့ Password အပါအဝင် ကိုယ့်ရဲ့ လုံခြုံရေးဆိုင်ရာ အချက်အလက်တွေကို ဘယ်သူ့ကိုမှ မျှဝေမပေးပါနဲ့။
✅ ဘဏ်ဝန်ထမ်းအယောင်ဆောင်ပြီး အကောင့်အချက်အလက်တွေ တောင်းခံလာပါက မပေးဘဲ ဘဏ်ရဲ့ တရားဝင်ဆက်သွယ်ရေးလမ်းကြောင်းကနေ ပြန်လည်အတည်ပြုပါ။

ပျော်ရွှင်စရာ သီတင်းကျွတ်အချိန်အခါလေးကို ဖြတ်သန်းရင်း ကိုယ့်ရဲ့ ငွေကြေးနဲ့ ကိုယ်ရေးအချက်အလက်တွေကိုလဲ သတိရှိရှိ ကာကွယ်ကြမယ်နော်။

သံသယဖြစ်ဖွယ် အခြေအနေတွေနဲ့ ကြုံတွေ့ရပါက Yoma Bank 24/7 Customer Care Center – 9662 (သို့မဟုတ်) 09796629662 ကို ချက်ချင်းဆက်သွယ်နိုင်ပါတယ်။ Scam Awareness နဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုလဲ ဒီလင့်ခ် https://ymbank.co/fb_scamawareness မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

#YomaBank #Thadingyut #ScamAwareness #StopScams #TogetherWithYomaBank