အစဉ်အမြဲ အတူယှဉ်တွဲ
ပေါင်းစည်းမှု၏ အားသာချက်များ
လွယ်ကူမြန်ဆန်မှု
Flexi Everyday စာရင်းရှင်စာရင်း အကောင့်နှင့် Wave အကောင့်ကို အလွယ်တကူချိတ်ဆက်ပြီး နေရာမရွေး၊ အချိန်မရွေး ငွေကြေးများကို စိတ်ကြိုက်စီမံခန့်ခွဲနိုင်ခြင်း။
လုံခြုံစိတ်ချရမှု
Mobile Wallet နှင့် Banking Application များ၏ အဆင့်မြင့်လုံခြုံရေးစနစ်ကြောင့် ငွေကြေးဝန်ဆောင်မှုတိုင်းအတွက် စိတ်ချယုံကြည်နိုင်မှုအပြည့်အဝကို မြင့်မားစွာ ရရှိနိုင်ခြင်း။
ကွန်ရက်ကျယ်ပြန့်မှု
မြန်မာနိုင်ငံတစ်ဝန်းရှိ ရိုးမဘဏ် ဘဏ်ခွဲများ၊ ATM များနှင့် Wave Agent ကွန်ရက်များမှတစ်ဆင့် ငွေလွှဲ၊ ငွေထုတ်ဝန်ဆောင်မှုအားလုံးကို လူတိုင်းလက်လှမ်းမီအောင် ဖြည့်ဆည်းပေးလျက်ရှိခြင်း။
ယုံကြည်ရသော ငွေကြေးမိတ်ဆွေ
သန်းပေါင်းများစွာသော အသုံးပြုသူ Customer များ၏ နေ့စဉ်ငွေကြေးစီးဆင်းမှုကို အနီးကပ်ဆုံး အားဖြည့်ကူညီပေးခြင်း။
Flexi Everyday - Wave ချိတ်ဆက်ခြင်း
Flexi Everyday စာရင်းရှင်စာရင်း အကောင့်နှင့် Wave အကောင့်ကို လွယ်ကူစွာ ချိတ်ဆက်ပြီး Yoma Bank Next Mobile Application နှင့် Wave တို့၏ ဝန်ဆောင်မှုအားလုံးကို သင့်ဖုန်းကနေ တစ်နေရာတည်း ရယူနိုင်မည်ဖြစ်ပါသည်။
ချိတ်ဆက်မှု၏ အကျိုးကျေးဇူးများ
- မိမိငွေကြေးကို (၂၄) နာရီ ပိတ်ရက်မရှိ ခြုံစိတ်ချစွာ အချိန်နှင့်တစ်ပြေးညီ စီမံခန့်ခွဲနိုင်ခြင်း
- ရိုးမဘဏ် ဘဏ်ခွဲသို့ သွားစရာမလိုဘဲ မိမိကိုယ်တိုင် လွယ်ကူမြန်ဆန်စွာ ချိတ်ဆက်နိုင်ခြင်း
- Wave အကောင့်မှ Flexi Everyday အကောင့်သို့ အွန်လိုင်းမှတစ်ဆင့် အပြန်အလှန်ငွေထည့်သွင်းနိုင်ခြင်း
- Wave နှင့် Yoma Bank Next Mobile Application နှစ်ခုလုံး၏ ပရိုမိုးရှင်းများနှင့် အထူးအခွင့်အရေးများ ရရှိနိုင်ခြင်း
MyanmarPay MMQR
MyanmarPay MMQR သည် မြန်မာနိုင်ငံအတွင်း QR ကို အခြေခံကာ ဘဏ်များ၊ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများရဲ့ မတူညီသော Mobile Wallets များအကြား အပြန်အလှန်ချိတ်ဆက်၍ ငွေပေးချေနိုင်သော Digital Payment Switch စနစ်တစ်ခုဖြစ်ပါသည်။
ရိုးမဘဏ် နှင့် Wave Money တို့သည် MMQR စနစ်ကို အပြည့်အဝ ပံ့ပိုးပေးထားပြီး အသုံးပြုသူများနှင့် စီးပွားရေးလုပ်ငန်းများအတွက် ဖော်ပြပါ အကျိုးကျေးဇူးများကို ဖော်ဆောင်ပေးလျက်ရှိပါသည်။
ငွေပေးချေသူများအတွက် (For Customer): MMQR သည် ဒီဂျစ်တယ်ငွေပေးချေမှုပလက်ဖောင်းမှတဆင့် နိုင်ငံအနှံ့ကို ဖြန့်ကျက်ပြီး ငွေပေးချေမှုအမျိုးမျိုးနှင့် ငွေလွှဲပြောင်းမှုများကို အဆင်ပြေချောမွေ့ထိရောက်စွာ ပြုလုပ်နိုင်ခြင်း
လုပ်ငန်းရှင်များအတွက် (For Merchant): အသုံးပြုနေသော Business Bank Account (သို့) Digital Payment Wallet တစ်ခုဖြင့် MMQR ကို မြန်မာနိုင်ငံအတွင်းရှိ လူတိုင်းနှင့် စီးပွားရေးလုပ်ငန်းတိုင်းအတွက် လွယ်ကူစွာ အသုံးပြုနိုင်ခြင်း
ဝန်ဆောင်မှုများသင့်အတွက် လုံခြုံစိတ်ချရပြီး အဆင်ပြေလွယ်ကူစေသော ငွေကြေးဝန်ဆောင်မှုများ

Wave Care Center
Wave ၀န်ဆောင်မှုများအားလုံးအတွက် ကိုယ်တိုင်လာရောက် ဆောင်ရွက်နိုင်သည့် Wave Care Center များတွင် သင့်လိုအပ်ချက်များအတွက် တိုက်ရိုက် ကူညီပေးသွားမှာပါ။ နေ့စဉ်ဖွင့်လှစ်ပြီး ဝန်ဆောင်မှုများပေးလျက်ရှိပါတယ်။
Read More
BizSpace Portal
Payroll Portal
Supply Chain Financing





