
Yoma Bank _ BizSpace
(စီးပွားရေးလုပ်ငန်းသုံး
ဒီဂျစ်တယ်ဘဏ်ဝန်ဆောင်မှု)
BizSpace Portal သည် စီးပွားရေးလုပ်ငန်းရှင်များနှင့် အဖွဲ့အစည်းများအတွက် ရည်ရွယ်ထုတ်လုပ်ထားသော ရိုးမဘဏ်၏ ဒီဂျစ်တယ်ဘဏ်လုပ်ငန်းစနစ် ဖြစ်ပါသည်။ ဤဝန်ဆောင်မှုသည် လုပ်ငန်းများနှင့် အဖွဲ့အစည်းများ၏ လိုအပ်ချက်နှင့်ကိုက်ညီမည့် ငွေကြေးစီမံခန့်ခွဲမှုများကို အွန်လိုင်းမှတစ်ဆင့် အဆင်ပြေမြန်ဆန်စွာ ဆောင်ရွက်နိုင်ရန်နှင့် ဘဏ္ဍာရေးဆိုင်ရာ အကောင့်စီမံခန့်ခွဲမှုများကို လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ရန် ရည်ရွယ်ဖန်တီးထားခြင်း ဖြစ်ပါသည်။
Yoma Bank BizSpace Portal ကို ဘာကြောင့်ရွေးချယ်သင့်သလဲ။
ရရှိနိုင်သော ဝန်ဆောင်မှုများနှင့် အားသာချက်များ

ဘာသာစကား (၃) မျိုးဖြင့် အသုံးပြုနိုင်ခြင်း
အင်္ဂလိပ်၊ မြန်မာ၊ တရုတ် ဘာသာစကား (၃) မျိုးဖြင့် စိတ်ကြိုက် ရွေးချယ်အသုံးပြုနိုင်ပါသည်။
အခြားဘဏ်ပေါင်း (၅၀) ကျော်သို့ ငွေလွှဲပြောင်းနိုင်ခြင်း
ဘဏ်ခွဲသို့ သွားစရာမလိုဘဲ ရိုးမဘဏ် အကောင့်မှ အခြားဘဏ်ပေါင်း (၅၀) ကျော်သို့ BizSpace Portal အသုံးပြုပြီး အချိန်ကုန်သက်သာစွာ ငွေလွှဲပြောင်းနိုင်ပါသည်။
Account Statement ထုတ်ယူနိုင်ခြင်း
လစဉ် ဘဏ်စာရင်းရှင်းတမ်း (Account Statement) များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ယူနိုင်သည့်အပြင် ငွေလွှဲလက်ခံသူများ၏ အချက်အလက်များကိုလည်း သိမ်းဆည်းနိုင်ပါသည်။
Bulk Payment ဖြင့် ငွေလွှဲနိုင်ခြင်း
“Bulk Payment” ဝန်ဆောင်မှုဖြင့် တစ်ကြိမ်တည်းတွင် အကောင့်ပေါင်း ၁,၀၀၀ ကျော်သို့ အစုလိုက် ငွေလွှဲပြောင်းမှုကို ပြုလုပ်နိုင်ပါသည်။
လုပ်ငန်းပရိုဖိုင် ပြောင်းလဲအသုံးပြုနိုင်ခြင်း
တစ်ခုထက်ပိုသော စီးပွားရေးလုပ်ငန်းများအတွက် လွယ်ကူစွာ နောက်လုပ်ငန်း ပရိုဖိုင်ပြောင်းလဲ၍ Company Switch ပြုလုပ်ပြီး လျင်မြန်စွာ စီမံခန့်ခွဲ အသုံးပြုနိုင်ပါသည်။
Portal (၃) ခုကို တစ်ပြိုင်တည်း အသုံးပြုနိုင်ခြင်း
Login တစ်ကြိမ် ဝင်ရောက်ရုံဖြင့် BizSpace Portal၊ Supply Chain Financing Portal နှင့် Customer Self-Service Payroll Portal တို့ကို တစ်ပြိုင်တည်း အဆင်ပြေချောမွေ့စွာ ချိတ်ဆက်အသုံးပြုနိုင်ပါသည်။
ငွေလွှဲပြောင်းမှု အချက်အလက်များကို ကြည့်ရှုစစ်ဆေးနိုင်ခြင်း
ငွေလွှဲပြောင်းမှု အချက်အလက်အသေးစိတ်ကို ကြည့်ရှုနိုင်သည့်အပြင် မိမိလိုအပ်သလို စစ်ထုတ် (Filter) ၍ ဒေါင်းလုတ်ရယူနိုင်ပါသည်။
“Schedule Payment” ဖြင့် ကြိုတင်ငွေလွှဲနိုင်ခြင်း
မိမိကိုယ်ပိုင်အကောင့်အချင်းချင်း (သို့မဟုတ်) အခြားရိုးမဘဏ်အကောင့်များသို့ သတ်မှတ်ရက်စွဲဖြင့် “Schedule Payment” အသုံးပြုကာ ကြိုတင်ငွေလွှဲပြောင်းနိုင်ပါသည်။
Maker-Checker အတည်ပြုချက်ဖြင့် ငွေလွှဲနိုင်ခြင်း
လုပ်ဆောင်သူ (Maker) နှင့် စိစစ်သူ (Checker) စနစ်ဖြင့် လုံခြုံစိတ်ချရသော ခွင့်ပြုချက်အဆင့်ဆင့်နှင့် အတည်ပြုချက်ရယူကာ ငွေကြေးဆိုင်ရာ လုပ်ငန်းဆောင်တာများကို စနစ်တကျ ဆောင်ရွက်နိုင်ပါသည်။
ချေးငွေနှင့် စာရင်းသေအပ်ငွေ စီမံခန့်ခွဲနိုင်ခြင်
ရယူထားသော ချေးငွေအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ကြည့်ရှုနိုင်သည့်အပြင် စာရင်းသေအပ်ငွေ (Fixed Deposit) စာရင်းများကိုလည်း တစ်ခါတည်း တိုက်ရိုက် ဖွင့်နိုင်ပါသည်။
ဘေလ်ပေးဆောင်ခြင်းနှင့် ဖုန်းငွေဖြည့်ခြင်း
ပေးဆောင်စရာရှိတဲ့ အိမ်သုံး၊ ရုံးသုံး ဘေလ်များနှင့် အခြားဝန်ဆောင်မှု ပေးချေခြင်းများကို BizSpace Portal မှတစ်ဆင့် အချိန်မရွေး အဆင်ပြေချောမွေ့စွာ ငွေပေးဆောင်နိုင်ပါသည်။
ဘဏ်ခွဲနှင့် ATM တည်နေရာများ ရှာဖွေနိုင်ခြင်း
ရိုးမဘဏ် ဘဏ်ခွဲများ နှင့် ATM များ၏ တည်နေရာကို မြေပုံနှင့်တကွ လွယ်ကူလျင်မြန်စွာ ရှာဖွေကြည့်ရှုနိုင်ပါသည်။
BizSpace ဒီဂျစ်တယ်ဘဏ်ဝန်ဆောင်မှု လျှောက်ထားရန်
စီးပွားရေးလုပ်ငန်းသုံး BizSpace Portal ဒီဂျစ်တယ်ဘဏ်ဝန်ဆောင်မှုအား အသုံးပြုရန်
နီးစပ်ရာ ဘဏ်ခွဲများမှတဆင့် (သို့မဟုတ်) online မှတစ်ဆင့် အလွယ်တကူ လျှောက်ထားနိုင်ပါသည်။
(၁) အောက်ပါ လျှောက်လွှာဖောင်များတွင် အချက်အလက်များကို ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်ပါ။
(၂) ဖြည့်စွက်ပြီးသော ဖောင်များနှင့် လိုအပ်သည့် စာရွက်စာတမ်းများကို ပူးတွဲ၍_
- [email protected] သို့ အွန်လိုင်းမှတစ်ဆင့် ပေးပို့ကာလျှောက်ထားနိုင်ခြင်း (သို့)
- မိမိနှင့် နီးစပ်ရာဘဏ်ခွဲသို့ သွားရောက်ကာပေးပို့လျှောက်ထားနိုင်ခြင်း တို့ဖြစ်ပါသည်။

