Flexi ငွေစုဘဏ်အပ်ငွေစာရင်း

Personal Banking > အပ်ငွေစာရင်းများ

Flexi ငွေစုဘဏ်အပ်ငွေစာရင်း

Personal Banking > အပ်ငွေစာရင်းများ

Flexi ငွေစုဘဏ်အပ်ငွေစာရင်း အကြောင်း

နှစ်စဉ် ၁၀% အတိုးနှုန်းဖြင့် မိမိစုဆောင်းငွေကို တိုးပွားစေလိုက်ပါ။

လုပ်ငန်းရှင်များ၊ မိသားစုများ၊ ကျောင်းသား/သူများနှင့် အငြိမ်းစားယူထားသူများအတွက် သင့်တော်ပါသည်။

Flexi ငွေစုဘဏ်အပ်ငွေစာရင်းကို ဘာကြောင့်အသုံးပြုသင့်သလဲ။

အကျိုးခံစားခွင့်များ

title-border

အတိုးပုံမှန်ရရှိခြင်း

နှစ်စဉ် ၁၀% အတိုးနှုန်းဖြင့် မိမိစုဆောင်းငွေကို ပုံမှန်တိုးပွားစေနိုင်ပါသည်။

ဘဏ်တိုးငွေကို လစဉ်ထုတ်ပေးခြင်း

တိုးပွားရရှိထားသော ဘဏ်တိုးငွေကို လစဉ်ထုတ်ယူနိုင်ပါသည်။

လွယ်ကူစွာ စီမံခန့်ခွဲနိုင်ခြင်း

ငွေစုဘဏ်စာအုပ်အသုံးပြုနိုင်သလို Yoma Bank Next Mobile Application မှတစ်ဆင့် မိမိအကောင့်ကို လွယ်ကူစွာစီမံခန့်ခွဲနိုင်ပါသည်။

ငွေထုတ်ယူမှု ကန့်သတ်ချက်မရှိခြင်း

နိုင်ငံတစ်ဝှမ်းရှိ ရိုးမဘဏ် ဘဏ်ခွဲများတွင် မိမိငွေကို အဆင်ပြေလွယ်ကူစွာ ထုတ်ယူနိုင်ပါသည်။

မှတ်ချက်

လစဉ်အတိုး တွက်ချက်နည်း
အတိုးကို လစဉ် ၅ ရက်နေ့မှ လကုန်ရက်အထိ ကာလအတွင်း မိမိအကောင့်အတွင်းရှိနေသော အနည်းဆုံးအပ်ငွေပမာဏအပေါ်တွင် တွက်ချက်ပါသည်။ လစဉ်တိုင်း ထိုကာလအတွင်း စုငွေများထည့်ထားခြင်းဖြင့်အမြင့်ဆုံးအတိုးရရှိစေမည်ဖြစ်ပါသည်။

အကောင့်ဖွင့်ရန် -

  • ကနဦးအပ်နှံငွေကို ၁၀၀၀၀ ကျပ် သတ်မှတ်ထားပါသည်။
  • အနည်းဆုံး လက်ကျန်ငွေ ၁၀၀၀ ကျပ် ထားရှိရပါမည်။
  • အနည်းဆုံးအသက် ၁၈ နှစ်ပြည့်ပြီးသူဖြစ်ရပါမည်။
  • မြန်မာနိုင်ငံသားဖြစ်ပါက မှတ်ပုံတင်မူရင်း တင်ပြရပါမည်။

 

အသုံးပြုနိုင်သော အကောင့်အမျိုးအစားများ

  • တစ်ဦးချင်းအကောင့်များ
  • သက်ငယ်စာရင်းအကောင့်များ (အသက် ၁၈ နှစ်မပြည့်သေးသူ)
  • ပူးတွဲအကောင့်များ

 

requirement

Interest Calculator

10 %

0 MMK
Monthly Interest
0 MMK
Total Interest

Total amount you will get (amount + total interest)
0 MMK

Flexi ငွေစုဘဏ်အပ်ငွေစာရင်းအတွက်

အသေးစိတ်အချက်အလက်နှင့် သတ်မှတ်ချက်များ

title-border

  • ဝန်ဆောင်ခ – ၁,၅၀၀ ကျပ်
    (ဘဏ်စာရင်းဖွင့်လှစ်ထားသော်လည်း လွန်ခဲ့သော (၁) နှစ်အတွင်း ဘဏ်ဝန်ဆောင်မှုတစ်ခုခု အသုံးပြုထားခြင်းမရှိသော အပ်ငွေစာရင်းများကိုသာ လစဉ်ကောက်ခံပါသည်။)

Flexi ငွေစုဘဏ်အပ်ငွေစာရင်း အကြောင်း

မေးလေ့ရှိသော မေးခွန်းများ

title-border

နီးစပ်ရာ ရိုးမဘဏ် ဘဏ်ခွဲသို့သွားရောက်ပြီး လူကြီးမင်း၏ စာအုပ်အသစ်ထုတ်ယူနိုင်ရန် အကူအညီ ရယူနိုင်ပါသည်။

လစဉ်ကြေး မရှိပါ။ သို့သော် ဘဏ်စာရင်းဖွင့်လှစ်ထားပြီး လွန်ခဲ့သော (၁) နှစ်အတွင်း ဘဏ်ဝန်ဆောင်မှုတစ်ခုခု အသုံးပြုထားခြင်းမရှိသော အပ်ငွေစာရင်းများကို ဝန်ဆောင်ခ (Inactive Account Fee) ကောက်ခံပါသည်။

နီးစပ်ရာ ရိုးမဘဏ် ဘဏ်ခွဲသို့ သွားရောက်ပြီး အကောင့်အဟောင်း၏အသေးစိတ်အချက်အလက်များကို ရယူနိုင်ပါသည်။

Flexi ငွေစုဘဏ်အပ်ငွေစာရင်းသည် ပုံမှန် ငွေစုဘဏ်အပ်ငွေစာရင်းထက် အဆင့်မြှင့်ထားသော အပ်ငွေစာရင်းဖြစ်ပြီး လက်လီနှင့်လုပ်ငန်းသုံး ဖောက်သည်များအတွက် အမြင့်ဆုံးအတိုးနှုန်းများပေးအပ်သည့် ဝန်ဆောင်မှုဖြစ်ပါသည်။

တခြား ဘဏ်ဝန်ဆောင်မှုအမျိုးအစားများ