Flexi Everyday - WavePay ချိတ်ဆက်ခြင်း

Personal Banking > Other Services

Flexi Everyday - WavePay ချိတ်ဆက်ခြင်း

Personal Banking > Other Services

Flexi Everyday - WavePay ချိတ်ဆက်ခြင်း

Flexi Everyday စာရင်းရှင်စာရင်း အကောင့်နှင့် WavePay အကောင့်ကို လွယ်ကူစွာ ချိတ်ဆက်ပြီး WavePay နှင့် Yoma Bank Next Mobile Application တို့၏ ဝန်ဆောင်မှုအားလုံးကို သင့်ဖုန်းကနေ တစ်နေရာတည်း ရယူနိုင်မည်ဖြစ်ပါသည်။

ဘာကြောင့် WavePay နဲ့ ချိတ်ဆက်သင့်သလဲ?

အားသာချက်များ

title-border

ဘဏ်ခွဲသို့ သွားစရာမလိုဘဲ မိမိကိုယ်တိုင် လွယ်ကူစွာ ချိတ်ဆက်နိုင်ခြင်း

WavePay အကောင့်မှ Flexi Everyday
အကောင့်သို့ အလွယ်တကူ ငွေထည့်နိုင်ခြင်း

WavePay နှင့် Yoma Bank Next Mobile Application နှစ်ခုလုံး၏ လုပ်ဆောင်ချက်များကို အသုံးပြုနိုင်ခြင်း

WavePay အကောင့်နှင့် ချိတ်ဆက်ရန်
လိုအပ်ချက်များ

  • အသက် (၁၈) နှစ်ပြည့်ပြီးသူဖြစ်ရပါမည်။
  • နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်မူရင်း) တင်ပြရပါမည်။
  • WavePay အကောင့်သည် Level 2 အဆင့်ရှိရပါမည်။
  • WavePay အကောင့်ကို Level 2 သို့ မြှင့်တင်ရာတွင် အသုံးပြုထားသော နိုင်ငံသားမှတ်ပုံတင်နှင့် Flexi Everyday အကောင့်ဖွင့်ရန်အသုံးပြုထားသော နိုင်ငံသားမှတ်ပုံတင်သည် တူညီရပါမည်။
requirement

Flexi Everyday အကောင့်နှင့် WavePay အကောင့်ချိတ်ဆက်ရန်အတွက်

အသေးစိတ်အချက်အလက်များ

title-border

ရိုးမဘဏ်၏ Flexi အကောင့်အသုံးပြုသူများသည် Yoma Bank Next Mobile Application အသုံးပြုပြီး
သတ်မှတ်ထားသော Wave အေးဂျင့်ဆိုင်များတွင် ထုတ်ငွေပမာဏ၏ ၁% နှုန်းကို ဝန်ဆောင်ခ ပေး၍ လွယ်ကူစွာ ငွေထုတ်ယူနိုင်ပါသည်။

၁။ WavePay application ကို ဖွင့်ပြီး “Cash In/Out” ကို နှိပ်ပါ။”

၂။ “Add More Banks” ကို နှိပ်ပါ။

၃။ “Yoma Bank” ကို ရွေးချယ်ပါ။

၄။ “Type of Account” အောက်တွင် “Flexi Everyday Account” ကို ရွေးချယ်ပြီး အကောင့်နံပါတ်ကို ထည့်ပါ၊ ထို့နောက် “Continue” ကို နှိပ်ပါ။

၅။ အချက်အလက်ပြန်လည်စစ်ဆေးရန် စာမျက်နှာတစ်ခု ပေါ်လာပါမည်။ ဖြည့်သွင်းထားသော အချက်အလက်များကို ပြန်လည်စစ်ဆေးပြီး မှန်ကန်ပါက “Continue” ကို နှိပ်ပါ။

၆။ WavePay အကောင့်၏ PIN နံပါတ် ၄ လုံးကို ထည့်ပါ။

၇။ ရိုးမဘဏ် Flexi Everyday အကောင့်နှင့် ချိတ်ဆက်ထားသော မိုဘိုင်းဖုန်းနံပါတ်သို့ OTP နံပါတ် ၆ လုံးပါရှိသော SMS တစ်ခု ရောက်ရှိလာပါမည်။ ထို OTP ကို ထည့်ပါ။

၈။ WavePay အကောင့်နှင့် ရိုးမဘဏ် Flexi Everyday အကောင့်များ ချိတ်ဆက်မှု အောင်မြင်ပါပြီ။

မှတ်ချက်

မိမိ၏ WavePay အကောင့်ကို Level 2 သို့ မြှင့်တင်ရာတွင် မတူညီသော မှတ်ပုံတင်အထောက်အထားကတ် အသုံးပြုခဲ့ပါက နီးစပ်ရာ ရိုးမဘဏ် ဘဏ်ခွဲသို့သွားရောက်ပြီး
အကောင့်ချိတ်ဆက်ခြင်း ပြုလုပ်နိုင်ပါသည်။

အခြား ဘဏ်ဝန်ဆောင်မှု အမျိုးအစားများ