Yoma Bank _ BizSpace Portal (စီးပွားရေးလုပ်ငန်းသုံး ဒီဂျစ်တယ်ဘဏ်ဝန်ဆောင်မှု)
မေးလေ့မေးထရှိသော မေးခွန်းများ

မိမိအသုံးပြုနေသည့် Browser တွင် အောက်ပါ Link များမှတစ်ဆင့် BizSpace Portal သို့ ဝင်ရောက်ပြီး မိမိ၏ Username နှင့် Password ရိုက်နှိပ်၍ စတင် ဝင်ရောက်ကာ အသုံးပြုနိုင်ပါသည်။
BizSpace Portal တွင် Login ဝင်ရန် Password မေ့သွားပါက Login ဝင်သည့် စာမျက်နှာရှိ “Forgot Password” ကို နှိပ်ပြီး လိုအပ်သော အချက်အလက်များ ဖြည့်စွက်ကာ Password အသစ် ပြန်လည်သတ်မှတ် (Reset) နိုင်ပါသည်။
အသေးစိတ် လုပ်ဆောင်ပုံကို User Manual တွင် ကြည့်ရှုလိုပါက [ဤနေရာ] ကိုနှိပ်ပါ။
ဘဏ်စာရင်းရှင်းတန်းကို လစဥ် ဒေါင်းလုတ် ပြုလုပ်နိုင်ပါသည်။ ပင်မစာမျက်နှာ (Homepage) ရှိ Accounts ကဏ္ဍ၏ Account Summary အောက်တွင်ရှိသော “Download Account Statement” မှတစ်ဆင့် မိမိ ဒေါင်းလုတ်ပြုလုပ်လိုသည့် ဘဏ်စာရင်းတစ်ခုချင်းစီကို လအလိုက် ရွေးချယ်၍ လစဉ် စာရင်းရှင်းတမ်းများ ထုတ်ယူနိုင်ပါသည်။
အခြား ဘဏ်ဝန်ဆောင်မှု အမျိုးအစားများ

Yoma Bank Next Mobile Application

MMQR



BizSpace Portal
Payroll Portal
Supply Chain Financing










